ဈေးကွက် သိလိုလျှင် စားသုံးသူကို မေးပါ။

မက်ဆာချူးဆက်နယ် ဟင်ဂမ်မြို့လေးမှာပေါ့အလုပ်အကိုင် အဆင်မပြေတဲ့ လယ်သမားတစ်ယောက် ရှိခဲ့ဖူးတယ်။လူက အလုပ်အကိုင်မရှိ၊ အလုပ်မရှိတော့ဝင်ငွေမရှိ၊ ဝင်ငွေမရှိတော့ ဆင်းရဲ။ထုံးစံအတိုင်း သူ့မိန်းမက"ရှင်အိမ်ထဲထိုင်မနေနဲ့ နှင်ထုတ်တယ်။ 
အဲ့ဒါနဲ့ ကမ်းခြေအစပ်နား စိတ်ညစ်ညစ်နဲ့ ထိုင်ရင်း ရေနူးနေတဲ့သစ်သားပြားလေးတစ်ချပ်ကို ကောက်ပြီးလှီးဟယ်၊ ဖြတ်ဟယ်နဲ့ သစ်သားကြိုးကွင်း ဆက်ကလေး တစ်ခု ဖြစ်အောင် လုပ်မိသတဲ့။
ညနေအိမ်ပြန်ရောက်တော့ကလေးတွေက သူယူမယ် ၊ ငါယူမယ် ဆိုပြီးလုကြတယ် ဒါနဲ့ နောက်နေ့ကျတော့ နောက်တစ်ခု ထပ်လုပ်ရတယ်။
အဲ့ဒါလုပ်နေတုန်း အိမ်နီးချင်း တစ်ယောက်ရောက်လာတော့ သူ့လက်ရာကြည့်ပြီးသဘောကျတယ် ။ ခင်ဗျားဗျာဒါလောက်လက်ရာမြောက်တာ သစ်သားနဲ့ကလေး ကစားစရာ အရုပ်ကလေးတွေလုပ်ပြီးရောင်းရောပေါ့"လို့ တိုက်တွန်းစကား ဆိုတော့"ဘယ်လို အရုပ်မျိုးလုပ်ရမှန်း မသိဘူးဗျ တဲ့။ ကိုယ့်လူက ဆိုတယ်။
အဲ့ဒီမှာ လာမယ်နော် အရေးကြီးတဲ့ကိစ္စ။သူ့အိမ်နီးချင်းက ပြန်ပြောတဲ့စကား။
ကလေးတွေအတွက် ဘာအရုပ်လုပ်ရမလဲ သိချင်ရင် ခင်ဗျား ကလေးတွေ မေးကြည့်ပေါ့ဗျတဲ့။
ဒါတောင် ကိုယ့်လူက မရသေးဘူး။
ကျွန်တော် ကလေးတွေ မေးလို့ ဘာအကြောင်းထူးမလဲဗျာ။ သူတို့နဲ့ တခြားကလေးတွေနဲ့ တူမှာမှ မဟုတ်တာ"တဲ့။ ဒါပေမဲ့ ပုဂိ္ဂုလ်က နောက်နေ့မနက်ကျတော့ သူ့သားလေးအိမ်ပေါ်က ဆင်းလာတဲ့အခါ မေးပါတယ်။"သား ဘာအရုပ်လိုချင်သလဲ တဲ့။
ကျွန်တော် လက်တွန်းလှည်းလေး လိုချင်တယ်သားက ဖြေတယ် ။ ဒီလိုပဲ သမီးဆင်းလာတော့သမီးကို တခါမေး။ သမီးက သူ့အရုပ်ကလေး အတွက် မျက်နှာသစ်ဇလုံတင်တဲ့ ခုံကလေးလိုချင်တယ်။
အရုပ်လေး အတွက် ထီးကလေးတစ်ချောင်းစီးဖို့ လှည်းလေးတစ်စီး . .... ။ အဲ့ဒီလိုနဲ့ ကစားစရာပစ္စည်းစရင်းက သူ့တစ်သက်လုံး လုပ်လို့ မကုန်နိုင်အောင်ကိုရလာတယ်ပေါ့။ 
ဒီပုဂ္ဂိုလ်ဟာ သူ့အိမ်ထဲမှာ သူ့ကလေးတွေကို မေးပြီး သူတို့အကြိုက်အရုပ်ကလေးတွေကို ၊ မောင်းချဓားတစ်လက်နဲ့ လုပ်ပေးခဲ့ရာက 
နောက်ပိုင်းမှာ"ဟင်ဂမ် အရုပ်တွေလို့ နာမည်ကြီးလာမယ့် သစ်သား ကစားစရာ အရုပ်လုပ်ငန်းကြီးကို တည်ထောင်မိလာတယ်။
နောက်ပိုင်း ဒီပုဂ္ဂိုလ်ဟာ နယူး အင်္ဂလန် (အမေရိကန်ပြည် အရှေ့မြောက်ဖျား) ဒေသတစ်ခုလုံးမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့ပါတယ် ။ စဉ်းစားကြည့်ရအောင်။
ဒီလယ်သမားမှာ ချမ်းသာလာဖို့အတွက်အကြံကောင်း၊ ဉာဏ်ကောင်းဟာသူ့အိမ်မှာ သူ့ကလေးတွေနဲ့ တိုင်ပင်ဆွေးနွေးရာက ရလာခဲ့တာနော်။
အဲ့ဒါကြောင့် ..... လူတစ်ယောက်ကြီးပွားချမ်းသာဖို့ တစ်စုံတစ်ရာအောင်အောင်မြင်မြင် တီထွင်မိဖို့ ဆိုတာအိမ်ပြင်ထွက်ဖို့ လိုချင်မှ လိုတယ်လို့ကျွန်တော် ပြောလိုက်ချင်တာပါပဲ စာဖတ်သူ 
ကျွန်တော် မိတ်ဆွေတို့ရေ။
#WaThan_ပြည့်ဖြိုးမောင် 

Comments

Popular Posts