“ ဝဋ်လည်ခြင်းဆုလာဘ် ”

Unicode:

"ဝဋ်လည်ခြင်း ဆုလာဒ်…"

*
ဂရုစိုက်တတ်တဲ့
လူကို မင်းပစ်ပယ်ထားတဲ့အခါ
ဥပေက္ခာပြုတဲ့ သူနဲ့ပဲ
မင်း ပြန်တွေ့ရလိမ့်မယ်

သည်းခံပေးမှန်း
မင်းသိရက်နဲ့ အနိုင်ယူတဲ့အခါ
သည်း မခံနိုင်တဲ့ သူက
မင်းကို စော်ကားနေသလို
ဖြစ်နေလိမ့်မယ် ...

သဝန်တိုတတ်သူကို
မင်းမျက်ကွယ်ပြုမိတဲ့အခါ
သဝန်မတိုတတ်သူက
မင်းကို လက်ပိုက်ပြီး
ကြည့်နေလိမ့်မယ်....

နားလည်ပေးနိုင်သူကို
မင်းစိတ်ပျက်အောင် လုပ်မိတဲ့အခါ
နားမလည်ပေးနိုင်သူကြောင့် ...
မင်းစိတ်ဆင်းရဲ ရလိမ့်မယ်

အရမ်းချစ်တတ်သူကို
မင်းနာကျင်အောင်လုပ်မိတဲ့အခါ
မချစ်တတ်တဲ့သူက
မင်းအနားရောက်လာလိမ့်မယ်

ခဏပဲစောင့်ပါ

ဝဋ်ဆိုတာ နောင်ဘဝအထိ
မကူးစေပါဘူး ။ လက်စားချေခြင်းနဲ့
အနိုင် မယူလိုသောအခါ

ဝဋ်လည်ခြင်းက
ဆုလာဒ်အဖြစ် မင်းအနား
အရောက်ကို လာဦးမှာပါ..

#Kyat LynnKhatt


Zawgyi:

"ဝဋ်လည်ခြင်း ဆုလာဒ်…"

*
ဂရုစိုက်တတ်တဲ့

သည်းခံပေးမှန်း
သည်း မခံနိုင်တဲ့ သူက
ဖြစ်နေလိမ့်မယ် ...

သဝန်တိုတတ်သူကို
သဝန်မတိုတတ်သူက
မင်းကို လက်ပိုက်ပြီး
ကြည့်နေလိမ့်မယ်....

နားလည်ပေးနိုင်သူကို

အရမ်းချစ်တတ်သူကို
မချစ်တတ်တဲ့သူက

ခဏပဲစောင့်ပါ

ဝဋ်ဆိုတာ နောင်ဘဝအထိ
မကူးစေပါဘူး ။ လက်စားချေခြင်းနဲ့
အနိုင် မယူလိုသောအခါ

ဝဋ်လည်ခြင်းက
ဆုလာဒ်အဖြစ် မင်းအနား
အရောက်ကို လာဦးမှာပါ..

#Kyat LynnKhatt

Comments

Popular Posts