“ ဘီလူးအကြောင်းသိကောင်းစရာ ”
မြန်မာဘာသာဖြင့် ဘီလူး ဟုခေါ်ဆိုသောစကားသည် ပါဠိဘာသာ ဘိရု မှဆင်းသက်လာခြင်းဖြစ်သည်။ ၎င်းကို ပေါရာဏ ကထာ တွင်အသေးစိတ်ရှင်းပြထားသည်။ ဘီလူး၏အခြားသော အမည်များကို ပါဠိတွင်ရော ၊ မြန်မာ၌ပါ ရှိပါသေးသည်။ ကောက်နုတ်ဖော်ပြရသော် ယက္ခ ၊ ရုက္ခသ ၊ ရက္ခိုသ် ၊ ဒါနဝ၊ ပေတ၊ ပိသာစ ၊ အမနုဿ ၊ ဥပါ စသည်ဖြင့် အမျိုးမျိုး ခေါ်ကြပါသည်။
ဘီလူးအမျိုးစား
ဘီလူးအမျိုးအစား(၂)မျိုးသာရှိသည်-
(၁) ကုန်းဘီလူး
(၂) ရေဘီလူး
ကုန်းဘီလူးဆိုသည်မှာ တော၊တောင်၊သစ်ပင်၊အဆောက်အုံ ၊ မြေကွင်းပြင်၌ နေထိုင်ကျတ်စားသောဘီလူးမျိုးဖြစ်သည်။ တစ်ဖန် သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်စသည်၌ ကျင်လည်ကျတ်စားသော ဘီလူးသည် ရေဘီလူးအမျိုးစားဖြစ်သည်။
အချို့ ဘီလူးများက နတ်မင်း ၊ ဘုရင်တို့ထံမှ နေရာ ဒေသ ပိုင်းခြားပြီး အပိုင်စားရကာ ၎င်း၏ပိုင်နက်အတွင်း၌ မှီတင်းနေထိုင်သော သို့မဟုတ် ဖြတ်သန်းသွားလာသော သတ္တဝါတို့၏ အပြုအမူအားဖြင့်သော်၎င်း၊ တစ်စုံတစ်ရာ ပြစ်မှားကျူးလွန်မိသည်များရှိသော် ၎င်းတို့ကိုသတ်စားခွင့်ရှိကြသည်။
အချို့မှာ တမူထူးခြားလျှက် နတ်သုဒ္ဓါ (သို့) လူများက ပူဇော်ပသတာသော အစားအစာများကို စားခွင့်ရကြသည်။<ဆက်ရန်>
အချို့ လက်နက်ကိုင် ၊ အချို့ မကိုင် ။ အချို့ တန်ခိုးကြီး၊ အချို့ မကြီး ။
ဘုံအရ ခွဲလျှင်လည်း (၂)မျိုးရှိသည်ဆို၏။
နတ်ပြည်၌ ဖြစ်သောဘီလူးများ
လု့ပြည်၌ ဖြစ်သော ဘီလူးများ
နတ်ပြည်၌ ဖြစ်သောဘီလူးများမှာ ဝိရူဠက နတ်မင်းကြီး၏အခြံအရံ အလုပ်အကျွေး ကုမ္ဘဏ်များ၊ ကုဝေရ နတ်မင်းကြီး၏ အခြံအရံ အလုပ်အကျွေး ဣန္ဒာသောမ စသော ဘီလူးစစ်သည်များ ၊ တလောလော ၊ တတ္ထ လောလော စသော အစောင့်အရှောက် ကိုယ်ရံတော်ဘီလူးများနှင့် သာမာန်ဘီလူးများဖြစ်ကြသည်။
လု့ပြည်၌ဖြစ်သော ဘီလူးများမှာ ရက္ခိုသ် ၊ တစ္ဆေ ၊ ပြိတ္တာ ၊ ဖုတ် ၊ ဒါနော စသည်တို့ဖြစ်၏။
ရာဇဝင်ကျမ်းများ ဗုဒ္ခကျမ်းများမှာ ထင်ရှားသော ဘီလူးများကို ကြားဖူးကြပေလိမ့်မည်။
ဘုရားရှင်လက်ဖက်မှာ အာဠာဝက ဘီလူး။ အာဠဝီပြည် နားက တောထဲမှာ ညောင်ပင် တစ်ပင်ကို အပိုင်စားရပြီး နေတယ်။ ဒီညောင်ပင်အောင်ရောက်လာသူကို စားခွင့် စတုမဟာရာဇ်နတ်မင်းတွေက ပေးထားတယ်။ သူလဲ ဒီလိုပဲ စောင့်ဖမ်းပြီး စားနေတယ်။
တစ်နေ့တော့ ဗုဒ္ဓရောက်လာပြီး သူ နောက်ဆုံးမှာ သောတာပန် တည်တယ်။
ပဉ္စဝုဓဇာတ် ငယ်ငယ်က သင်ဖူးကြတယ်။ ကပ်စေးနှဲ ဘီလူး ခေါ်မယ်ထင်တယ် သူ့ကို ထိတာနဲ့ ကပ်သွားတယ်။ ဒါကို မင်းသားက ဇွဲနဲ့ မကြောက်ဘဲ ခံချတယ်။
မဟာသီလဝဇာတ် ကျတော့ သုသာန်မှာ လူသေကောင်ကို လုနေကြတဲ့ ဘီလူးနှစ်ကောင်ကို မဟာသီလဝ မင်းကြီးက မျှတစွာ ခွဲဝေပေးတဲ့ အကြောင်း ။
ကာကဝလိယ ဇာတ် က ဒီဃတာလ ဘီလူးကျတော့ ရာဇဂြိုဟ်ပြည် မြို့တံခါးမှာ စောင့် နေပြီးတော့ နေဝင်ကနေ အာရုံတက် အထိ နောက်ကျပြီး ရောက်လာသူ ၊ ဝင်သူတွေကို စားခွင့် ဘုရင်ဆီက ရထားတယ်။
နောက်ထင်ရှားတာ ခုဒ္ဒကနိကာယ်၊ ခုဒ္ဒကပါဌပါဠိတော် နှင့် သုတ္တ နိပါတ်ပါဠိတော် မှ
ရတနသုတ် ။ ဝေသာလီပြည်မှယ အငတ်ဘေး ၊ ဘီလူးဘေး၊ အနာရောဂါဘေးတွေ ကျရောက် ပြီး လူတွေ သေကြလို့ ဘုရားရှင်နဲ့ ရဟန်း ၅၀ဝ ကြွရောက်ပြီး အရှင်အာနန္ဒာကို ရတနာ့သုတ်ရွတ်စေ ပြီး ကယ်တင်ခဲ့တယ်။
လူနဲ့ ဘီလူးစပ်ပြီး ကပြားမွေးတာတွေလဲ ရှိသေးတယ်။
