“ ကလေးတွေ မုန့်ဖိုး ”

[Zawgyi:]
ကေလးေတြ မုန႔္ဖိုး 
----------
.
ဘသန္းျမင့္ကို ေတြ႕လိုက္ေတာ့ 
ကြၽန္ေတာ္ ႐ုတ္တရက္ပင္ မမွတ္မိလိုက္ ။ 
ၿပဳံးကာရယ္ကာ ႏႈတ္ဆက္လိုက္ေတာ့မွ 
သူ႕႐ုပ္ ကို ဖမ္းလို႔ရေတာ့သည္ ။ 

ေက်ာင္းတုန္းကႏွင့္ လုံးဝသီးျခား
ျဖစ္ - ေနသည္ ။ ေဘာင္းဘီ ၊ စပို႔ရွပ္ ၊ 
ေနကာမ်က္မွန္ ၊ လက္ကိုင္အိတ္ စသည့္ 
သူတို႔လိုေကာင္ေလးေတြ ဒီေခတ္တြင္ 
ဝတ္ၾကဆင္ၾက ေသာ ပစၥည္းပစၥယေတြႏွင့္
လို႔သာ ေျပာပါရေစေတာ့ ။ သူတို႔၏ 
ပစၥည္းေတြ ဘယ္ဟာကဘယ္ေလာက္ 
အဖိုးတန္သည္ကို ကြၽန္ေတာ္ လုံးဝ
နားမလည္ ။ ေျပာရလွ်င္ ရွက္စရာပါ ။ 
သို႔ေသာ္ ေျပာလိုက္ရပါဦးမည္ ။ 

မၾကာေသးမီက ကြၽန္ေတာ့္တပည့္
တစ္ေယာက္က ရွပ္ တစ္ထည္ ယူလာၿပီး 
ကန္ေတာ့သြားသည္ ။ ကြၽန္ေတာ္ကေတာ့ 
သာမန္ပါပဲ ။ ကြၽန္ေတာ့္သားမ်ားက 
သူတို႔အေဖ၏ အရည္ အခ်င္းကို 
စမ္းသပ္ခ်င္ေလသလား မသိ ။ 

“ ေဖေဖ အဲဒီရွပ္ ဘယ္ေလာက္ေပးရမလဲ 
ထင္သလဲ ” တဲ့ ။ ကြၽန္ေတာ္ကလည္း 
သည္ေကာင္ေတြ ေမးကတည္းက 
အေတာ္ေလး တန္ဖိုးရွိလို႔ ျဖစ္မွာပဲဟု 
ေတြးၿပီး “ တစ္ရာ့ငါးဆယ္ ၊ ႏွစ္ရာေအာက္
ေတာ့ မေလ်ာ့ဘူးထင္တယ္ကြ ” ဟု 
ေျပာလိုက္ရာ သူတို႔က ဝိုင္းရယ္ လိုက္
ၾကၿပီး “ ေဖေဖ အဲဒီတံဆိပ္နဲ႕ အကၤ်ီကို 
ခုသြားၿပီး ေရာင္းရင္ ငါးရာေလာက္
ရနိုင္တယ္ ” ဟု ေျပာလိုက္မွ သူတို႔ 
အဝတ္အစား ေတြကို ကြၽန္ေတာ္ လန႔္သြားသည္ ။ 

ထို႔ေၾကာင့္ ဘသန္းျမင့္၏ ပစၥည္းပစၥယ
အေၾကာင္း က်က်နန ဘာမွ်မေျပာနိုင္ပါ ။ 
သို႔ေသာ္ သည္ေကာင္ အေတာ့္ ကို 
ဟန္က်ပန္က် ျဖစ္ေနေၾကာင္းေတာ့ျဖင့္ 
ေကာင္းေကာင္းႀကီး သိသာေနပါသည္ ။ 

ေက်ာင္းတုန္းက ဘသန္းျမင့္ကို ျပန္ၿပီး 
သတိရမိသည္ ။ သူ၏ အိမ္အေျခအေနမွာ 
အတန္အသင့္ ႏြမ္းပါးဟန္ရွိသည္ ။ 

ေက်ာင္းလခလား ၊ စာေမးပြဲေၾကးလား 
မမွတ္မိေတာ့ ၊ တစ္ခါ ႏွစ္ခါေလာက္လည္း 
ကြၽန္ေတာ့္ထံ ေခတၱခဏ ေငြလွည့္ဖူးသည္ ။ ျပန္ေတာ့ အၿမဲေပးပါသည္ ။ 
သူသည္ စည္းကမ္းရွိသည္ ။ စာကို ေတာ့ 
အလြန္ႀကိဳးစားသူမ်ိဳး မဟုတ္ ၊ မွန္မွန္စာ
ၾကည့္သည့္ သေဘာသာ ျဖစ္သည္ ။ 

