“ သံသယမိုးနဲ့ စိုက်တဲ့သစ်ပင် ”

᠌᠌᠌ သံသယမိုး နဲ့ စိုက်တဲ့သစ်ပင်
•••••••••••••••••••••••••••••••••
ခဏတာလေးပါပဲ
အတူတူ ရဲရင့်တဲ့ သမိုင်းက
ဒီအချိန်ဆို ခပ်မှိုင်းမှိုင်း
သိုင်းသိုင်းဝိုင်းဝိုင်း လွမ်းတယ်။

တမ်းတမ်းတတ မေ့ပါရစေ
တဖွဖွနဲ့ မေ့ပါရစေ
သီချင်းသံတွေ ကြားတိုင်း မေ့ပါရစေ
အိပ်မက်တိုင်း မေ့ပါရစေ
ဖြစ်နိုင်ရင် 
ဖြူ ဖြူစင်စင် မေ့ပါရစေ။

ဆင်ခြေတွေ လူရာသွင်းကြေးဆို
သိသိကြီး နဲ့ မှားနေဦးတော့
ငါတို့ ညာလက်ထဲက ယုံကြည်ချက် အတွက်
ဘယ်လက် ထဲက အက္ခရာ ဟာ 
ရိုးသားသင့်တယ် ညီမလေး။

တကယ်ဆို
ငါတို့ရဲ့ အနာဂတ်သစ်ပင် မှာ
ယုံကြည်မှု မိုးခေါင်တာထက်
သံယောဇဉ် မြေဆီလွှာ နည်းလွန်းခဲ့တယ်။
                                                                             #Crd ရလဒ်



Comments

Popular Posts