" စကား​ပြောဆိုရာတွင်​ ”







စကားပြောဆိုရာတွင်

+++++++++++++

စကားပြောတတ်တာက တစ်ပါးသူကို နွေးထွေးမှုဖြစ်စေတယ်၊ အားဖြစ်စေတယ်၊ ယုံကြည်မှုရှိစေတယ်၊ အဆင်ပြေစေတယ်၊နေသာထိုင်သာရှိစေတယ်၊ မျှော်လင့်ချက်ဖြစ်စေတယ်၊ အသိဉာဏ်ဖြစ်စေပါတယ်။

(၁) တစ်ဘက်လူရဲ့ဒေါသမီးကို ထိန်းချုပ်ပေးနိုင်တဲ့စကားလုံး —– ဆောရီးပါနော်

(၂) ကိုယ့်ပင်ကိုအရည်အသွေးကို နှိမ့်ချတဲ့စကားလုံး —— ကျေးဇူးတင်ပါတယ်
(၃) တစ်ဘက်လူကို ရင်ကော့အားဖြစ်စေတဲ့စကားလုံး —– မင်းလုပ်တာ ကောင်းတယ်
(၄) ကျေအေးငြိမ်းချမ်းမှုကို ဆင့်ခေါ်နိုင်တဲ့စကားလုံး —— ငါ မှားသွားတယ်
(၅) ဒီလောကမှာ ရှင်သန်တည်ရှိနေတယ် (လူရာဝင်နေသေးတယ်)ဆိုတဲ့ခံစားချက်ကို ဖြစ်ပေါ်စေတဲ့စကားလုံး —– မင်း အကောင်းဆုံးပဲကွာ
(၆) စိတ်ခံစားချက်ကို မြှင့်တင်ပေးနိုင်တဲ့စကားလုံး —– ဒီနေ့မင်းဝတ်ထားတာ မိုက်တယ်ကွာ၊ ဒီနေ့မင်းသိပ်မိုက်တယ်ကွာ
(၇) အကောင်းဆုံးအဆုံးသတ်ကို ဖြစ်စေနိုင်မယ့်စကားလုံး —— နင်ရဲ့ အတွေးစိတ်ကူးကရော ဘယ်လိုလဲ
(၈) နွေးထွေးနှစ်သိမ့်မှုကိုဖြစ်စေတဲ့စကားလုံး —— ငါကူညီဖို့ လိုအပ်သလား
(၉) တစ်ဘက်သားရဲ့မိမိကိုယ်ကိုယ်ယုံကြည်စိတ်ကို မြှင့်တင်ပေးနိုင်တဲ့စကားလုံး ——- ဟာ… ဒီစိတ်ကူးမိုက်တယ်ကွာ မင်း ဘယ်လိုတွေးလိုက်တာလဲ
(၁ဝ) စိတ်အားထက်သန်မှုကို တသွင်သွင်စီးဆင်းစေနိုင်တဲ့စကားလုံး —— အသက်ဆိုတာ ကိန်းဂဏာန်းလေးပါကွာ
(၁၁) ခွန်အားတွေကို ပြည့်ဖြိုးစေနိုင်တဲ့စကားလုံး ——- နင့်ကို ငါယုံကြည်တယ်
(၁၂) ရဲစွမ်းသတိ္တတွေကို ဖြစ်ပေါ်စေနိုင်တဲ့စကားလုံး —— မင်း လုပ်နိုင်တယ်ဆိုတာ ငါယုံတယ်
(၁၃) လက်ဖွဲ့အဆောင်ထက် ပိုအသုံးဝင်နိုင်တဲ့စကားလုံး —— မင်းအတွက် ငါဆုတောင်းပေးနေတယ်
(၁၄) သတိပေး၊ အကြံပေးစကားထက် ပိုအကျိုးရှိနိုင်တဲ့စကားလုံး ——- အမြဲတမ်း အဆင်ပြေမနေတတ်ဘူးနော်
(၁၅) ငွေကြေးပေးဝယ်စရာမလိုဘဲ ကောင်းတဲ့ခံစားချက်ကိုဖြစ်ပေါ်စေနိုင်တဲ့စကားလုံး ——- မင်းနဲ့အတူရှိနေရတဲ့ခံစားချက်က သိပ်ကောင်းတယ်ကွာ (မင်းနဲ့အတူရှိနေရတာ စိတ်ထဲမှာအေးချမ်းတယ်ကွာ)
(၁၆) သားသမီးတွေရဲ့ ရှေ့ဆက်လျှောက်မယ့်လမ်းကို အားပေးနိုင်တဲ့စကား ——- သားအတွက် ဖေဖေဂုဏ်ယူတယ်ကွာ
(၁၇) သတိ္တကို အသစ်တစ်ဖန်ပြန်မွေးဖွားစေနိုင်တဲ့စကားလုံး ——- ကိစ္စမရှိပါဘူး… အရာအားလုံး ပြန်ကောင်းလာနိုင်ပါတယ်
(၁၈) တစ်ဘက်သားကို တခြားလူထက် တမူထူးတဲ့ခံစားချက်ကိုဖြစ်ပေါ်စေနိုင်တဲ့စကားလုံး —– တကယ်ပဲ မင်းကတော့ စံပဲကွာ
(၁၉) ချစ်ခင်သူတွေကို ဂရုစိုက်မှုတွေပေးနိုင်တဲ့စကားလုံး ——- ငါ့ဘဝမှာ မင်းရှိနေတာ တန်တယ်ကွာ
(၂ဝ) တစ်ဘက်သားရဲ့ ပင်ပန်းနွမ်းနယ်မှုတွေကို နှစ်သိမ့်ပေးနိုင်တဲ့စကားလုံး —– ဒီနေ့ရက်တွေမှာ မင်းတော်တော်ပင်ပန်းပြီကွာ

စကားကို လူတိုင်းပြောတတ်တယ်.. ဒါပေမယ့် စကားအကောင်းကို လူတိုင်းမပြောတတ်ကြဘူး…

စကားအပြောကောင်းတိုင်းလည်း စကားအကောင်းမပြောတတ်ကြပါဘူး…


Credit-Original Upload

Comments

Popular Posts