ကြၽန္ေတာ္ မွတ္မိတာတစ္ခု ရွိေသးသည္ ။ 
ကြၽန္ေတာ့္ ဗီရိုကို ဖြင့္ၿပီး ဘီစကစ္ ၊ 
ကိတ္ေျခာက္စသည့္ တိုလီမိုလီ မုန႔္ကေလး
ေတြကို ရွာေဖြၿပီး စားသြားတတ္သည္ ။ 
ထို မုန႔္မ်ိဳးဆို သည္မွာလည္း ကြၽန္ေတာ္
ကိုယ္တိုင္ စိတ္လိုလက္ရ ဝယ္ထား သည္
က အလြန႔္ကိုနည္းပါသည္ ။ ေက်ာင္းသူ 
ေကာင္မေလး ေတြက ဝယ္ျခမ္းလာၾကၿပီး 
“ ဆရာ ေဟာဒီမွာ ” ဆိုၿပီး ထည့္ ေပးသြား
သည္ကသာ မ်ားပါသည္ ။ ။ 

“ လာပါဆရာ ၊ တစ္ခုခု စားၾကရေအာင္ပါ ။
ဆရာနဲ႕ ႀကဳံေတာင့္ႀကဳံခဲ ေတြ႕ရတာပါ ။ 
အိမ္ကိုလာရင္လဲ ဆရာ့ကို ေတြ႕ရတာမွ မဟုတ္ပဲ ” ဘသန္းျမင့္ ဇြတ္ေခၚသည္ႏွင့္ 
လက္ဖက္ရည္ဆိုင္ တစ္ဆိုင္ထဲသို႔ 
ဝင္လိုက္ၾကပါသည္ ။ 

သူ သေဘၤာလိုက္သည္ကို ေတာ့ 
ကြၽန္ေတာ္ ၾကားလိုက္ရသည္ ။ 
ဘယ္ေလာက္ၾကာၿပီး _ ဘာေတြျဖစ္
ေနသည္ကိုေတာ့ ေသေသခ်ာခ်ာ
မသိပါ ။ ယခုမွ သိရသည္က 
အိမ္ေလးရာေလးႏွင့္ အေတာ္ေလး
အေျခခိုင္ သြားေၾကာင္း ၊ ေနာက္ တစ္
ေခါက္ႏွစ္ေခါက္လိုက္ၿပီးလွ်င္ 
ရန္ကုန္မွာပဲ အေျခတက်လဳပ္ငန္းလုပ္မည့္
အေၾကာင္း ၊ အိမ္ ေထာင္ျပဳေတာ့မည္
ျဖစ္ေၾကာင္း စသည္တို႔ကို သိရပါသည္ ။ 

ထို႔ေနာက္ လက္ဖက္ရည္ဖိုး ရွင္းေတာ့မည္
ကဲ့သို႔ သူ႕ လက္ကိုင္အိတ္ကို ထုတ္သည္ ။ 
ၿပီးေတာ့ ကြၽန္ေတာ့္ လက္ကိုင္ အိတ္ကို 
လွမ္းဆြဲယူဖြင့္လိုက္ၿပီး ေငြစကၠဴတစ္ထပ္
ကို ထည့္မည္ လုပ္ပါသည္ ။ 

“ ေဟ့ - ဘသန္းျမင့္ ဒီလိုမလုပ္နဲ႕ ၊ ငါဟာ 
မခ်မ္းသာပါ ဘူး ။ ဒါေပမဲ့ မဆင္းရဲဘူး ။ 
ေငြေရးေၾကးေရး ဘာမွမလိုဘူး ။ 
ငါ မလိုခ်င္ဘူး ” ဟု မ်က္ႏွာထား 
ခပ္တင္းတင္းပဲ ေျပာ လိုက္သည္ ။ 

ဘသန္းျမင့္ မ်က္ႏွာအနည္းငယ္ပ်က္သြား
ၿပီးမွ ေလသံ ခပ္ေအးေအးႏွင့္ - 
“ ဒီလိုမေျပာပါနဲ႕ ဆရာရယ္ ။ 
ဆရာ့ဘဝ ေအးေအး ခ်မ္းခ်မ္း မပူရ
မပင္ရ ေနနိုင္တယ္ဆိုတာ ကြၽန္ေတာ္ 
သိပါ တယ္ ။ ဆရာ့ေက်းဇူးေတြ 
ကြၽန္ေတာ့္မွာ ရွိပါတယ္ ။ ဆရာ့ကို 
ကြၽန္ေတာ္ ဘယ္ေတာ့မွ မေမ့ဘူးဆိုတာကို 
အသိအမွတ္ျပဳတဲ့ အေနနဲ႕ ဆရာ့ကေလး
ေတြဖို႔ မုန႔္ဖိုးအျဖစ္ ယူသြားပါ ဆရာ ။ 
ကေလးေတြအတြက္ပါ ” 

သူ႕မ်က္ႏွာကို ၾကည့္လိုက္ေတာ့ 
တကယ့္ကို သူ႕ေစတနာ ကို ျပလိုသည့္ 
သေကၤတမွ်သာ ျဖစ္ေၾကာင္းကို 
သိလိုက္ပါ သည္ ။ ထို႔ေၾကာင့္ 
ကြၽန္ေတာ္လည္း ဘာမွ်ျပန္မေျပာေတာ့ဘဲ 
ခပ္ငိုင္ငိုင္သာ ၾကည့္ေနလိုက္မိပါသည္ ။ ။ 

