​နေရတဲ့လူ့ဘဝ သက်သက်တမ်းက တိုတိုလေးပါ

နေရတဲ့လူ့ဘ၀ သက်တမ်းကတိုတိုလေးပါ။
စိတ်ညစ်စရာလေးတွေကြုံလာရတဲ့အခါ...
ကောင်းကွက်လေးတွေပြန်ရှာပြီး..
ကိုယ့်ကိုကိုယ်အားပေးကြည့်ပါလားမိတ်ဆွေ..

ခဏတာနေရတဲ့လူ့ဘ၀ကြီးမှာ
…ပျော်ပျော်ရွှင်ရွှင်လေးနေကြည့်ကြရအောင်
ဒီလိုလေးတွေးကြည့်တာပေါ့…

တစ်ညလုံးပောာက်သံထွက်နေတဲ့
ယောက်ျားနဲ့ အတူတူအိပ်ရတဲ့အခါ...
သူပာာတခြားသော သူတွေနဲ့အတူမရှိဘဲ
ကိုယ့်ဘေးမှာ တစ်ညလုံးရှိနေပါလားလို့
တွေးကြည့်လိုက်ပါ…..

ဆယ်ကျော်သက်အရွယ် ကိုယ်ရဲ့သမီးလေး
အစားအသောက်နဲ့ ပတ်သက်ပြီး
ဂျီကြနေတဲ့အခါ သူများတွေလို
လမ်းပေါ်မှာအလေမလိုက်ဘဲ
အိမ်မှာဘေးကင်းစွာရှိနေပါလားလို့
တွေးကြည့်လိုက်ပါ….

အခွန်ခတွေပေးဆောင်နေရလို့
စိတ်ညစ်နေတဲ့အခါ ငါပာာအလုပ်လက်မဲ့
မပာုတ်ပါလားလို. တွေးကြည့်လိုက်ပါ….

ပါတီပွဲပြီးသွားလို့
ရှင်းလင်းသိမ်းဆည်းစရာတွေ
တောင်လိုပုံနေတဲ့အခါ...
ငါ့ရဲ့ဘေးပတ်လည်မှာသူငယ်ချင်းတွေ
အများကြီးရှိတဲ့အတွက် အထီးကျန်ဆန်စွာ
မခံစားရပါလားလို့တွေးကြည့်လိုက်ပါ….

ကိုယ့်ရဲ့အ၀တ်အစားတချို့ကိုယ်နဲ့
မတော်တော့တဲ့အခါ…
ကိုယ်ပာာ၀လင်လုံလောက်စွာ
စားသောက်နေရပါလားလို့
တွေးကြည့်လိုက်ပါ….

ကြမ်းတိုက်စရာတွေ အိမ်သန့်ရှင်းရေးတွေ
လုပ်နေရလို့ ပင်ပန်းနေတဲ့ အခါ
ငါပာာအိမ်တစ်လုံးပိုင်ဆိုင်နေပါလားလို့
တွေးကြည့်လိုက်ပါ….

ကားပါကင်ကိုအေ၀းကြီးမှာ
သွားရပ်ရတဲ့အခါ ငါ့ကိုလိုအပ်တဲ့
နေရာရောက်အောင်ပို့ဆောင်ပေးမဲ့
ကောင်းမွန်တဲ့ခြေထောက်တွေနဲ့ ကျန်းမာတဲ့ခန္ဓာကိုယ်ရှိနေပါလားလို့
တွေးကြည့်လိုက်ပါ…..

အိမ်နီးနားပတ်၀န်းကျင်က ဆူညံသံတွေကို
သည်းမခံနိုင်တော့တဲ့အခါ....
ငါ့မှာအကြားအာရုံခံစားနိုင်တဲ့
ကောင်းမွန်တဲ့ နားတွေ၇ှိနေပါလားလို့
တွေးကြည့်လိုက်ပါ…

အ၀တ်လျှော်စရာ မီးပူတိုက်စရာတွေ
အများကြည့်ရှိလို. စိတ်ညစ်နေပြီလား
ကိုယ့်မှာအ၀တ်အစားလုံလုံလောက်လောက်
ရှိနေပါလားလို့….တွေးကြည့်လိုက်ပါ..

တစ်နေ့တာ ကုန်ဆုံးလုခါနီးမှာ…
တစ်ကိုယ်လုံးညောင်းညာကိုက်ခဲပြီး
ပင်ပန်းနွမ်းနယ်နေတဲ့အခါ
ကိုယ်တစ်နေ့တာအလုပ်ကို
ကြိုးစားစွာလုပ်ဆောင်ခဲ့ပါလားလို့...
တွေးကြည့်လိုက်ပါ…

နှစ်ခြိုက်စွာ အိပ်မောကြနေတဲ့ မနက်ခင်းမှာ ဆူညံစွာနိုးထလာတဲ့ နိုးစက်နာရီသံ
ကြားရတဲ့အခါ ကိုယ်ပာာယနေ့အထိ
အသက်ရှင်နေဆဲပါလားလို့ ...
တွေးကြည့်လိုက်ပါ….

ကဲမိတ်ဆွေ..
ပင်ပန်းနေတဲ့ ကိုယ့်စိတ်ကလေးကို
ကောင်းကွက်လေးတွေရှာပြီး
ဖြေသိမ့်လိုက်ပါလား...

မနက်ဖြန်များစွာပာာ
ပျော်ရွှင်သာယာ လှပနေမှာပါ…

#SKC

Comments

Popular Posts