“ သတိရတဲ့ အခါ ”
"သတိရတဲ့အခါ"
မအားလပ်တဲ့အခါ
ဖုန်းဆက်ပါလို့ မပြောရက်ပါဘူး
ဒါပေမဲ့ဖုန်းသံကို မျှော်လင့်မိနေတာတော့
အမှန်ပါပဲ..
အလုပ်ရှုပ်တဲ့အခါ
စာလေးတကြောင်းစ နှစ်ကြောင်းစလောက်
ချန်ထားပါလို့မပြောရက်ပါဘူး
ဒါပေမယ့်
စာလေးတကြောင်းနှစ်ကြောင်းများရှိလေမလားလို့
ကြည့်မိတာတော့ အမှန်ပါပဲ
မတွေ့ဖြစ်တဲ့အခါ
လွမ်းနေပါလို့ မဆိုရက်ပါဘူး
ဒါပေမဲ့ တစက္ကန့် တမိနစ်စာလောက်ဖြစ်ဖြစ်
ကိုယ့်အကြောင်း တွေးနေမလားလို့တော့
မျှော်လင့်မိတာ အမှန်ပါပဲ
ဘာကိုမှ မမျော်လင့်ပါဘူး
ဘာကိုမှ လောဘမကြီးမိပါဘူး
ဘာကိုမှလေ ကိုယ်မတောင်းဆိုပါဘူး
ဒါပေမဲ့လေ
စောင့်စားနေတဲ့လူတယောက်ရှိတာကိုတော့
အမှတ်တမဲ့လေးဖြစ်ဖြစ်
အမှတ်ရစေချင်တာတော့အမှန်ပါပဲ ။ ။
<_>
မအားလပ်တဲ့အခါ
ဖုန်းဆက်ပါလို့ မပြောရက်ပါဘူး
ဒါပေမဲ့ဖုန်းသံကို မျှော်လင့်မိနေတာတော့
အမှန်ပါပဲ..
အလုပ်ရှုပ်တဲ့အခါ
စာလေးတကြောင်းစ နှစ်ကြောင်းစလောက်
ချန်ထားပါလို့မပြောရက်ပါဘူး
ဒါပေမယ့်
စာလေးတကြောင်းနှစ်ကြောင်းများရှိလေမလားလို့
ကြည့်မိတာတော့ အမှန်ပါပဲ
မတွေ့ဖြစ်တဲ့အခါ
လွမ်းနေပါလို့ မဆိုရက်ပါဘူး
ဒါပေမဲ့ တစက္ကန့် တမိနစ်စာလောက်ဖြစ်ဖြစ်
ကိုယ့်အကြောင်း တွေးနေမလားလို့တော့
မျှော်လင့်မိတာ အမှန်ပါပဲ
ဘာကိုမှ မမျော်လင့်ပါဘူး
ဘာကိုမှ လောဘမကြီးမိပါဘူး
ဘာကိုမှလေ ကိုယ်မတောင်းဆိုပါဘူး
ဒါပေမဲ့လေ
စောင့်စားနေတဲ့လူတယောက်ရှိတာကိုတော့
အမှတ်တမဲ့လေးဖြစ်ဖြစ်
အမှတ်ရစေချင်တာတော့အမှန်ပါပဲ ။ ။
<_>
Comments