လူခ်င္းခြဲခါနီးေတာ့ “ အခ်ိန္ရရင္ 
ဆရာ့အိမ္ကို လာခဲ့ဦး မယ္ ဆရာ ” ဟု 
ေျပာၿပီး လက္အုပ္ခ်ီ ႏႈတ္ဆက္သြားပါ
ေသးသည္ ။ အိတ္ကို ဖြင့္ၾကည့္လိုက္ေတာ့ 
ေငြသုံးရာ ထည့္ေပးသြား သည္ကို 
ေတြ႕လိုက္ရပါသည္ ။ ထိုေငြကို ကြၽန္ေတာ္ 
ဘာလုပ္ရ မည္နည္း ဆိုသည္ကို 
စဥ္းစားလို႔မရနိုင္ေအာင္ ျဖစ္ေနမိသည္ ။ 

“ ေအးေလ . . . ကေလးေတြ မုန႔္ဖိုးပဲေပါ့ ” ဟု စိတ္ကိုေျဖၿပီး ေတြးလိုက္မိပါသည္ ။ 

ထိုကဲ့သို႔ ခပ္ငိုင္ငိုင္ လမ္းေလွ်ာက္
လာေနစဥ္မွာပင္ “ ဆရာ . . . ဆရာ ” ဟု 
ေခၚလိုက္သံၾကားလို႔ လွည့္ၾကည့္ 
လိုက္ေတာ့ မိန္းကေလးတစ္ေယာက္ ။ 
ခပ္ပိန္ပိန္ပါးပါး ၊ ေသခ်ာ ၾကည့္လိုက္
ေတာ့မွ မွတ္မိၿပီ - 

“ ဟဲ - လွျမတ္ေထြးပါလား ။ 
မေတြ႕ရတာၾကာၿပီ ။ ထြန္းေအာင္ေကာ 
ေနေကာင္းလား ။ ဘာလုပ္ေနၾကလဲ ။ 
နင္တို႔ ကေလးဘယ္ႏွစ္ေယာက္ရၿပီလဲ ” 
စသည္ျဖင့္ တသီႀကီး ေမး လိုက္မိပါသည္ ။ 

သင္ လမ္းမွာပင္ စကားရပ္ေျပာရင္း 
သိလာရသည္ ။ ထြန္းေအာင္က 
မၾကာေသးမီကပင္ အလုပ္လက္မဲ့ 
ျဖစ္သြား သည္ ။ လွျမတ္ေထြး၏ 
လခကေလးကိုသာ ေခြၽတာစားေသာက္ ၾကရသည္ ။ ဒုတိယကေလးကလည္း 
နို႔ဘူးတိုက္ရသည္ႏွင့္ ဘာ ႏွင့္ဆိုေတာ့ 
အေတာ္ေလး ကသီလင္တျဖစ္ေန
ၾကရဟန္ တူ သည္ ။ မိဘမ်ားကလည္း 
ယခင္ကလို စီးပြားေရး မေတာင့္တင္း 
သည္ေၾကာင့္ သိပ္ၿပီး ေထာက္ပံ့နိုင္ၾကဟန္ မတူပါ ။ ။ 

ေက်ာင္းသူဘဝတုန္းက 
လွျမတ္ေထြးကို ျပန္ၿပီး သတိရ မိသည္ ။ 
ျမဴးျမဴးႂကြႂကြ ၊ လွေပ့ေကာင္းေပ့ဆိုေသာ 
အဝတ္အစား ေလးမ်ားကို ဝတ္ဆင္တတ္သူ ။ 
ကြၽန္ေတာ့္အတြက္ စားစရာမုန႔္ ကို 
မၾကာခဏ ယူလာတတ္သည္ ။ သူတို႔အိမ္
နားမွာ မုန႔္ဖုတ္ သည့္အိမ္ရွိလို႔ ထင္ပါရဲ႕ ။ 

နာနတ္ယိုသြပ္ထားသည့္ မုန႔္တစ္မ်ိဳး မွာ အေတာ္စားေကာင္းသည္ကို 
ကြၽန္ေတာ္ မွတ္မိေနေသးသည္ ။ 

( ယခု သူ႕ကို ၾကည့္လိုက္ေတာ့ 
အဝတ္အစားက ႏြမ္းလွ သည္ဟု မဆိုနိုင္
ေတာင္မွ သစ္သစ္လြင္လြင္ေတာ့ မဟုတ္ ။ 
သူ႕ဖိနပ္ကို သတိထားၾကည့္လိုက္ေတာ့ 
ႏြမ္းပါးရွာမွန္း ပိုၿပီး သိသာေနသည္ ။ 

“ ငါလဲ ဆာေနတယ္ ။ လာဟာ - 
ဆီခ်က္စားရင္း စကားေျပာၾကရေအာင္ ” 
ဟု ဆိုၿပီး သူ႕ကို ေခၚရသည္ ။ 

သူက ေနပါေစဟု ေျပာေသာ္လည္း 
ကြၽန္ေတာ္ႏွင့္ေတာ့ စကားေျပာ
ခ်င္ပုံရသည္ ။ ဆီခ်က္စားရင္း 
“ ေက်ာင္းသူဘဝကို ျပန္ၿပီး လြမ္းတယ္ 
ဆရာ ” ဟု တမ္းတမ္းတတ ေျပာရွာေသး
သည္ ။ 