ပဒကုသလ မာဏဝ ဇာတ် မှာ ဘီလူးမက လှိဏ်ဂူမှာနေပြီး သူအပိုင်စားရတဲ့ တောထဲရောက်လာသူတွေကို ဖမ်းစားတယ်။ တစ်နေ့တော့ ချောမောတဲ့ ပုဏ္ဏားကိုဖမ်းမိပြီး မစားဘဲ ပေါင်းသင်းနေလိုက်တယ် ။ ကောင်းစွာရှာဖွေကျွေးမွေးတယ်။ နောက်တော့ သားလေးမွေးလာတယ်။ သားအဖနှစ်ယောက်ထွက်ပြေးကြတော့ ဘီလူးမကြီး ရင်ကွဲနာကျသေရရှာတယ်။ လူ့ပြည်မှာ သားအစဉ်ပြေဖို့ ဂါထာတစ်ခု သင်ပေးလိုက်တယ် ။ ထိုဂါထာမှာ စိန္တာမဏိဂါထာတော် ဖြစ်သည်။ ပစ္စည်းပျောက်ရှာရာတွင် အလွန်အစွမ်းထက်၏။
မဟာရာဇဝင်ကြီး ၊ ပထမတွဲ မှာ ယာခင်းစောင့်နေတဲ့ အခိုင်းအစေ အမျိုးသမီးလေးနဲ့ ဘုမ္မစိုး ဘီလူး ပေါင်းသင်းပြီးတော့ သားတစ်ယောက်မွေးလာတယ်။ ပုဂံမင်း (၂၆)ဆက်မြောက် မြင်းကျွေးမင်း ဖြစ်တယ် လို့ ဆိုပါတယ် ။
နောက်ပုဂံဇာတ်လမ်းပါပဲ ။ အများသိပြီးသား ပန်းတော်ဆက်ဗျတ္တ နဲ့ ပုပ္ပားက ဘီလူး ပေါင်းစပ်ပြီး ရွှေဖျဉ်းကြီး ၊ ရွှေဖျဉ်းငယ် ကုလား-ဘီလူး ကပြားညီနောင်မွေးလာတယ် လို့ ဆိုပါတယ်။
ပါရာဇိကဏ် အဋ္ဌကထာမှာလဲ သုဝဏ္ဏဘုမ္မိ ၊သထုံပြည် မှာ ရေဘီလူးတွေက သီရိမာသောကမင်း ရဲ့ မွေးဖွါးခါစ ကလေးတိုင်းကို လာစားလို့ တတိယသံဂါသန တင်အပြီးရောက်လာတဲ့ သောဏထေရ် နဲ့ ၊ ဥတ္တရထေရ်တို့က မနုသီဟရုပ်တွေ ဖန်ဆင်းပြီး ဘီလူးတွေကို လိုက်ကြတယ် ။ လူတွေကို ကာကွယ်ပေးတယ် ဆိုပါတယ်။ ပြီးမှ ကျန်တဲ့ ဘီလူးတွေကို ဗြဟ္မဇာလသုတ်တော် ဟောပြီး အကျွတ်တရားရစေတယ်။ အဲဒီနေ့က မွေးတဲ့ ကလေးကိုလဲ သောနုတ္တရ မင်းသားလို့ ခေါ်တယ်။
ဒါကတော့ ဘီလူးရှင်းတမ်း ပထမပိုင်းဖြစ်မယ်။
ထူးခြားသော လက္ခဏာ
လူယောင် ဆောင်ထားလျှင် -
မျက်စိနီခြင်း
မျက်တောင်မခတ်ခြင်း
အရိပ်မထွက်ခြင်း
အကြောက်အရွံ့ မရှိခြင်း
ရက်စက်ကြမ်းကြုတ်ခြင်း တို့ ရှိနေကြတယ်။
လူကို ဘီလူးဝင်စီးထားလျှင်လဲ ဒီလို ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
သူ့ရဲ့ လုပ်ငန်းသဘောသဘာဝမှာ အစောင့်အရှောက် အလုပ်ကို များစွာ တာဝန် ပေးခံရတဲ့ အတွက် နတ်မင်းကြီးများရဲ ့ အခြံအရံ အလုပ်အကျွေးတွေ ဖြစ်ကြတဲ့ ဘီလူးစစ်သည်များကို ရည်စူးပြီး ဘုရားစေတီ၊သိမ်ကျောင်း၊တန်ဆောင်း ၊ရေကန်တွေမှာ ဘီလူးရုပ်ထုလုပ်ထားတတ်ကြောင်း အစဉ်အလာ တစ်ခုအဖြစ်သိရပါတယ်။
မြန်မာမှာတော့ ဘီလူးကျွန်းရဲ့ သမိုင်းနဲ့ မွန်ခမာ-နီဂရစ်တို စစ်များ အပြီး နယ်မြေ သိမ်းပိုက်ခြင်းများ ၊ ရေဘီလူးများ သောဏထေရ်တို့ ရောက်လာပြီး နောက်ပိုင်း နယ်မြေပြောင်းရွှေ့ကြပုံတွေကို မွန်ရာဇဝင်ကျမ်းများ ၊ ဓမ္မစေတီမင်း၏ ကျောက်စာများမှာ ဖတ်ကြည့်နိုင်ပါတယ် ။ ဘီလူးကျွန်းဟာ သထုံဒေသကို အုပ်စိုးခဲ့ကြတဲ့ ဘီလူးများ (နီဂရစ်တို ဟူသော မျိုးနွယ်စုများ) စတင်နေထိုင်ခဲ့ကြကြောင်း တိကျသော သမိုင်း အထောက်အထားများအရ သိရှိရပါတယ်။ နောက်ပိုင်း ဘီလူးများ အကျွတ်တရားရပြီး ဗုဒ္ဓဘာသာကို ယုံကြည်သက်ဝင်လာခြင်း ၊ ဗုဒ္ဓဘာသာဆိုင်ရာ သာသနိက အဆောက်အဦးများကို စောင့်ရှောက်ခြင်း များရှိခဲ့တာကြောင့်လဲ ဘုရားစေတီ၊သိမ်ကျောင်း၊တန်ဆောင်း ၊ရေကန်တွေမှာ ဘီလူးရုပ်ထုလုပ်ထားတတ်ကြောင်း မွန်ရာဇဝင်များမှ သိနိုင်ပါတယ်။
ဘီလူးများကိုယ်တိုင်တည်ခဲ့သော ဘီလင်းမြို့နယ် ၊ ဇုတ်သုတ်ရွာ ၊ ထီးဆောင်းဘုရား ကိုလဲ ဖူးတွေ့နေကြရသောကြောင့် ဖြစ်ပါတယ်။
ဘီလူးအမည်မှာ မြန်မာဘာသာဖြစ်သည်။ တစ်နည်း ပါမ္ဗိဘာသာ ဘိရုမှ ဘီလူးဖြစ်လာ၏။ ဖြစ်လာပုံကား ဘိ၌ ကို ဤပြောင်းလဲ၍ ရု၌ ရကိုလ၊ ဥကို ဦပြောင်းလဲ၍ ဝစ္စနှစ်လုံးထည့်ကာ ဘီလူးဖြစ်လာ၏ဟု ပေါရာဏကထာန္ထီကာတွင် အဆိုရှိသည်။ ယင်းဘီလူးကား အဆင်းသဏ္ဌာန် ဆိုးဝါး၍ ရက်စက်ကြမ်းကြုတ်သဖြင့် သတ္တဝါတို့ကို ညှဉ်းဆဲသတ်ဖြတ်ကာ အသားအသွေးကို စားသောက်တတ်သော နတ်၊ ဘုတ်၊ မြေဘုတ်၊ ပြိတ္တာ၊ တစ္ဆေများဖြစ်သည်။
