အသက်အရွယ်လေးကလည်း ရလာပါပြီ။
❦ အချစ်ကို ဘဝမထင်တော့ပါဘူး။
အခုချိန်မှာ နားလည်နေခဲ့ပါပြီ။
❦ အတိတ်ကိုလည်း ပြန်မလိုချင်တော့ပါဘူး။
အမှတ်တရတွေ ရှိနေခဲ့ရင်လည်း အတိတ်မှာ ချန်ထားခဲ့ပါပြီ။
❦ အရာရာကိုလည်း တဇွတ်ထိုး မလုပ်တော့ပါဘူး။
တည်ငြိမ်နေခဲ့ပါပြီ။
❦ စွန့်လွှတ်သင့်သည့် အရွယ်မို့ ဘာကိုမှ မမက်မောတော့ပါဘူး။
အားလုံးနဲ့ ဝေးရာမှာ ရပ်တည်နေပါပြီ။
❦ မမျှော်လင့်သင့်တာတွေ မပိုင်ဆိုင်ချင်တော့ပါဘူး။
အရှိရှိတိုင်းကိုသာ လက်သင့်ခံနေပါပြီ။
❦ ရင့်ကျက်သွားပြီလို့ ဆိုရမလားမသိဘူး။
ဘယ်သူမှမရှိလည်း တစ်ယောက်တည်း နေတတ်နေပါပြီ။
❦ မလာပါနဲ့တော့ မတောင်းဆိုတော့ဘူး။
နှလုံးသားကလည်း သော့ခတ်ထားခဲ့ပြီ။
❦ ဒီအချိန်မှာ ဘာခံစားချက်မှ မရှိတော့ဘူး။
*ချစ်တယ်*လာပြောလည်း ဂရုမစိုက်ဘဲ နေတတ်နေပါပြီ။
❦ ဒါဟာ အချိန်က သင်ပေးလာသည့်ရလဒ်။
ဒါဟာ အတွေ့အကြုံတွေ များလွန်းခဲ့ခြင်း။
ဒါဟာ အချစ်ရဲ့ နိဂုံးချုပ်။
Credit to Mohu Nu
Comments