“ နင္ - ငါ့ဖို႔ မုန႔္ေတြ ဝယ္ဝယ္လာတာ 
မွတ္မိေသးလား ” | ဟု ေျပာေတာ့ 
သူက “ အဲဒီတုန္းက သိပ္ေပ်ာ္စရာေကာင္း
တာပဲ ဆရာရယ္ ။ ကြၽန္မျဖင့္ ေတြးမိတိုင္း 
လြမ္းတယ္ ” 

ခဏရွိေတာ့ ကြၽန္ေတာ္ကလည္း 
ဘသန္းျမင့္ လုပ္သြားတဲ့ နည္းအတိုင္းပါပဲ ။ 
သူ႕လက္ေပြ႕အိတ္ကေလးကို 
ေကာက္ယူ ဖြင့္ လိုက္ၿပီး ဘသန္းျမင့္ 
ေပးခဲ့တဲ့ ေငြသုံးရာကို ထည့္မယ္
လုပ္လိုက္ေတာ့ သူက မ်က္စိပ်က္ ၊ 
မ်က္ႏွာပ်က္ျဖစ္ ကာ ပ်ာပ်ာသလဲ - . 

“ မလုပ္ပါနဲ႕ ဆရာရယ္ ။ မယူပါရေစနဲ႕ ” 
ဟု ေျပာရင္း သူ႕အိတ္ကို ျပန္ယူမည္ 
လုပ္ပါသည္ ။ ကြၽန္ေတာ္က ျပန္မေပး ဘဲ 
ဇြတ္ထည့္ေနေတာ့ - 
“ မလုပ္ပါနဲ႕ ဆရာ ။ ကိုထြန္းေအာင္ 
ကြၽန္မကို ဆဲလိမ့္မယ္ ” 
“ ေအး . . . ထြန္းေအာင္လဲ ငါ့တပည့္ ၊ 
နင္လဲ ငါ့ တပည့္ပဲ ။ အဲသည္ ေကာင္ကို 
ေပးတာမဟုတ္ဘူး ။ နင့္ကို ေပး တာလဲ 
မဟုတ္ဘူး ။ ကေလးေတြအတြက္ မုန႔္ဖိုး 
ေပးလိုက္တာ ၾကားလား ” 

ထို႔ေနာက္မွ ကြၽန္ေတာ္က မ်က္ႏွာထားကို 
ခပ္တင္း တင္း ျပင္လိုက္ၿပီး ခပ္ေအးေအး ၊ 
ခပ္တင္းတင္းေလသံႏွင့္ - 

“ ဒီမယ္ လွျမတ္ေထြး ၊ ဆရာတစ္ေယာက္
မွာ တပည့္ ေတြဆိုတာ အမ်ားႀကီးရွိတာပဲ ။ 
ဒါေပမဲ့ ကိုယ့္မွာ အက်ပ္ အတည္း 
ႀကဳံလာရင္ လိပ္ျပာမငယ္ဘဲ 
အကူအညီသြားေတာင္း ဝံ့တဲ့ တပည့္မ်ိဳး 
မ်ားမ်ားမရွိဘူး ။ အဲဒီအထဲမွာ 
နင္တို႔ လင္မယားႏွစ္ေကာင္လုံးကို 
အားကိုးနိုင္တယ္လို႔ ငါ အၿမဲယူဆ ခဲ့တယ္ ။ 
ငါ့အေပၚမွာလဲ နင္တို႔လင္မယားက 
အဲဒီလို အျပန္ အလွန္သေဘာထားသင့္
တယ္ ။ ေနာက္ၿပီး နင္တို႔က ေမြးတဲ့ 
ကေလးဟာလဲ ငါ့ေျမးေတြလိုပဲ ျဖစ္လာၿပီ 
မဟုတ္လား ” 

ကြၽန္ေတာ္၏ ေလသံ ၊ ကြၽန္ေတာ္၏ 
မ်က္ႏွာထားကို ၾကည့္ရင္း 
ကြၽန္ေတာ့္စကားေတြကို ၾကားေတာ့မွ 
လွျမတ္ေထြး မ်က္ရည္ဆင္းလာပါသည္ ။ 
ဘာမွ ျပန္မေျပာေတာ့ပါ ။ 

လူခ်င္းခြဲခါနီးေတာ့ - “ ဒီမယ္ လွျမတ္
ေထြး ၊ လူဆင္းရဲေပမဲ့ စိတ္မဆင္းရဲ ေစနဲ႕ ။ 
စီးပြားက်ေပမဲ့ စိတ္မက်ေစနဲ႕ ။ 

ခ်မ္းသာျခင္းဆိုတာ 
သခၤါရပဲလို႔ ေျပာၾကတယ္ ။ ဒါေပမဲ့ 
ဆင္းရဲတယ္ဆိုတာလဲ သခၤါရပဲဆိုတာ 
ၿမဲၿမဲမွတ္ထား ။ နင္တို႔လင္မယား 
အၿမဲထာဝရ ႏြမ္းပါးေနမွာ မဟုတ္ဘူး ။ 

ပိုင္ရွင္မရွိတဲ့ ေခြးေလေခြးလြင့္ 
ေတာင္မွ သူ႕ဘဝမွာ ေန႕ေကာင္းရက္သာ 
ရက္ရာဇာ ဆိုတာ ရွိစၿမဲပဲ ။ ဘာမွ 
အားငယ္ေနဖို႔ မလိုဘူး ။ အခိုက္အတန႔္မွ်
လို႔သာ သေဘာထား ။