ဘီလူးကို ပါမ္ဗိဘာသာအားဖြင့် ယက္ခဟူ၍လည်းကောင်း၊ ရဆသဟူ၍လည်းကောင်း၊ ကုမ္ဘဏ္ဍဟူ၍လည်းကောင်း၊ ဒေဝဟူ၍လည်းကောင်း၊ ဘူတဟူ၍ လည်းကောင်း၊ ဒါနဝဟူ၍လည်းကောင်း၊ ပေတဟူ၍လည်းကောင်း၊ ပိသာစဟူ၍လည်းကောင်း၊ အမနုဿဟူ၍လည်းကောင်း အမည်အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။ မြန်မာဘာသာအားဖြင့်ကား ဘီးလူးဟူ၍လည်းကောင်း၊ ရက္ခိုသ်ဟူ၍လည်းကောင်း၊ ကုမ္ဘဏ်ဟူ၍လည်းကောင်း၊ နတ်ဟူ၍လည်းကောင်း၊ ဘုတ်ဟူ၍ လည်းကောင်း၊ မြေဘုတ်ဟူ၍လည်းကောင်း၊ ဒေါနောဟူ၍လည်းကောင်း၊ ပြိတ္တာ ဟူ၍လည်းကောင်း၊ တစ္ဆေဟူ၍လည်းကောင်း၊ ဥပါဟူ၍လည်းကောင်း အမည်အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲလေ့ရှိသည်။
မည်မျှပင် အမည်အမျိုးမျိုး ခေါ်ဝေါ်သုံးစွဲသော်လည်း အကျဉ်းချုပ်လျှင်
ကြည်းကုန်း၌နေသော ကုန်းဘီလူး
ရေ၌နေသော ရေဘီလူးအားဖြင့် နှစ်မျိုးသာဖြစ်သည်။
ကုန်းဘီလူးတို့သည် တော၊ တောင်၊ သစ်ပင်၊ အဆောက်အအုံ၊ မြေပြင်၌ နေကြသည်။ ရေဘီလူးတို့သည် သမုဒ္ဒရာ၊ မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ရေကန်၌ နေကြသည်။
အချို့ဘီလူးတို့သည် နတ်မင်းကြီးတို့ထံမှ၎င်း၊ ဘုရင်မင်းမြတ်တို့ထံမှလည်းကောင်း၊ နေရာ အရပ်ကို ပိုင်းခြားသတ်မှတ်၍လည်းကောင်း၊ အချိန်အခါကို ပိုင်းခြားသတ်မှတ်၍လည်းကောင်း၊ တရားသဘောကို ပိုင်းခြားသတ်မှတ်၍လည်းကောင်း၊ အမူအရာကို ပိုင်ခြားသတ်မှတ်၍လည်းကောင်း သတ္တဝါတို့ကို စားသောက်ရန် အပိုင်စားရကြသည်။ အချို့ဘီလူးတို့သည် အပိုင်စားမရကြကုန်။ သင့်သလို ရှာဖွေစားသောက်ကြ သည်။ အချို့ဘီလူးတို့သည် သတ္တဝါတို့ကို မစားသောက်ကြဘဲ နတ်၌ဖြစ်သောအစာ၊ သို့မဟုတ် လူတို့ကို မစား သောက်ကြဘဲ နတ်၌ ဖြစ်သောအစာ၊ သို့မဟုတ်လူတို့ပူဇော်ပသသော အစာကို စားသောက်ကြသည်။
အချို့ဘီလူးတို့သည် တန်ခိုးအဉာနုဘော် ကြီးမားကြသည်။ အချို့ဘီလူးတို့သည် တန်ခိုးအဉာနုဘော် သေးနုပ်ကြသည်။ အချို့ဘီလူးတို့သည် လက်နက်အမျိုးမျိုးကို ကိုင်ဆောင်ကြ သည်။ အချို့ဘီလူးတို့သည် လက်နက်ကိုင်ဆောင်ခြင်း မရှိကြ ကုန်။ နတ်ဘီလူးတို့သည် မိမိတို့ကိုယ်ကို လူတို့မမြင်အောင် ကွယ်ဖျောက်နိုင်ကြသည်။ မြင်အောင်လည်း ပြနိုင်ကြသည်။ သတ္တဝါအမျိုးမျိုး၊ ရုပ်အဆင်းသဏ္ဌ ာန် အမျိုးမျိုး ဖြစ်လာ အောင် ဖန်ဆင်းပြောင်းလဲနိုင်ကြသည်။
တစ်နည်းအားဖြင့် ဘီလူတို့ကိုခြုံ၍ ရေတွက်လျှင် (၁) နတ်ပြည်၌ ဖြစ်သော ဘီလူးများ (၂) လူ့ပြည်၌ ဖြစ်သော ဘီလူးများဟူ၍ နှစ်မျိုးဖြစ်သည်။ နတ်ပြည်၌ ဖြစ်သော ဘီလူးများမှာ ဝိရုကနတ်မင်းကြီးနှင့်တကွ အခြွေအရံ အလုပ် အကျွေးဖြစ်သော ကုမ္ဘဏ်ဘီလူးများ၊ ကုဝေရနတ်မင်းကြီးနှင့် တကွ အခြွေအရံ အလုပ်အကျွေး ဖြစ်သော န္ဒသောမစသော ဘီလူးစစ်သူကြီးများ၊ တလောလ၊ တတ္တလာစသော ဘီလူး အစောင့်အရှောက်များနှင့် သာမန်ဘီလူးများဖြစ်သည်။ ယင်းတို့ အားလုံးကား စာတုမဟာရာဇ်နတ်များ ဖြစ်ကြသည်။ လူ့ပြည်၌ ဖြစ်သော ဘီလူးများမှာ နတ်များ၊ ရက္ခိုသ်များ၊ ဘုတ်များ၊ မြေဘုတ်များ၊ ဒါနောများ၊ ပြိတ္တာများ၊ တစ္ဆေများ ဖြစ်ကြ သည်။ ယင်းတို့အားလုံးကား နတ်မျိုးနတ်နွယ်များ ဖြစ်ကြ သည်။ ( ဤနေရာ၌ ဘုတ်၊ မြေဘုတ်၊ ပြိတ္တများကို တစ္ဆေဟု ခေါ်ဝေါ်ကြသည်။ ယင်းတစ္ဆေ၊ အစိမ်း၊ သရဲ၊ သဘက်၊ ဥဗက စသည်ဖြင့် အမျိုးမျိုး ခေါ်ဝေါ်ကြပြန်သည်။ တစ်နည်း ခြောက် လှန့်ဖမ်းစားတတ်သော နတ်ဆိုး နတ်ဝါး