နိုင်ငံရပ်ခြား ပညာရှိများ၏ အတွေးအမြင် နီတိ ဒဿနများ ။
နိုင်ငံရပ်ခြား ပညာရှိများ၏
အတွေးအမြင် နီတိ ဒဿနများ ။
=============================
ကူညီလိုသော နှလုံးသား ရှိသူသည်
ဝေဖန် ဆန်းစစ် ပိုင်ခွင့်ရှိသည်။ (လင်ကွန်း)
လောက၌ အဆင်မပြေသော
အရာများကို တွေ့သောအခါ ရယ်မောခြင်းဖြင့်
ခွင့်လွှတ်နိုင်ပါစေ။
ဆေးဝါးလုံးဝ မမှီဝဲရခြင်းသည် သင့် အတွက်
အကောင်းဆုံး ဆေးပင်ဖြစ်သည်။
ရောဂါအမျိုးအမည်ကို
ဖော်နိုင်ခြင်းသည် ထိုရောဂါကိုထက်ဝက်
ကုသပြီးခြင်း မည်ပေ၏။
အလင်းရှိလျှင် အရိပ်ရှိနေမည်။
ထို့အတူ ဘဝ ရှိလျှင် အမှားရှိရမည်မှာ
အမှန်ပင်ဖြစ်၏။
ပညာရှိသည်ဟု ထင်ရ၍
ပညာရှိခြင်းထက် ၊ ပညာရှိသည်ဟု မထင်ရပဲ
ပညာရှိခြင်းက သာလွန်၍ကောင်းမွန်၏။
မိမိတိုင်းပြည်မှ ထွက်ခွာသွားလာခြင်း
မပြုသူတွင် ၊ ဆုံးဖြတ်ဝေဖန်၍
အပြစ်ပြောတတ်သော အကျင့်ဆိုးရှိ၏။
မျက်ရည်သည်။ သင်၏ ငြိမ်သက်သော
ဘာသာတစ်ရပ် ဖြစ်ပေသည် ။
ဂတိပေးရာ၌ အနှေးဆုံးသူသည်
ဂတိတည်၍ အလုပ်၌ သစ္စာအရှိဆုံးဖြစ်၏။
သူရူးသူမိုက်တို့ နောက်ဆုံးမှ
လုပ်လေ့ရှိသော အပြုအမူတို့ကို ပညာရှိတို့သည်
အစကနဦးကပင် လုပ်လေ့ရှိသည်။
အရှုံးနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ
အနိုင်ရသူများ၏ အပြုအမူများကို
အတုယူတတ်ပါစေ။
မုသားစကား ပြောတတ်သွားလျှင်
အကျင့်ဖြစ်ပြီး ထိုအကျင့်ကို
ဖျောက်ဖျက်၍ မရတော့ချေ။
ဗြောင်ကွယ်ခြင်းသည်
ဗြောင်လိမ်ခြင်းထက် ဆိုးဝါးလှ၏။
သူ့ကျေးဇူးတရားကို
ပြန်မဆပ်လျှင်နေပါ သို့သော်
ချီးမွမ်းဖို့ မမေ့ပါနှင့်။
တိတ်တိတ်နေပါ။ ဒါမှမဟုတ်ရင်လည်း
တိတ်တိတ်နေတာထက် ပိုကောင်းတဲ့
စကားကိုသာ ပြောပါ။
ငါကောင်းတယ် ဆိုတာ ငါသိတယ်။
ငါမကောင်းဘူးဆိုတာလည်း ငါပဲသိတယ်။
ပညာရှိများနှင့် ဆွေးနွေးရခြင်းသည်။
မိမိဘာသာ စာအုပ်တစ်ရာဖတ်သည်ထက်
အကျိုးများ ၏။
သာယာသော အိမ်ထောင်စုများဖြင့်
ဖွဲ့စည်းထားသော တိုင်းပြည်ကို မည်သူမျှ
မဖျက်ဆီးနိုင်။
အောင်မြင်နေသော သူများသည်
စိတ်မညစ်၊ စိတ်မပျက်ပဲ ဇွဲမလျော့သော
သူများသာ ဖြစ်သည်။
အချိန်သည် ပျော့ညံ့သူတို့အား စားပစ်သည်။
ထက်မြတ်သူတို့အား မစားနိုင်။
ထက်မြတ်သူတို့ကသာ အချိန်ကို စားပစ်၏။
မှောင်လှချေသည်ဟု ညည်းညူနေမည့်အစား
ဆီမီးတိုင်ကို သင်က ရှာဖွေ၍ ထွန်းညှိလိုက်ပါ။
ကြိုးစားခြင်း လုံ့လဝီရိယတို့သည်
ကံကောင်းခြင်း၏ ရေသောက်မြစ် ဖြစ်သည်။
အသုံးမဝင်သော အသက်ရှင်နေခြင်းသည်
စောစောသေနေခြင်းပင် ဖြစ်သည်။
ကြီးပွားလိုသောသူသည် မိမိဘာသာ
သာ မက တစ်ပါးသော ဘာသာများကိုလည်း
တတ်ကျွမ်းရပေမည်။
သင့်ကို အဆုံးအဖြတ်မခံချင်သော
အရာနှင့် အခြားသူ တစ်ဦးကို သွား၍
မဆုံးဖြတ်ပါလေနှင့်။
အမျှော်အမြင် ကင်းမဲ့သူသာလျှင်
လှပသောအဆင်းကို ကြည့်၍ ထိမ်းမြား
လက်ထပ်တတ်ကြသည်။
သင်သည် အလျင်စလို အိမ်ထောင်ပြုလျှင်
အချိန်အားများ၌ နောင်တရလိမ့်မည်။
လူရိုးသည် စောစောအိမ်ထောင်ပြု၍
ဉာဏ်ပညာ အမြော်အမြင်ရှိသူမှာ ဘယ်တော့မှ
အိမ်ထောင်မပြု။
ရာဇဝင်၌ ကြီးကျယ်ထင်ရှားခဲ့သော
ပုဂ္ဂိုလ်များသည် ဆင်းရဲခဲ့ကြလေသည်။
အောင်မြင်ခြင်းဟူသည်
စွဲမြဲသူ၏ အလုပ်သာဖြစ်၏။
လူများမွေးဖွားလာရခြင်းမှာ
ရှုံးနိမ့်ရန်အတွက် မဟုတ်၊ အောင်မြင်ရန်
အတွက်သာ ဖြစ်၏။
ဘဝကို မြတ်နိုးလျှင် အချိန်မဖြုန်းနှင့်
အချိန်ဖြင့်သာ ဘဝကို တည်ဆောက်ပါလေ ။
လေးစားဂုဏ်ပြုထိုက်သူ အားလုံးကို
ဦးညွတ်လျှက် - ပြည့်ဖြိုးမောင်
Comments