လင္မယားခ်င္း စကားမမ်ားမိေအာင္ 
ဂ႐ုစိုက္ ၾက ။ ထြန္းေအာင္ကိုလဲ 
ငါက မွာလိုက္တယ္လို႔ ဒီစကားေတြကို 
ေသခ်ာျပန္ၿပီး ေျပာလိုက္ ၊ ၾကားလား ” 
လွျမတ္ေထြး ဝမ္းသာျခင္း ၊ ဝမ္းနည္းျခင္း 
၊ အားတက္ ျခင္း ၊ အားငယ္ျခင္းတို႔ကို 
တစ္ၿပိဳင္နက္ခံစားၿပီး မ်က္ရည္က 
ေဝ့ေဝ့ ႏႈတ္ခမ္းကေလး တုန္တုန္ရီရီႏွင့္ 
ႏႈတ္ဆက္သြားပါ သည္ ။ ဘသန္းျမင့္ 
ေပးလိုက္ေသာ “ ကေလးေတြဖို႔ မုန႔္ဖိုးမွာ 
သူ႕ရည္မွန္းခ်က္အတိုင္း “ကေလးေတြဖို႔ 
မုန႔္ဖို႔ပဲ ျဖစ္သြားပါေလၿပီ ။ 

ဪ . . . ေက်ာင္းမွာတုန္းက 
သူစားခဲ့တဲ့ မုန႔္ဖိုးနဲ႕ပဲ တူေသးေတာ့ ။ 

ဘသန္းျမင့္ ေပးခဲ့ေသာ ေငြ 
ကြၽန္ေတာ့္မွာ တစ္ျပားမွ မက်န္ေတာ့ပါ ။ 
သို႔ေသာ္ အမ်ားႀကီး က်န္ခဲ့ပါသည္ ။ 

ေအာင္သင္း « တခါတုန္းက တပည့္ေတြ » 
စာအုပ္မွ ကူးယူ ေဖာ္ျပပါသည္။

- ကိုျပည့္ | 🙂🙂
----------




[ Unicode: ]

ကလေးတွေ မုန့်ဖိုး 
----------
.
ဘသန်းမြင့်ကို တွေ့လိုက်တော့ 
ကျွန်တော် ရုတ်တရက်ပင် မမှတ်မိလိုက် ။ 
ပြုံးကာရယ်ကာ နှုတ်ဆက်လိုက်တော့မှ 
သူ့ရုပ် ကို ဖမ်းလို့ရတော့သည် ။ 

ကျောင်းတုန်းကနှင့် လုံးဝသီးခြား
ဖြစ် - နေသည် ။ ဘောင်းဘီ ၊ စပို့ရှပ် ၊ 
နေကာမျက်မှန် ၊ လက်ကိုင်အိတ် စသည့် 
သူတို့လိုကောင်လေးတွေ ဒီခေတ်တွင် 
ဝတ်ကြဆင်ကြ သော ပစ္စည်းပစ္စယတွေနှင့်
လို့သာ ပြောပါရစေတော့ ။ သူတို့၏ 
ပစ္စည်းတွေ ဘယ်ဟာကဘယ်လောက် 
အဖိုးတန်သည်ကို ကျွန်တော် လုံးဝ
နားမလည် ။ ပြောရလျှင် ရှက်စရာပါ ။ 
သို့သော် ပြောလိုက်ရပါဦးမည် ။ 

မကြာသေးမီက ကျွန်တော့်တပည့်
တစ်ယောက်က ရှပ် တစ်ထည် ယူလာပြီး 
ကန်တော့သွားသည် ။ ကျွန်တော်ကတော့ 
သာမန်ပါပဲ ။ ကျွန်တော့်သားများက 
သူတို့အဖေ၏ အရည် အချင်းကို 
စမ်းသပ်ချင်လေသလား မသိ ။ 

“ ဖေဖေ အဲဒီရှပ် ဘယ်လောက်ပေးရမလဲ 
ထင်သလဲ ” တဲ့ ။ ကျွန်တော်ကလည်း 
သည်ကောင်တွေ မေးကတည်းက 
အတော်လေး တန်ဖိုးရှိလို့ ဖြစ်မှာပဲဟု 
တွေးပြီး “ တစ်ရာ့ငါးဆယ် ၊ နှစ်ရာအောက်
တော့ မလျော့ဘူးထင်တယ်ကွ ” ဟု 
ပြောလိုက်ရာ သူတို့က ဝိုင်းရယ် လိုက်
ကြပြီး “ ဖေဖေ အဲဒီတံဆိပ်နဲ့ အင်္ကျီကို 
ခုသွားပြီး ရောင်းရင် ငါးရာလောက်
ရနိုင်တယ် ” ဟု ပြောလိုက်မှ သူတို့ 
အဝတ်အစား တွေကို ကျွန်တော် လန့်သွားသည် ။ 