ဟူသမျှကို တစ္ဆေချည်းသာပေါင်း၍ ခေါ်ဝေါ်ကြ ပြန်သည်။ ( တစ္ဆေ။) ဤနေရာ၌ ဘီလူးတွေ အများအပြား ရှိသော်လည်း ထင်ရှား၍ လူသိများသော ဘီလူးများကိုသာ ထုတ်ပြပါအံ့။ မြတ်စွာဘုရား လက်ထက်တော်အခါ ထင်ရှားသော အာဠာဝက ဘီလူးသည် မဇ္ဈိမဒေသ အာဝီပြည်အနီး တောကြီး အတွင်းဝယ် ကြီးကျယ်ခမ်းနားသော ဗိမာန်၌ မောင်းမမိဿံ ခြွေရံများနှင့်တကွနေ၏။ ဗိမာန်ကြီး၏ အနီး ညောင်ပင်ကြီးကို ယင်းညောင်ပင်အောက်သို့ဝင်လာသော သတ္တဝါတို့ကို စားစေ ဟု စာတုမဟာရာဇ် နတ် မင်းတို့ထံမှ အပိုင်စားရသဖြင့် ထိုညောင်ပင်ကြီးအောက်သို့ဝင်လာသော သတ္တဝါတို့ကို သတ်ဖြတ်ကာ စားသောက်၍နေ၏။ တစ်နေ့သောအခါ မြတ်စွာဘုရား ကြွလာတော်မူ၍ တရားဟောရာ ကျွတ်တမ်းဝင်လျက် သောတာပန်အရိယာအဖြစ်သို့ရောက်လေသည်။
သုစိလောမ ဘီလူးနှင့် ခရလောမ ဘီလူးတို့သည်လည်း မဟာ ဗောဓိပင်အနီး ဂယာရွာကြီး၏ တံခါး တံမြက်ချေးစွန့်ရာ အရပ်ဝယ်နေကြ၏။ တစ်နေ့သောအခါ မြတ်စွာ ဘုရားကြွ လာတော်မူ၍ တရားဟောရာ၊ ကျွတ်တမ်းဝင် သောတာပန် အရိယာ အဖြစ်သို့ရောက်လျက်၊ ဘုမ္မစိုး နတ်တို့စည်းစိမ် ချမ်းသာကို ခံစားကြရလေသည်။ သာတာဂိရိတောင်၌ နေသော သာတာဂိရိ နတ်ဘီလူးစစ်သူကြီးနှင့် ဟေမဝတတောင်၌နေသော ဟေမဝတနတ်ဘီလူး စစ်သူ ကြီး နှစ်ယောက်တို့လည်း တစ်ထောင်သော နတ်ဘီလူး အပေါင်း ခြံရံလျက် မိဂဒါဝုန်တော မြတ်စွာဘုရားထံသို့သွား၍ သရားနာကြရာ ကျွတ်တမ်းဝင်ကာ သောတာပန် အရိယာ အဖြစ်သို့ရောက်ကြသည်။ အခြံအရံ နတ်ဘီလူးတို့သည် တရဏဂုံ၊ ပဉ္စသီ၌ တည်ကြသည်။
ထိုပြင် ငါးရာငါးဆယ် နိပါတ်တော် အပဏ္ဏကဇာတ် တွင် ရေမရှိသော ကန္တာခရီး၌နေသော ဘီလူးတို့သည် ခရီး သည်တို့ကို လှည့်ပတ်ကာ စားကြသည်။ မဟာသီလဝဇာတ် တွင် သုသာန်၌ လူသေကောင်ကို လုနေသော ဘီလူးနှစ် ယောက်အား မစာသီလဝမင်းကြီးက ခွဲဝေပေးရသည်။ ပဉ္စာဝုခ ဇာတ်တွင် တောအလယ်၌နေသော ကပ်စေးနှဲ ဘီလူးသည် တောတွင်းသို့ လာသော သူတို့ကိုဖမ်း၍ စားသည်။ ဝလာဟက ဇာတ်တွင် သီဟိုမ္ဗ်ကျွန်း သိရိသဝတ္ထုမြို့၌နေသော ဘီလူး တို့သည် ကျွန်းသို့လာသော သူတို့ကို ဖမ်း၍စားကြသည်။
တေလပတ္တဇာတ်တွင် ဗာရာဏသီပြည်နှင့် တက္ကသိုလ်ပြည် အကြား တောအုပ်ကြီး၌နေသော ဘီလူးတို့သည် တောအုပ်ကြီး သို့လာသော သူတို့ကို ဖမ်း၍ စားကြသည်။ ဘဂ္ဂဝဇာတ်တွင် ဗာရာဏသီမြို့တော် တံခါးပြင်ဘက်ရှိ စရပ်၌နေသော ဘီလူး သည် စရပ်တွင်းသို့ဝင်သော သူတို့အနက် ချေဆတ်သောအခါ အသက်ရှည်စေသော် ဆိုသောသူနှင့် တစ်ဖန်တုံ့ပြန်ကာ အသက်ရှည်စေသော သူတို့မှ တစ်ပါးသောသူတို့ကို စာစေဟု နတ်မင်းကြီးတို့ထံမှ အပိုင်စားရသဖြင့် ထိုစရပ်တွင်း သို့ ဝင်သောသူတို့ကို စိစစ်၍ စားသည်။ ဂုမ္ဗိဇာတ်တွင် ဂုမ္ဗိယ ဘီလူးသည် ဗာရာဏသီပြည် တောအုပ်တစ်ခုဝယ် လမ်းခရီး၌ အဆိပ်ထည့်ထားသော ပျားလဘို့တို့ကို ကုသိုလ်ပြုသည် ထင်မှတ်အောင် လှည့်ပတ်ကာထား၍ စားမိသဖြင့် သေသော သူတို့ကိုစားသည်။ သုတနုဇာတ်တွင် ဗာရာဏသီပြည် တစ်ခု သော ညောင်ပင်၌ နေသောမဒေဝ ဘီလူးသည် ညောင်ပင် အောက်သို့ဝင်သော သူတို့ကို စားသည်။ ကာကဝလိယ သူဌေး ဝတ္ထုတွင် ရာဇဂြိုဟ်မြို့တံခါး ထန်းပင်နှစ်ပင်၌နေသော ဒီတာလဘီလူးသည် နေဝင်သည်မှ အရုဏ်တက်သည်အထိ မြို့တံခါးမှဝင်သော သူ ထွက်သောသူတို့ကို စားစေဟု ဘုရင် မင်းမြတ်ထံမှ အပိုင်စားရသဖြင့် မြို့တံခါးမှ ဝင်သောသူ ထွက်သောသူတို့ကို စားသည်။
