သေခါနီးဝင်လာတတ်သောစိတ်
သေခါနီးဝင်လာတတ်သောစိတ်
■■■■■■■■■■■■■■■■■
မိုးကုတ်ဆရာတော်ဘုရားကြီး
သေခါနီးဖြစ်တဲ့ စိတ်ဟာ အရမ်းကို အရေးကြီးပါတယ် ။ လားရာသုဂတိကို ချက်ချင်းအကျိုးပေးနိုင်ပါတယ် ။ ဒီအကြောင်းတရားကို မြတ်စွာဘုရားရှင်က ယခုလိုဟောကြားခဲ့ပါတယ်... ။
နွားကျောင်းသားဟာ နေ၀င်လို့ နွားတွေကို ခြံထဲသွင်းတဲ့အခါမှာ နွားပျို နွားပေါက်စလေးတွေက ရှေ့ဆုံးကနေ တိုးဝှေ့ပြီး ၀င်ကြတယ် ။
ဒါပေမယ့် မသန်မစွမ်းတော့တဲ့ နွားအိုကြီးတွေကတော့ ဘယ်လောက်ပဲရိုက်နှက်ခြောက်လှန့်သည်ဖြစ်စေ ဖြည်းဖြည်းချင်းပဲ နောက်ဆုံးကနေ ၀င်ကြတယ်။နောက်ဆုံး နွားခြံကို ပိတ်လိုက်တဲ့ အချိန်မှာတော့ နွားအိုကြီးတွေကခြံပေါက်၀မှာပဲ အိပ်ကြရတယ် ။ ဒါပေမယ့် နောက်တစ်နေ့ နွားတွေကို ခြံထဲက
ပြန်ထုတ်တဲ့အခါမှာတော့ ခြံ၀မှာ အိပ်နေတဲ့ နွားအိုကြီးတွေကပဲအရင်ထွက်ခွင့်ရပါတယ် ။ နွားပျိုနွားငယ်တွေကတော့ နောက်ဆုံးမှပဲထွက်ကြရပါတယ် ။
အဲ့ဒီလိုပဲ သေခါနီး ခိုကိုးရာမဲ့နေတဲ့ အချိန်မှာ ဖြစ်တဲ့စိတ်ဟာ အရင်ဆုံးအကျိုးပေးပါတယ်လို့ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါတယ် ။
၀ိပဿနာအသိ မရှိတဲ့ လူ့ပတ်၀န်းကျင်မှာ သေရရင်ဖြင့် အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ။ ကြည့်လေရာ မြင်လေရာက ကိုယ်တစ်ဘ၀လုံး စွဲခဲ့တဲ့အရာတွေချည်းပါပဲ ။ အိမ်တွေ အသုံးအဆောင်တွေ အ၀တ်အစားတွေ သား သမီး လင်မယားတွေ အိမ်မွေးတိရစ္ဆာန်တွေ ။ ကိုယ့်ပတ်၀န်းကျင်မှာ ရှိတာတွေအကုန်လုံးက
ကိုယ့်ကို အပါယ်ဆွဲချမယ့် အရာတွေချည်းပဲ ။
ဒါကြောင့် တစ်ချို့ နားလည်သဘောပေါက်တဲ့ လူတွေဟာ သူတော်ကောင်းနေရာ မေတ္တာဓါတ်လွှမ်းခြုံတဲ့နေရာဆိတ်ငြိမ်တဲ့နေရာတွေမှာ ကြိုတင်စီစဉ်ပြီး သေဆုံးလေ့ ရှိကြပါတယ်။သေမယ့်အချိန်ကို ကြိုမသိနိုင်ပေမယ့် အဲ့လိုနေရာမျိုးမှာပဲ ဘ၀ရဲ့နောက်ဆုံးအချိန်တွေကို ဖြတ်သန်းသွားကြပါတယ် ။ ကြောက်လည်း ကြောက်စရာပါပဲ။အပါယ်ကျသွားလို့ ဘွာတေး လုပ်လို့ မရပါဘူး ။
အကုသိုလ် အစွဲအလန်းတွေ အားကြီးလွန်းလို့ သေခါနီး ဝိဥာဉ်မချုပ်နိုင်ပဲဆန့်တငင်ငင် ဖြစ်နေတဲ့ ပုဂ္ဂိုလ်တွေရှိပါတယ် ။
တစ်ချို့ကလည်းအကုသိုလ်စေတနာ ကုသိုလ်စေတနာ သိပ်ကြီးကြီးမားမား မရှိ.. ဝိပဿနာဥာဏ်ကလည်းမရှိတော့ သူ့ ကံက သူ့ကို ဘယ်ပို့ရမှန်း မသိပဲ ဟိုစိတ်ရောက် လိုက်ဒီ စိတ်ရောက်လိုက်နဲ့ ကြာနေတာတွေ ရှိပါတယ်။ ဒါကိုပဲ ဘေးကလူက ဟိုလူ့စောင့်သလိုလို ဒီလူ့ စောင့်သလိုလို သားကိုပဲ မျှော်သလိုလို သမီးကိုပဲမျှော်သလိုလိုထင်တော့တာပါပဲ ။ သားလေး ရောက်လာပြီ သမီးလေး ရောက်လာပြီထကြည့်ပါဦး လို့ ဘေးကများ ကုန်းအော်လိုက်လို့ကတော့ သေတဲ့သူ တစ်ခါတည်း
သွားရော့ ငရဲအိုးပဲ .. အပါယ်လေးဘုံကို တန်းနေအောင် ပြေးပါတော့တယ် ။
သေတဲ့သူကို ဆွဲခါ လှုပ်ယမ်း ဖက် ပြီး အော်ငိုတာကတော့ အဆိုးဆုံးပါပဲ ။
ကျလုကျခင် ဖြစ်နေတဲ့သူကို ချစ်သလိုလိုနဲ့ ဆောင့်ကန်ချလိုက်တာပါပဲ ။
ဒါကြောင့် ငါသေရင် မငိုကြနဲ့ ဆူဆူညံညံလည်း မလုပ်ကြနဲ့ ငါ့ဘေးနားလည်းမနေကြနဲ့ ငါ့တရားနဲ့ငါ နှလုံးသွင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း သေမယ်လို့အဲ့လို ကြိုတင်ပြီး မိသားစုကို မှာထားရမယ်...