ထို့ကြောင့် ဘသန်းမြင့်၏ ပစ္စည်းပစ္စယ
အကြောင်း ကျကျနန ဘာမျှမပြောနိုင်ပါ ။ 
သို့သော် သည်ကောင် အတော့် ကို 
ဟန်ကျပန်ကျ ဖြစ်နေကြောင်းတော့ဖြင့် 
ကောင်းကောင်းကြီး သိသာနေပါသည် ။ 

ကျောင်းတုန်းက ဘသန်းမြင့်ကို ပြန်ပြီး 
သတိရမိသည် ။ သူ၏ အိမ်အခြေအနေမှာ 
အတန်အသင့် နွမ်းပါးဟန်ရှိသည် ။ 

ကျောင်းလခလား ၊ စာမေးပွဲကြေးလား 
မမှတ်မိတော့ ၊ တစ်ခါ နှစ်ခါလောက်လည်း 
ကျွန်တော့်ထံ ခေတ္တခဏ ငွေလှည့်ဖူးသည် ။ ပြန်တော့ အမြဲပေးပါသည် ။ 
သူသည် စည်းကမ်းရှိသည် ။ စာကို တော့ 
အလွန်ကြိုးစားသူမျိုး မဟုတ် ၊ မှန်မှန်စာ
ကြည့်သည့် သဘောသာ ဖြစ်သည် ။ 

ကျွန်တော် မှတ်မိတာတစ်ခု ရှိသေးသည် ။ 
ကျွန်တော့် ဗီရိုကို ဖွင့်ပြီး ဘီစကစ် ၊ 
ကိတ်ခြောက်စသည့် တိုလီမိုလီ မုန့်ကလေး
တွေကို ရှာဖွေပြီး စားသွားတတ်သည် ။ 
ထို မုန့်မျိုးဆို သည်မှာလည်း ကျွန်တော်
ကိုယ်တိုင် စိတ်လိုလက်ရ ဝယ်ထား သည်
က အလွန့်ကိုနည်းပါသည် ။ ကျောင်းသူ 
ကောင်မလေး တွေက ဝယ်ခြမ်းလာကြပြီး 
“ ဆရာ ဟောဒီမှာ ” ဆိုပြီး ထည့် ပေးသွား
သည်ကသာ များပါသည် ။ ။ 

“ လာပါဆရာ ၊ တစ်ခုခု စားကြရအောင်ပါ ။
ဆရာနဲ့ ကြုံတောင့်ကြုံခဲ တွေ့ရတာပါ ။ 
အိမ်ကိုလာရင်လဲ ဆရာ့ကို တွေ့ရတာမှ မဟုတ်ပဲ ” ဘသန်းမြင့် ဇွတ်ခေါ်သည်နှင့် 
လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲသို့ 
ဝင်လိုက်ကြပါသည် ။ 

သူ သင်္ဘောလိုက်သည်ကို တော့ 
ကျွန်တော် ကြားလိုက်ရသည် ။ 
ဘယ်လောက်ကြာပြီး _ ဘာတွေဖြစ်
နေသည်ကိုတော့ သေသေချာချာ
မသိပါ ။ ယခုမှ သိရသည်က 
အိမ်လေးရာလေးနှင့် အတော်လေး
အခြေခိုင် သွားကြောင်း ၊ နောက် တစ်
ခေါက်နှစ်ခေါက်လိုက်ပြီးလျှင် 
ရန်ကုန်မှာပဲ အခြေတကျလုပ်ငန်းလုပ်မည့်
အကြောင်း ၊ အိမ် ထောင်ပြုတော့မည်
ဖြစ်ကြောင်း စသည်တို့ကို သိရပါသည် ။ 

ထို့နောက် လက်ဖက်ရည်ဖိုး ရှင်းတော့မည်
ကဲ့သို့ သူ့ လက်ကိုင်အိတ်ကို ထုတ်သည် ။ 
ပြီးတော့ ကျွန်တော့် လက်ကိုင် အိတ်ကို 
လှမ်းဆွဲယူဖွင့်လိုက်ပြီး ငွေစက္ကူတစ်ထပ်
ကို ထည့်မည် လုပ်ပါသည် ။ 

“ ဟေ့ - ဘသန်းမြင့် ဒီလိုမလုပ်နဲ့ ၊ ငါဟာ 
မချမ်းသာပါ ဘူး ။ ဒါပေမဲ့ မဆင်းရဲဘူး ။ 
ငွေရေးကြေးရေး ဘာမှမလိုဘူး ။ 
ငါ မလိုချင်ဘူး ” ဟု မျက်နှာထား 
ခပ်တင်းတင်းပဲ ပြော လိုက်သည် ။ 

ဘသန်းမြင့် မျက်နှာအနည်းငယ်ပျက်သွား
ပြီးမှ လေသံ ခပ်အေးအေးနှင့် - 
“ ဒီလိုမပြောပါနဲ့ ဆရာရယ် ။ 
ဆရာ့ဘဝ အေးအေး ချမ်းချမ်း မပူရ
မပင်ရ နေနိုင်တယ်ဆိုတာ ကျွန်တော် 
သိပါ တယ် ။ ဆရာ့ကျေးဇူးတွေ 
ကျွန်တော့်မှာ ရှိပါတယ် ။ ဆရာ့ကို 
ကျွန်တော် ဘယ်တော့မှ မမေ့ဘူးဆိုတာကို 
အသိအမှတ်ပြုတဲ့ အနေနဲ့ ဆရာ့ကလေး
တွေဖို့ မုန့်ဖိုးအဖြစ် ယူသွားပါ ဆရာ ။ 
ကလေးတွေအတွက်ပါ ” 