ခုဒ္ဒကပါဌ အဋ္ဌကထာ ရတနသုတ်အဖွင့် ဝေသာလီ ဝတ္ထုတွင် ဝေသာလီပြည်၌ (၁) အစာငတ်မွတ်ခြင်း ဘေး (၂) ဘီလူးဘေး (၃) အနာရောဂါဘေး၊ ဤဘေးကြီး ၃ ပါး ဆိုက်ရောက်၍ လူအများ သေကြေပျက်စီးသော အခါ မြတ်စွာ ဘုရားကိုသွား၍ ပင့်ဖိတ်သဖြင့် ရဟန်းငါးရာနှင့် ကြွလာတော် မူပြီးလျှင် ရတနသုတ်ပရိတ်တော်ကို ဟောတော်မူရာ ဘေးကြီး ၃ ပါး ဧငြိမ်း၍ လူအများ အသက်ဘေးမှ ချမ်းသာလေသည်။
နကပါနဇာတ်တွင် ဟိမဝမ္ဗာာတောအတွင်းရှိ ရေအိုင် တစ်ခု၌နေသာ ရက္ခိုသ် ဘီလူးသည် ရေအိုင်အတွင်းသို့ဆင်း သက်သော သတ္တဝါတို့ကို ဖမ်း၍စားသည်။ ဒေဝဓမ္မဇာတ်တွင် ဟိမဝမ္ဗာာတော အတွင်းရှိ ရေအိုင်တစ်ခု၌ နေသော ရက္ခိုသ် ဘီလူးသည် ရေအိုင်အတွင်းသို့ဆင်းသက်သော သူတို့တွင် ဒေဝဓမ္မတရားနှစ်ပါးကို မသိသောသူ တို့ကို စားစေဟု နတ်မင်းကြီးတို့ထံမှ အပိုင်စားရသဖြင့် ဆင်းသက်သော သူတို့ကို မေးမြန်းစိစစ်၍စားသည်။ အယကူန္ထဇာတ်တွင် ဗာရာဏသီမင်းကြီးသည် သတ္တဝါတို့အသက်ကို မသတ်ရဟု စည်လည်စေသဖြင့် ဘီလူးတို့သည် သတ္တဝါတို့အသား အသွေးဖြင့် ပူဇော်သက္ကာရကို မရသောကြောင့် အမျက်ထွက် ကာ ကုမ္ဘဏ်ရက္ခိုသ် ဘီလူး တစ်ဦးကို စေလွှတ်ရာ၊ ထိုဘီလူး သည် သံတူကြီးကိုကိုင်လျက် ညဉ့်အခါ မင်းကြီး၏ကျက်သရေ တိုက်ခန်းသို့ဝင် ၍ မင်းအားသတ်မည်ပြုသောအခါ၊ သိကြား မင်းလာ၍ စောင့်ရှောက်သဖြင့်၊ မသတ်ဝံ့ဘဲ ပြေးရသည်။ သမုဂ္ဂဇာတ်တွင် ဗာရာဏသီပြည် တောအုပ်တစ်ခု၌ နေသော ရက္ခိုသ်ဘီလူးသည် တောအုပ်အတွင်းသို့ရောက်လာသော သူတို့ကို ဖမ်း၍စားသည်။ သမ္ဗူလဇာတ်တွင် ဒါနောရက္ခိုသ် ဘီလူးသည် နူနာစွဲကပ်သဖြင့် တော၌နေသော သောသေန မင်းသာ၏ မိဖုရားသမ္ဗူလကို သစ်သီးရှာသွားခိုက် ဖမ်း၍ စားမည်ပြုသောအခါ သိကြားမင်းလာ၍ ဒဏ်ခတ်သဖြင့် မစားဝံ့ဘဲ ပြေးရသည်။
ပဒကုသလမာဏဇာတ်တွင် တောင်ခြေရင်းရှိ လိုဏ်ဂူတစ်ခု၌နေသော အဿမုခီဘီလူးမသည် တောအုပ် အတွင်းသို့လာသော သူတို့ကို ဖမ်း၍စားသည်။ တစ်နေ့သော အခါ ပုဏ္ဏား လုလင်တစ်ယောက်ကို ဖမ်း၍မိရာ၊ မစားဘဲ ခင်ပွန်းလင်ပြု၍ထားသဖြင့်၊ ပဒကုသလ လုလင်ကို မွေးဖွား သည်။ ထိုပဒကုသလ လုလင်ကား လူယောကျာ်းနှင့် ဘီလူး မိန်းမစပ်သောကြောင့် လူစပ်ဘီလူးဖြစ်သည်။ မဟာဝင်ဝတ္ထု တွင် သီဟိုမ္ဗ်ကျွန်း၌ ရှေးဦးစွာ နန်းတက်သော ဝိဇယမင်းကြီး သည် ကုဝဏ္ဏာမည်သော ဘီလူးမကို မိဖုရားမြေ|ာက်သဖြင့် ဇီဝဟ·သားတော်နှင့် ဒီပေသမီးတော် မွေးဖွားသည်။
ထိုသားတော် သမီးတော်တို့ကား လူယောကျာ်းနှင့် ဘီလူးမိန်းမ စပ်သောကြောင့် လူစပ်ဘီလူးများ ဖြစ်ကြသည်။ မဟာရာဇဝင် ကြီး ပထမတွဲတွင် ကုက္ကိုတောင်ပရွာသား သူကြွယ်တစ်ဦး၏ ကျွန်မသည် ယာစောင့်နေရာ အနီးရှိ သစ်ပင်ကြီး၌နေသော ဘုမ္မစိုးနတ်ဘီလူးနှင့် သံဝါသပြုသဖြင့် သား တစ်ယောက် မွေးဖွားသည်။ ထိုသားကား နောင်အခါ ပုဂံပြည် မင်းငါးဆယ့် ငါးဆက် ရှိသည့်အနက် နှစ်ဆယ့် ခြောက်ဆက်မြောက် မြင်းကျွေးမင်း ဖြစ်လာသည်။ နော်ရထားမင်းစော လက်ထက် ပန်းတော်ဆက်ရာထူးဖြင့် ထမ်းရွက်နေသော သူရဲကောင်း ကုလားဗျတ္တသည် ပုပ္ပားအရပ်မှာ ဘီလူးမနှင့် အိမ်ထောင် ကျသဖြင့်၊ ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းငယ် သားနှစ်ယောက်ကို မွေးဖွားသည်။ ထိုသားနှစ်ယောက်တို့ကား လူယောကျာ်းနှင့် ဘီလူးမိန်မ စပ်သော ကြောင့် လူစပ်ဘီလူးများ ဖြစ်သည်။
