အပြုံးတစ်ပွင့်နဲ့ဆီးကြိုပေးပါအမေ
အပြုံးတစ်ပွင့်နဲ့ဆီးကြိုပေးပါအမေ
+++++++++++++++++++%
#အမေ သိပ်ရက်စက်တယ်ဗျာ
*အမေ့ဘဝ ထဲကိုသားအတင်းဇွတ်တိုးဝင်လာတာမဟုတ်တာ အမေသိပါတယ်အမေရယ်
သားအရမ်းနာကျင်နေတယ်အမေ
အမေ့ဗိုက်ထဲမှာထဲက အမေပေးတဲ့ဒါဏ်ရာ
တွေတောင်မပျောက်သေးပါဘူးအမေ
သားကိုဘာတွေကျွေးမှန်းသားမသိရိုးအမှန်ပါအမေ
အမေကျွေးတဲ့အရာတွေ သားတစ်ကိုယ်လုံး
အရမ်းပူတယ်
#အမေ
*သားကိုအမေလက်သည်နဲ့မောင်းထုတ်ခဲ့တုန်းကလဲသားတစ်ကိုယ်လုံးမလှုပ်နိုင်အောင်နာကျင်ခဲ့တယ် အမေ
အမေသားကိုဘာကြောင့်မုန်းတာလဲအမေ
သားလိုချင်တာတွေပြောရရင်
အမေ့မျက်နှာကို သားသိပ်မြင်ချင်ခဲ့တာပါအမေ
အမေ့ချိုမြတဲ့အသံလေး အရမ်းကြားချင်ခဲ့တာပါအမေအမေ့ဝမ်းဗိုက်ထဲကနေ သားမချိမဆန့်အချိန်တော်ကြာအမေ့ရဲ့နှိပ်စက်မှုတွေခံခဲ့ရပေမည့်အမေ့အပြုံးမြင်ချင်ဇောနဲ့ဒုက္ခတွေခံခဲ့ပါတယ်အမေ
ခုတော့သားလိုချင်တာတွေဘာမှမရလိုက်ပဲ
လောကကြီးကိုမျက်စိတစ်မှိတ်လေးပဲ
မြင်ရရုံရှိသေးတယ်အမေ
သားအရမ်းနာတယ်အမေ
သားတစ်ကိုယ်လုံး အမေပေးတဲ့ဒါဏ်ရာတွေ
ပြည့်နေပီအမေ
*အမေနှင်မှတော့သားသွားရတော့မယ်အမေ
အမေ ကျမ်းမာရေးဂရုစိုက်နော်
သားကိုနှင်ချင်စိတ်နဲ့သောက်တဲ့ဆေးတွေကြောင့်အမေနေမကောင်းဖြစ်နေမယ်
အမေ့ဗိုက်တွေလဲ အရမ်းနာနေမှာပဲနော်
အမေ့ရှေ့မှာ သားမငိုလိုက်ရဘူးအမေ
သားသွားတော့မယ် အမေ
အရမ်းနာတာပဲအမေရယ်
အမေဂရုစိုက်ပါနော်….
နောက်တစ်ခေါက် အမေ့ဆီလာရင်
သားအတွက် အပြုံးလေးတစ်ပွင့်နဲ့
အနမ်းလေးတစ်ချက်တော့ သားကိုပေးပါနော်……
မေတ္တာဖြင့်…
Copy# ဓမ္မရေချမ်းစဉ်
Comments