သူ့မျက်နှာကို ကြည့်လိုက်တော့ 
တကယ့်ကို သူ့စေတနာ ကို ပြလိုသည့် 
သင်္ကေတမျှသာ ဖြစ်ကြောင်းကို 
သိလိုက်ပါ သည် ။ ထို့ကြောင့် 
ကျွန်တော်လည်း ဘာမျှပြန်မပြောတော့ဘဲ 
ခပ်ငိုင်ငိုင်သာ ကြည့်နေလိုက်မိပါသည် ။ ။ 

လူချင်းခွဲခါနီးတော့ “ အချိန်ရရင် 
ဆရာ့အိမ်ကို လာခဲ့ဦး မယ် ဆရာ ” ဟု 
ပြောပြီး လက်အုပ်ချီ နှုတ်ဆက်သွားပါ
သေးသည် ။ အိတ်ကို ဖွင့်ကြည့်လိုက်တော့ 
ငွေသုံးရာ ထည့်ပေးသွား သည်ကို 
တွေ့လိုက်ရပါသည် ။ ထိုငွေကို ကျွန်တော် 
ဘာလုပ်ရ မည်နည်း ဆိုသည်ကို 
စဉ်းစားလို့မရနိုင်အောင် ဖြစ်နေမိသည် ။ 

“ အေးလေ . . . ကလေးတွေ မုန့်ဖိုးပဲပေါ့ ” ဟု စိတ်ကိုဖြေပြီး တွေးလိုက်မိပါသည် ။ 

ထိုကဲ့သို့ ခပ်ငိုင်ငိုင် လမ်းလျှောက်
လာနေစဉ်မှာပင် “ ဆရာ . . . ဆရာ ” ဟု 
ခေါ်လိုက်သံကြားလို့ လှည့်ကြည့် 
လိုက်တော့ မိန်းကလေးတစ်ယောက် ။ 
ခပ်ပိန်ပိန်ပါးပါး ၊ သေချာ ကြည့်လိုက်
တော့မှ မှတ်မိပြီ - 

“ ဟဲ - လှမြတ်ထွေးပါလား ။ 
မတွေ့ရတာကြာပြီ ။ ထွန်းအောင်ကော 
နေကောင်းလား ။ ဘာလုပ်နေကြလဲ ။ 
နင်တို့ ကလေးဘယ်နှစ်ယောက်ရပြီလဲ ” 
စသည်ဖြင့် တသီကြီး မေး လိုက်မိပါသည် ။ 

သင် လမ်းမှာပင် စကားရပ်ပြောရင်း 
သိလာရသည် ။ ထွန်းအောင်က 
မကြာသေးမီကပင် အလုပ်လက်မဲ့ 
ဖြစ်သွား သည် ။ လှမြတ်ထွေး၏ 
လခကလေးကိုသာ ချွေတာစားသောက် ကြရသည် ။ ဒုတိယကလေးကလည်း 
နို့ဘူးတိုက်ရသည်နှင့် ဘာ နှင့်ဆိုတော့ 
အတော်လေး ကသီလင်တဖြစ်နေ
ကြရဟန် တူ သည် ။ မိဘများကလည်း 
ယခင်ကလို စီးပွားရေး မတောင့်တင်း 
သည်ကြောင့် သိပ်ပြီး ထောက်ပံ့နိုင်ကြဟန် မတူပါ ။ ။ 

ကျောင်းသူဘဝတုန်းက 
လှမြတ်ထွေးကို ပြန်ပြီး သတိရ မိသည် ။ 
မြူးမြူးကြွကြွ ၊ လှပေ့ကောင်းပေ့ဆိုသော 
အဝတ်အစား လေးများကို ဝတ်ဆင်တတ်သူ ။ 
ကျွန်တော့်အတွက် စားစရာမုန့် ကို 
မကြာခဏ ယူလာတတ်သည် ။ သူတို့အိမ်
နားမှာ မုန့်ဖုတ် သည့်အိမ်ရှိလို့ ထင်ပါရဲ့ ။ 

နာနတ်ယိုသွပ်ထားသည့် မုန့်တစ်မျိုး မှာ အတော်စားကောင်းသည်ကို 
ကျွန်တော် မှတ်မိနေသေးသည် ။ 

( ယခု သူ့ကို ကြည့်လိုက်တော့ 
အဝတ်အစားက နွမ်းလှ သည်ဟု မဆိုနိုင်
တောင်မှ သစ်သစ်လွင်လွင်တော့ မဟုတ် ။ 
သူ့ဖိနပ်ကို သတိထားကြည့်လိုက်တော့ 
နွမ်းပါးရှာမှန်း ပိုပြီး သိသာနေသည် ။ 

“ ငါလဲ ဆာနေတယ် ။ လာဟာ - 
ဆီချက်စားရင်း စကားပြောကြရအောင် ” 
ဟု ဆိုပြီး သူ့ကို ခေါ်ရသည် ။ 