ဇယဒိသဇာတ်တွင် သုသာန်၌နေသော ရန်သူ ဘီလူးမ တစ်ယောက်သည် ပဉ္စာလမင်းကြီး၏ မိဖုရားကြီးမှ မွေးဖွား သော ပထမားတော်နှင့် ဒုတိယားတော်တို့ကို စားပြီးလျှင်၊ တတိယားတော်ကိုကား မစားတော့ ဘဲ၊ သားအမှတ် မွေးစား ထားသည်။ ထိုပဉ္စာလမင်းကြီး၏ တတိယားတော်သည် ဘီလူးမထံတွင် လူသားဖြင့် ကြီးပြင်းလာရကား မိမိကိုယ်ကို ဘီလူးစစ် မှတ်ထင်ကာ၊ လူတို့ကိုဖမ်း၍ စားလျက်သာနေသည်။ စင်စစ်အားဖြင့် ဘီလူးမဟုတ်၊ လူဘီလူးသာဖြစ်သည်။ မဟာ သုတသောမဇာတ်တွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းသည် လူသားကို စားသဖြင့်၊ တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရသော ကြောင့်၊ တောသို့ဝင်ကာ၊ လူတို့ကို ဖမ်း၍စားနေသဖြင့်၊ လူသား ပေါရိသာဒဟု ခေါ်ဝေါ်ကြသည်။ ထိုမင်းလည်း လူဘီလူးပင်ဖြစ်သည်။ နောက်မဟာသုတသောမမင်း တရားဟောသဖြင့် လူသားကို စွန့်လွှတ်သည်။
အယောရဇာတ်တွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း ၏ မိဖုရားကြီးမှ မွေးဖွားသော ပထမားတော်နှင့် ဒုတိယ သားတော်တို့ကို ရန်သူဘီလူးမသည် အတင်းလုယူ၍ စားသည်။ တတိယားတော်ကို ကိုယ်ဝန်တည်သော အခါ၊ မင်းကြီး၏ မေးမြန်းချက်အရ၊ ဘီလူးတို့မည်သည် သံကိုကြောက်ကုန်၏ဟု အမတ်တစ်ယောက် လျှောက် ထားသဖြင့်၊ သံအိမ်ကြီးကို ဆောက်လုပ်စေပြီးလျှင်၊ ထိုသံအိမ်ကြီးအတွင်း၌ မိဖုရားကြီးကို ဖွားမြင်စေရာ၊ ဘီလူး မ မစားနိုင်သဖြင့်၊ အသက်ဘေးမှ ချမ်းသာရာရသည်။ ဓမ္မပဒအဋ္ဌကထာ ကာီယက္ခိနီ ဘီလူးမ ဝတ္ထုတွင် သာဝ·ိ ပြည် အမျိုးသမီး တစ်ယောက်မှ မွေးဖွား သော ပထမားနှင့် ဒုတိယားတို့ကို ရန်သူဖြစ်သော ကာီ ယက္ခိနီ ဘီလူးမသည် အတင်းလုယူ၍ စားလေသည်။ တတိယ သားကိုကား ဘီလူးမဘေးမှ လွတ်မြောက်ရန် အမျိုးသမီးသည် ခင်ပွန်းလင်နှင့်တကွ သွား၍ ဆွေမျိုးအိမ်၌ မွေးဖွားပြီး သားငယ်ကို ယူလာရာ လမ်းခရီးတွင် ဘီလူးမ အတင်းလိုက် လာသည်ကို မြင်လျှင် မြတ်စွာဘုရား တရားဟောရာ ကျောင်းတော်သို့သွား၍ မြတ်စွာဘုရားရှေ့တော် တွင်ချကာ သားငယ်ကို လှူဒါန်းပါ၏။ အသက်ကို ကယ်တော်မူပါ ဘုရားဟု လျှောက်ထားလေ၏။ ဘီလူးမ လိုက်လာသောအခါ မြတ်စွာဘုရား တရားတော်ကို ကြားနာရသဖြင့် ကျွတ်တမ်း ဝင်ကာ သောတာပန် အရိယာ အဖြစ်သို့ရောက်လေသည်။
ပါရာဇိကဏ် အဋ္ဌကထာ ဗာဟိရနိဒါန်းတွင် သမုဒ္ဒရာအနီးရှိ သုဝဏ္ဏဘူမိ သထုံပြည် သီရိမာသောကမင်း ၏ နန်းတော်၌ မွေးဖွားတိုင်းသော သားတို့ကို သမုဒ္ဒရာ၌ နေသော ရက္ခိုသ်ဘီလူးမသည် လာ၍စားလေ့ရှိ၏။ တတိယ သင်္ဂါယနာတင်ပြီးနောက် သောဏထေရ်နှင့် ဥတ္တရထေရ်တို့ ရောက်လာသောနေ့၌လည်း နန်းတော်၌ သားဖွားခိုက်ကြုံသဖြင့် ရက္ခိုလ်ဘီလူးမသည် အရံငါးရာနှင့်တကွ စားမည်ဟုလာပြန်ရာ ဘီလူးတို့ရန်ကို နှိမ်နင်း ရန် လက်နက် ကိုယ်စီကိုင်၍ လာကြ သော လူတို့လျှောက်ထားသဖြင့် မထေရ်တို့သည် ထိုရက္ခိုသ် ဘီလူးတို့ထက် နှစ်ဆကြီးသော ကိုယ်ရှိသော မနုသီဟ သဏ္ဌာန်ဖန်ဆင်း၍ လိုက်သောကြောင့် ဘီလူးတို့ပြေးကြသည်။ မထေရ်တို့က ဗြဟ္မဇာလသုတ်ကို ဟောသဖြင့် အကျွတ်တရား ရကြသည်။ နန်းတော်၌ မွေးဖွားသော သားကိုလည်း မထေရ် တို့တန်ခိုးကြောင့် အသက်ချမ်းသာရာရသည့်အတွက် မထေရ် တို့အမည်ကိုယူ၍ သောနုတ္တရသတို့သားဟု အမည်မှည့်ကြသည်။
မဟာရာဇဝင်တော်ကြီး ပထမတွဲတွင် ပုဂံပြည် နော်ရထာမင်းစောသည် လယ်တွင်း ကိုးခရိုင်မှ ပြန်လာ၍ ပုဂံမြို့သရဗာ တံခါးသို့ရောက်သောအခါ မုဆိုးတစ်ယောက် သည် အောင်သာမြစ်ခြေအရပ်၌ စက္ခုပါလ ကျွဲရိုင်းသည် လူတို့ကို ရန်ပြု၍ နေပါသည် လျှောက်ထားရာ၊ မင်းကြီးသည် မြို့တော်သို့မဝင်သေးဘဲ၊ ငါဆင်နှင့် တိုက်သတ်မည်ဟု မိန့်ဆို ကာ၊ ဆင်တော်သန်မြင်စွာကို စီးလျက် စစ်သည်ဗိုလ်ပါနှင့် တကွ လိုက်တော်မူသည်။ ထိုအခါ ကျွဲရိုင်းသည် ဆင်ထက် တွင် စီးနေသော မင်းကြီးကို ခတ်လိုက်ရာ မင်းကြီးနတ်ရွာ စံတော်မူသည်။ ထိုကျွဲရိုင်းကား ကျွဲစစ်မဟုတ်၊ ရန်သူ ဖြစ်ဘူး သော လိန်ပင်စောင့်နတ် ကျွဲယောင်ဆောင်၍ ခတ်ခြင်းဖြစ် သည်။ ( ဤ၌ နတ်ဆိုသော်လည်း နတ်ဘီလူးဖြစ်သည်ဟု ယူဆရမည်။ ဤနတ်ဘီလူးကို ကျွဲယောင် ဆောင်သောကြောင့် ကျွဲနတ်ဘီလူးဟု ဆိုထိုက်သည်။ ) အထူးသဖြင့်ဘုရင်မင်းမြတ် များ နတ်ရွာစံခါနီးနှင့် နန်းကျခါနီး၌ ဘီလူးရယ်သည်။ ဘီလူး ကိုယ်ထင်ပြသည်ဟု အဆိုရှိသည်။ ထိုသို့ဖြစ်ခြင်းကိုနိမိတ် ဟု ယူဆကြသည်။