အဖေရယ် အမေရယ် နိမိတ်မရှိသေစကားမပြောပါနဲ့ အဲ့လို ပြောလာရင် ဟဲ့ နိမိတ်မရှိ မလုပ်နဲ့ ..ငါက သေရင်ဒီနိမိတ်နဲ့ပဲ သွားရမှာ ... အဲ့လို ပြတ်ပြတ်သားသား မှာထားရမယ်လို့မိုးကုတ်ဆရာတော်ဘုရားကြီးက အထပ်ထပ်အခါခါ သတိပေးသွားခဲ့တာပါ ။
တစ်ချို့က ကုသိုလ်ကောင်းမှုတွေတော့ လုပ်ခဲ့ပါရဲ့ ဒါပေမယ့် သေခါနီးကျတော့လှူတုန်းကဖြစ်ခဲ့တဲ့ စေတနာကို ပြန်မစွဲပဲ ကျောင်းစွဲ ဘုရားစွဲ ဇရပ်စွဲအဲ့လို စွဲတော့ ကျောင်းစောင့် ဘုရားစောင့် စေတီစောင့်တွေပဲ ဖြစ်ကြရတယ် ။
ရိပ်သာမှာ အားထုတ်ခဲ့ပေမယ့် ဝိပဿနာစိတ် မဖြစ်ပဲ ရိပ်သာစွဲသေတော့ရိပ်သာစောင့် ဖြစ်ရပြန်တယ် ။ စေတနာကို ပြန်စွဲမိရင်တောင်မှအစွဲဖြစ်တဲ့အတွက် ကံရှိသလောက်အကျိုးပေးပြီး ကံကုန်တာနဲ့ ပြန်ဆင်းရမှာပါပဲ။ ဒါကြောင့် အပါယ်လွတ်ရာလမ်း တစ်လမ်းပဲ ရှိပါတယ်။
အဲ့ဒါကတော့
အသက်ရှင်နေထိုင်တုန်းမှာ ဝိပဿနာကို မြင့်မြတ်စွာ ကျင့်ကြံအားထုတ်ပြီးအသေတတ်အောင် ကြိုးစားဖို့ပါပဲ ။
သစ္စာတရားကို နှလုံးသားမှာ ယုံမှားသံသယမရှိအောင် ကျင့်ကြံသွားနိုင်တဲ့အရိယာပုဂ္ဂိုလ်ကတော့ ပတ်၀န်းကျင်ဘယ်လိုပဲ ဖြစ်ဖြစ် မတုန်လှုပ်တော့ပါဘူး ။အရိယာတို့ရဲ့ လားရာသုဂတိဟာ မြဲသွားပြီ ဖြစ်တဲ့အတွက် သူသွားရမယ့် လမ်းကိုဖြောင့်ဖြောင့်တန်းတန်းပဲ သွားပါတယ် ။ ဒါပေမယ့် အဲ့လိုမှ
မကျင့်ကြံနိုင်တဲ့ သာမာန် ပုဂ္ဂိုလ်များအတွက်ကတော့ သေခါနီးအချိန်နဲ့ပတ်၀န်းကျင်ဟာ ကိုယ့်အတွက် နောက်ဆုံးအခွင့်အရေး နောက်ဆုံးကျည်ဆန်ဖြစ်တဲ့အတွက် အလွန်အင်မတန်မှ အရေးကြီးလှပါတယ်လို့ စေတနာအရင်းခံပြီး သတိပေးလိုက်ရပါတယ် ။
Credit to Original Writer

Comments