"ချစ်သော နှင်းဆီ"

တမ်းတခြင်းဖြင့်
ရင်တွင်းဆို့နင့် ၊ နာကျင်ရစ်မည်
သိနှင့်သည်ပေါ့၊၊
ခွင့်လွတ်တော့လေ
မရေရာသော ၊ ဘဝတောဆီ
လှသောသူ့လက် ၊ မခေါ်ရက်ဖူး
အိပ်မက်ဆူးလဲ ၊ စူးပါစေ၊၊
အို...ဝေလဲအတူ၊ ကြွေအတူတဲ့
ရယူရန်ထက်၊ နေခဲ့ရက်တာ
'ချစ်ခြင်း'ပါဆို ၊ သူ,ငိုမလား
စကားသစ္စာ ၊သည်မေတ္တာတို့
ကဗျာလိုစ ၊ လှနိုင်ကြလဲ
ဘဝနွေတွင်း ၊ ပူလောင်ခြင်းမို့ ။
ပန်းနှင်းဆီရေ..
နေခြည်နိုးထ ၊ လေညှင်းခချိန်
မာနဆူးခက် ၊ ခြံရံလျက်နှင့်
ပင်ထက်ရဲရင့် ၊ အလှဆုံးပွင့်တော့..၊
ဝေးသင့်သူသာ ၊
တနေရာက ရှိနေပါ့မည်..
ပွင့်ဦးမွှေးမြ ၊ လန်းဆန်းကြွစေ...... ။
ချစ်သောနှင်းဆီ ပျော်ပါစေ..... ။
CREDIBILITY"
တမ်းတခြင်းဖြင့်
ရင်တွင်းဆို့နင့် ၊ နာကျင်ရစ်မည်
သိနှင့်သည်ပေါ့၊၊
ခွင့်လွတ်တော့လေ
မရေရာသော ၊ ဘဝတောဆီ
လှသောသူ့လက် ၊ မခေါ်ရက်ဖူး
အိပ်မက်ဆူးလဲ ၊ စူးပါစေ၊၊
အို...ဝေလဲအတူ၊ ကြွေအတူတဲ့
ရယူရန်ထက်၊ နေခဲ့ရက်တာ
'ချစ်ခြင်း'ပါဆို ၊ သူ,ငိုမလား
စကားသစ္စာ ၊သည်မေတ္တာတို့
ကဗျာလိုစ ၊ လှနိုင်ကြလဲ
ဘဝနွေတွင်း ၊ ပူလောင်ခြင်းမို့ ။
ပန်းနှင်းဆီရေ..
နေခြည်နိုးထ ၊ လေညှင်းခချိန်
မာနဆူးခက် ၊ ခြံရံလျက်နှင့်
ပင်ထက်ရဲရင့် ၊ အလှဆုံးပွင့်တော့..၊
ဝေးသင့်သူသာ ၊
တနေရာက ရှိနေပါ့မည်..
ပွင့်ဦးမွှေးမြ ၊ လန်းဆန်းကြွစေ...... ။
ချစ်သောနှင်းဆီ ပျော်ပါစေ..... ။
CREDIBILITY"
Comments