ဗမ္မပဒအဋ္ဌကထ သုပ္ပဗုဒ္ဓကုဋ္ဌိဝတ္ထုတွင် သုပ္ပဗုဒ္ဓသူနူ သည် တစ်နေ့သောအခါ မြတ်စွာ ဘုရား တရားတော်ကို နာရ၍ ကျွတ်တမ်းဝင်ကာ သောတာပန် အရိယာအဖြစ်သို့ ရောက်ပြီးလျှင် မြတ်စွာဘုရားထံတော်မှ ပြန်လာရာ၊ ရန်သူ ဖြစ်ဘူးသော ဘီလူးမသည် သားသည်အမိ နွားမယောင် ဆောင်၍ ဝှေ့သဖြင့် အနိစ္စရောက်ရ သည်။ ထိုပြင် ထိုဘီလူးမ သည်ပင်လျှင် နွားမယောင်ဆောင်၍ ဝှေ့သဖြင့် ပက္ကုသာတိ အမျိုးသာ၊ ဗာဟိယ ဒါရုစိရိယ၊ တမ္ဗဒါဌိက ခိုးသူသတ်တို့ လည်း အနိစ္စရောက်ကြရသည်။ ( ဤဘီလူးမကို နွားယောင် ဆောင်သော ကြောင့် နွားဘီလူးမဟု ဆိုထိုက်သည်။ ) ဇောတိက သူဌေးကြီး ဝတ္ထုတွင် ဖောတိက သူဌေး ကြီး၏ အိမ်၌ တံတိုင်ခုနစ်ထပ်တို့၏ လေးမျက်နှာ တို့တွင် ပထမတံခါးမုခ်ဝ၌ ဥပ္ပလနတ်ဘီလူးသည် အရံနှစ်ထောင်နှင့် စောင့်၏။ တတိယတံခါး မုခ်ဝ၌ ဝဒိရ နတ်ဘီလူးသည် အရံသုံးထောင်နှင့် စောင့်၏။ စတုတ္ထတံခါး မုခ်ဝ၌ ဝဇိရဗာဟု နတ်ဘီလူးသည် အရံ လေးထောင် နှင့်စောင့်၏။ ပဉ္စမ တံခါးဝမုခ်ဝ၌ သံကနနတ်ဘီလူးသည် အရံငါးထောင်နှင့် စောင့်၏။ ဆဒ္ဒတံခါးမုခ်ဝ၌ ကန္ထ နတ်ဘီလူးသည် အရံခြောက်ထောင်နှင့် စောင့်၏။ သတ္တမ တံခါးမုခ်ဝ၌ ဒိသာပါမောက္ခ နတ်ဘီလူးသည် အရံခုနစ်ထောင်နှင့် စောင့်၏။ ( ဤစကားကို ထောက်ထားသဖြင့် အခြားနေရာဌာနတို့၌ လည်း ထိုက်သည် အားလျော်စွာ နတ်ဘီလူးများ စောင့်သည်ဟု ယူဆသင့်လေသည်။ )
ဘုရင်မင်းမြတ်တို့နန်းတော်၌လည်းကောင်း၊ မြို့တော် ၌ လည်းကောင်၊ ကျောင်းကန်ဘုရား တန်ဆောင်းစသော အဆောက်အအုံများ၌ လည်းကောင်း၊ အပြောက်အမွမ်း သဘောဖြင့် လည်းကောင်း၊ အစောင့်အရှောက် သဘောဖြင့် လည်းကောင်း၊ ဘီလူးရုပ်လုံးများ ထုလုပ်ထားသည်ကို တွေ့မြင် ရသည်။ ထုလုပ်ပုံမှာ အများအားဖြင့် နတ်ဝတ်တန်ဆဉာနှင့် လက်ယာဒူးထောင်၊ လက်ဝဲဒူးချ၊ လက်ယာလက်သန်လျက်စွဲ၊ လက်ဝဲလက်ထောက်၊ ဗောင်း သရဖူဆောင်းလျက် ဖြစ်သည်။ အထူးအားဖြင့် ဘီလူးတို့သည် လူယောင်ဖန်ဆင်း၍ နေသော်လည်း၊ လူစစ်နှင့်မတူ။ ထူးခြားသောအရာတို့မှာ (၁) မျက်စိနီခြင်း (၂) မျက်စိမမှိတ်ခြင်း (၃) အရိပ်မထွက်ခြင်း (၄) မကြောက်ရွံ့ခြင်းဟူ၍ လေးပါးဖြစ် သည်။ ( တစ်နည်း ) (၅) မသနားခြင်းကို ထည့်သွင်းပြန်က ငါးပါးဖြစ်သည်။ ထိုလေးပါး၊ ငါးပါးသော ထူးခြား ချက်တို့ကို ကြည့်ရှု့ဆင်ခြင် ၍၊ ဤသူကား လူစစ်မဟုတ်၊ လူယောင်ဆန်ဆင်းသော ဘီလူး ဖြစ်ကြောင်း သိနိုင်သည်။
ဦးကြီးဖေ
အထက်ဖော်ပြပါ ဗုဒ္ဓအယူဝါဒီတို့ကြားဘူးနားဝရှိနေ ကြသော ဘီလူးများအပြင်၊ ဥရောပတိုက်၊ အာရှ တိုက်တို့မှ နိုင်ငံအသီးသီး၊ လူမျိုးအထွေထွေ၏ ထုံးဟောင်းပုံပြင်များ တွင်လည်း လူမျိုးအလိုက်၊ ဒေသအလိုက် ဒဏ္ဍာရီဘီဘူး အမျိုးမျိုး ရှိကြလေသည်။ အာရိယန် အဆက်အနွယ် လူမျိုးများ၏ ထုံးဟောင်းပုံပြင်များတွင် လူ့အသွင်အပြင် ရှိသော်လည်း၊ လူထက်များစွာ သန်မာ ထွားကျိုင်းသော ဘီလူးများအကြောင်း အမျိုးမျိုး အဖုံဖုံပါရှိသည်။
