“ ဘုရားဂုဏ်တော် ”
❝ဘုရားဂုဏ်တော်❞
❝ဘုရား ဂုဏ်တော် ၉ ပါး❞
အရဟံ
သမ္မာသမ္ဗုဒ္ဓေါ
ဝိဇ္ဇာစရဏ သမ္ပန္နော
သုဂတော
လောကဝိဒူ
အနုတ္တရော ပုရိသဒမ္မသာရထိ
သတ်တာဒဝေ မနုဿာနံ
ဗုဒ္ဓေါ
ဘဂဝါ
❝အဓိပ္ပာယ်များ❞
❝အရဟံ ဂုဏ်တော်❞
ကိလေသာကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာတို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူခြင်းဂုဏ်။
❝သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်❞
တရားအလုံးစုံကို သဗ္ဗညုတဉာဏ်ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခြင်းဂုဏ်။
❝ဝိဇ္ဇာစရဏ သမ္ပန္နော ဂုဏ်တော်❞
ဝိဇ္ဇာဉာဏ် ၃-ပါး(၈ပါး) ၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်ခြင်းဂုဏ်။
❝သုဂတော ဂုဏ်တော်❞
အကျိုးရှိသော ဟုတ်မှန်သောစကားကို ကောင်းစွာဆိုတတ်ခြင်း၊ နိဗ္ဗာန်သို့ ကောင်းစွာသွားတတ်ခြင်းဂုဏ်။
❝လောကဝိဒူ ဂုဏ်တော်❞
သတ္တလောက၊ သင်္ခါရလောက၊ ဩကာသလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်ခြင်းဂုဏ်။
❝အနုတ္တရော ပုရိသဒမ္မသာရထိ ဂုဏ်တော်❞
မယဉ်ကျေးသူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်ခြင်းဂုဏ်။
❝သတ္တာဒေဝ မနုဿာနံ ဂုဏ်တော်❞
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်ခြင်းဂုဏ်။
❝ဗုဒ္ဓေါ ဂုဏ်တော်❞
သစ္စာလေးပါးကို ကိုယ်တိုင်သိမြင်၍ သူတစ်ပါးတို့အားလည်း ဟောကြားညွှန်ပြနိုင်သောဂုဏ်။
❝ဘဂဝါ ဂုဏ်တော်❞
ဘုန်းတော် ၆-ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်ခြင်းဂုဏ်။
❝ဘုန်းတော်ခြောက်ပါး❞
ဣဿရိယဘုန်းတော် - မိမိစိတ်ကိုရော၊
တစ်လောကလုံးကိုပါ အစိုးရတော်မူသော မြတ်စွာဘုရား။
ဓမ္မဘုန်းတော် - မဂ်၊ ဖိုလ်၊ နိဗ္ဗာန်တရားနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
ယသဘုန်းတော် - များပြားသော
အခြံအရံ၊ ပျံနှံ့သော အကျော်အစောနှင့်
ပြည့်စုံတော်မူသော မြတ်စွာဘုရား။
သိရီဘုန်းတော် - အတုမရှိသော
ကျက်သရေတော် နှင့် ပြည့်စုံတော်မူသော
မြတ်စွာဘုရား။
ကာမဘုန်းတော် - လိုအင်ဆန္ဒမှန်သမျှ
ခဏချက်ချင်း ပြည့်ဝတော်မူသော မြတ်စွာဘုရား။
ပယတ္တဘုန်တော် - အတုမရှိသော
လုံလဝီရိယနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား။
--------------------------
ရိုသေမြတ်နိုး လက်ဆယ်ဖြာ
ထိပ်မှာမိုး၍ ရှိခိုးပူဇော်ဖူးမြော်မာန်လျော့
ကန်တော့ပါ၏

Comments