“ လူသားတိုင်းသံယောဇဉ်ဆိုတာ ကိုယ်စီရှိတတ်ကြတယ်”
လောကလူသားတိုင်းမှာ သံယောဇဉ်ဆိုတာ ကိုယ်စီရှိတတ်ကြပါတယ်။ သူငယ်ချင်းသံယောဇဉ်၊ ညီအကိုမောင်နှမ၊ သားမိသားဖသံယောဇဉ်၊ ချစ်သူခင်သူ သံယောဇဉ်ဆိုပြီး ခေါင်းစဉ်တွေဘယ်လိုပင်ကွဲပြားနေလဲ သံယောဇဉ်ရဲ့ တူညီတဲ့ သဘောတရားကတော့ တွယ်တာမြတ်နိုးခြင်းပဲဖြစ်ပါတယ်။
လူတယောက်ရဲ့စိတ်ကို အလိုလိုက်အကြိုက်ဆောင်ဖို့ ခက်ခဲ့တဲ့အကြောင်းကို "လူ့စိတ်တစ်လုံး အခက်ဆုံး"လို့ သူတော်ကောင်းများအဆက်ဆက် ဆုံးမခဲ့ကြပါတယ်။ မိမိကိုယ်မိမိတောင် မိမိရဲ့စိတ်အလိုကျ လုပ်ဆောင်ဖြည့်ဆည်းမပေးနိုင်ပါဘူး။ ဒီလိုအလိုလိုက်အကြိုက်ဆောင်ဖို့ဆက်ခဲ့တဲ့ မတူညီတဲ့စိတ်ထားရှိတဲ့ လူနှစ်ဦး သံယောဇဉ်ဖြစ်ပေါင်းဖက်ဖို့ဆို အမြဲတမ်းအဆင်ပြေနေဖို့ဆိုတာ အတော်လေးခက်ခဲလှပါတယ်။
တန်ဖိုးရှိတဲ့အရာ မှန်သမျှဘယ်တော့မှ လွယ်လွယ်နဲ့ရလေ့မရှိဘူး ဆိုတဲ့စကားအတိုင်း အလွန်အရေးကြီး တန်ဖိုးရှိတဲ့ သံယောဇဉ်
ကိုတော့ အလွယ်တကူတည်ဆောင်လို့ရမှာမဟုတ်ပါဘူး၊ သဘေားထားကွဲလွဲတာ၊ အမြင်ချင်းမတူတာစတဲ့ အသေးအဖွဲ့လေးတွေကတော့ အမြဲရှိနေမှာပဲဖြစ်ပါတယ်။
ဒီလိုအသေးအဖွဲ့လေးတွေကို ကိုယ်ချစ်သူ၊ခင်သူ သံယောဇဉ်ရှိသူအတွက် မေ့ပျောက်ပစ်ပြီး
သူ့စိတ်ချမ်းသာဖို့ဆိုတဲ့ စိတ်ကလေးမွေးပြီး တယောက်နဲ့တယောက် အလေးထားကာ နာလည်မှုရှိရှိ၊ သစ္စာသိသိနဲ့ အရှည်ခံံအောင် သံယောဇဉ်ထားလက်တွဲသွားနိုင်ဖို့ပဲလိုအပ်တာပါ။ဘ၀ဆိုတာတကယ်တော့ တခနသာပါ တခနသာလူ့ဘ၀မှာ သောကမထား မေတ္တာတရားနဲ့ ထာ၀စဉ်သံယောဇဉ်ထားနိုင်ကြဖို့လိုအပ်ပါတယ်။
-----------------------------------
ဓမ္မဝီရ အရှင်တေဇနိယ
Credit to Dhammavira Ashin
Comments