ဂရိလူမျိုးများ၏ ထုံးဟောင်းပုံပြင်များ၌မူ၊ ဘီလူး တို့သည် အလွန်တရာ ကြီးမားထွားကျိုင်း၍ ကြောက်မက် ဖွယ်ရာ မျက်နှာပုံပန်း ရှိပြီးလျှင်၊ နဂါးအမြီးပါရှိကြောင်း ဖော်ပြကြသည်။ ထို့ပြင် ထိုဘီလူးများသည် ယူရေးနပ် နတ်သား ( ကောင်းကင်ဘုံ ) ၏ သွေးသည် ဂျီနတ်သမီး ( မြေကြီး ) ၏ ပေါင်ပေါ်သို့ကျရာမှ ဖြစ်ပေါ် လာသည်ဟု ဆို၍ ထိုဘီလူးများကို တိုင်တန်ဟုခေါ်သည်။ စိတ်ကူးဉာဏ် အလွန်ဆန်းကြယ် ကွန့်မြူးသော ဂရိ သူဟောင်းတို့အလိုအရ၊ လူသတ္တဝါ၊ ရေမြေတောတောင်တို့၏ ဖြစ်ပေါ်မှုကို ဖျက်ဆီး သောရေ၊ မြေ၊ လေ၊ မီးတို့၏ ဖောက်ပြန်မှုတို့ကို ဘီလူးများဟု ယူဆကြသည်။ ထိုဘီလူးတို့သည် ကောင်းကင်ဘုံသို့ပင် တက်ရောက် တိုက်ခိုက် ကြရာ၊ ကောင်းကင်ဘုံနတ်များပင်၊ ယင်းတို့အား မတွန်းလှန်နိုင်သဖြင့်၊ စွမ်းအား ကြီးမားလှသော ဟားကျူးလီး အား အကူအညီ ခေါ်ရသောဟူ၏။ ( ဟားကျူးလီး။) နတ်များသည် ဟားကျူးလီး၏ အကူအညီဖြင့် ဘီလူး များကို နှိမ်နင်းပြီးနောက်၊ အက်တနာစသော မီးတောင်များ အောက်တွင် ဘီလူးများကို ချုပ်နှောင်အကျဉ်းချထားရသည်။ မီးတောင် ပေါက်ကွဲမှုစသည်တို့သည် ဘီလူးများ၏ ရုန်းကန် လှုပ်ရှားမှုဟု ဆိုကြလေသည်။
ဥရောပမြောက်ပိုင်း နိုင်ငံများ၏ ထုံးဟောင်းပုံပြင်များ မှ ဘီလူးများသည်မူ ဂရိဘီလူးများထက်ပင် အဆင့်အတန်း မြင့်သေးသည်။ စကန်ဒီနေးဗီးယန်း ထုံးဟောင်းပုံပြင်တွင် ကမ္ဘာ၌ဦးစွာ ပထမစတင်ပေါ်ပေါက်သော သတ္တဝါသည် အီမီးယာအမည်ရှိ ဘီလူးကြီးဖြစ်၍၊ နှင်းဘီလူးမျိုးကို စတင် ခဲ့သူဟု ဆိုလေသည်။
နေပူခြင်း၊ မိုးရွာခြင်း၊ လေပြင်းကျခြင်း စသော ကမ္ဘာ့နိယာမ တရားတို့ကိုလည်းကောင်း၊ ယဉ်ကျေးမှု တိုးတက်ရေးကို အနှောင့်အယှက်ပြုသော အရိုင်းအစိုင်း ဝါဒများကို လည်းကောင်း၊ ခရစ်ယာန်ဝါဒနှင့် ပန္ထိပက္ခဖြစ် သော မိစ္ဆာဒိဋ္ဌိ အယူဝါဒတို့ကိုလည်းကောင်း ရှေးသူဟောင်း တို့သည် ဘီလူးများနှင့် ဥပစာတင်စား၍ ပုံပြင်ဒဏ္ဏာရီ ပြု ထားခြင်းများလည်း ရှိလေသည်။ ဝေလနယ်တွင် ခေတ်စား သော ဘီလူးသတ် လူစွမ်းကောင်းဂျက်၏ ပုံပြင်သည် ခရစ်ယာန် ဝေလနယ်သားများနှင့် မိစ္ဆာအင်္ဂလို-ဆက္ကဆန်များ၏ ပန္ထိပက္ခကို ဥပစာ တင်စားထားခြင်းဖြစ်လေသည်။
သိပ္ပံပညာရပ် ထွန်းကားလာသော ခေတ်တွင် သိပ္ပံ ပညာရှင်များက ထုံးဟောင်းပုံပြင်ပါ ဘီလူးများကို အယုံ အကြည်မရှိကြချေ။ သို့သော် အချို့လူများသည် လူသာမန်တို့ ထက် အဆမတန် ကိုယ်လုံးကိုယ်ထည် ကြီးမားလှ၍၊ ယင်းတို့ ကို ဘီလူးဟုခေါ်ကြသည်။ သို့သော် ဒဏ္ဏာရီပုံပြင်ပါ ဘီလူး များကဲ့သို့တန်ခိုးစွမ်းအား ရှိသည်ဟုကား မယူဆချေ။ သာမန် လူတို့ထက် အဆမတန် ထွားကျိုင်းခြင်းကို သိပ္ပံပညာဖြင့် စူးစမ်း စစ်ဆေးသည့်အခါ ဦးနှောက်အောက် အတက် ( ပီတျူ တရီဂလင်း ) ၏ ဖောက်ပြန်မှုကြောင့် ဖြစ်ကြောင်းသိရသည်။ ထိုအတက်မှ ကြီးထွားမှုကို ဖြစ်စေသော ဟော်မုန်းများကို အဆမတန် အများအပြား ထုတ်လုပ်ပေးသောကြောင့် ဖြစ် သည်။ အရွယ်ရောက်ပြီး လူကြီးတစ်ယောက်တွင် ထိုအတက် ဖောက်ပြန်သောအခါ၊ ကိုယ်ခန္ဓာ၏ တစ်စိတ်တစ်ဒေသ၌သာ အဆမတန် ကြီးထွားခြင်း ဖြစ်တတ်သည်။ ယင်းသည့်အခါ မျိုးတွင်၊ မျက်နှာ၊ အထူးသဖြင့် မေးစေ့၊ ခြေနှင့် လက်တို့ သည် အလွန်အမင်း ကြီးမားထွားကျိုင်းခြင်း ဖြစ်တတ်လေ သည်။
ပီတျူတရီဂလင်း ဖောက်ပြန်လာ၍ အချိုးမကျဘဲ ကိုယ်ခန္ဓာ ကြီးထွားလာခြင်းကို ဖြစ်စအချိန်၌ ဆရာ ကောင်း သမားကောင်းများဖြင့် ကြပ်မကုသက ပျောက်ကင်းနိုင်လေ သည်။
ကိုးကား
http://solomonn.0fees.net/wordpress/?p=57#more-57
မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၈)
Comments