သူက နေပါစေဟု ပြောသော်လည်း 
ကျွန်တော်နှင့်တော့ စကားပြော
ချင်ပုံရသည် ။ ဆီချက်စားရင်း 
“ ကျောင်းသူဘဝကို ပြန်ပြီး လွမ်းတယ် 
ဆရာ ” ဟု တမ်းတမ်းတတ ပြောရှာသေး
သည် ။ 

“ နင် - ငါ့ဖို့ မုန့်တွေ ဝယ်ဝယ်လာတာ 
မှတ်မိသေးလား ” | ဟု ပြောတော့ 
သူက “ အဲဒီတုန်းက သိပ်ပျော်စရာကောင်း
တာပဲ ဆရာရယ် ။ ကျွန်မဖြင့် တွေးမိတိုင်း 
လွမ်းတယ် ” 

ခဏရှိတော့ ကျွန်တော်ကလည်း 
ဘသန်းမြင့် လုပ်သွားတဲ့ နည်းအတိုင်းပါပဲ ။ 
သူ့လက်ပွေ့အိတ်ကလေးကို 
ကောက်ယူ ဖွင့် လိုက်ပြီး ဘသန်းမြင့် 
ပေးခဲ့တဲ့ ငွေသုံးရာကို ထည့်မယ်
လုပ်လိုက်တော့ သူက မျက်စိပျက် ၊ 
မျက်နှာပျက်ဖြစ် ကာ ပျာပျာသလဲ - . 

“ မလုပ်ပါနဲ့ ဆရာရယ် ။ မယူပါရစေနဲ့ ” 
ဟု ပြောရင်း သူ့အိတ်ကို ပြန်ယူမည် 
လုပ်ပါသည် ။ ကျွန်တော်က ပြန်မပေး ဘဲ 
ဇွတ်ထည့်နေတော့ - 
“ မလုပ်ပါနဲ့ ဆရာ ။ ကိုထွန်းအောင် 
ကျွန်မကို ဆဲလိမ့်မယ် ” 
“ အေး . . . ထွန်းအောင်လဲ ငါ့တပည့် ၊ 
နင်လဲ ငါ့ တပည့်ပဲ ။ အဲသည် ကောင်ကို 
ပေးတာမဟုတ်ဘူး ။ နင့်ကို ပေး တာလဲ 
မဟုတ်ဘူး ။ ကလေးတွေအတွက် မုန့်ဖိုး 
ပေးလိုက်တာ ကြားလား ” 

ထို့နောက်မှ ကျွန်တော်က မျက်နှာထားကို 
ခပ်တင်း တင်း ပြင်လိုက်ပြီး ခပ်အေးအေး ၊ 
ခပ်တင်းတင်းလေသံနှင့် - 

“ ဒီမယ် လှမြတ်ထွေး ၊ ဆရာတစ်ယောက်
မှာ တပည့် တွေဆိုတာ အများကြီးရှိတာပဲ ။ 
ဒါပေမဲ့ ကိုယ့်မှာ အကျပ် အတည်း 
ကြုံလာရင် လိပ်ပြာမငယ်ဘဲ 
အကူအညီသွားတောင်း ဝံ့တဲ့ တပည့်မျိုး 
များများမရှိဘူး ။ အဲဒီအထဲမှာ 
နင်တို့ လင်မယားနှစ်ကောင်လုံးကို 
အားကိုးနိုင်တယ်လို့ ငါ အမြဲယူဆ ခဲ့တယ် ။ 
ငါ့အပေါ်မှာလဲ နင်တို့လင်မယားက 
အဲဒီလို အပြန် အလှန်သဘောထားသင့်
တယ် ။ နောက်ပြီး နင်တို့က မွေးတဲ့ 
ကလေးဟာလဲ ငါ့မြေးတွေလိုပဲ ဖြစ်လာပြီ 
မဟုတ်လား ” 

ကျွန်တော်၏ လေသံ ၊ ကျွန်တော်၏ 
မျက်နှာထားကို ကြည့်ရင်း 
ကျွန်တော့်စကားတွေကို ကြားတော့မှ 
လှမြတ်ထွေး မျက်ရည်ဆင်းလာပါသည် ။ 
ဘာမှ ပြန်မပြောတော့ပါ ။ 

လူချင်းခွဲခါနီးတော့ - “ ဒီမယ် လှမြတ်
ထွေး ၊ လူဆင်းရဲပေမဲ့ စိတ်မဆင်းရဲ စေနဲ့ ။ 
စီးပွားကျပေမဲ့ စိတ်မကျစေနဲ့ ။ 

ချမ်းသာခြင်းဆိုတာ 
သင်္ခါရပဲလို့ ပြောကြတယ် ။ ဒါပေမဲ့ 
ဆင်းရဲတယ်ဆိုတာလဲ သင်္ခါရပဲဆိုတာ 
မြဲမြဲမှတ်ထား ။ နင်တို့လင်မယား 
အမြဲထာဝရ နွမ်းပါးနေမှာ မဟုတ်ဘူး ။ 

ပိုင်ရှင်မရှိတဲ့ ခွေးလေခွေးလွင့် 
တောင်မှ သူ့ဘဝမှာ နေ့ကောင်းရက်သာ 
ရက်ရာဇာ ဆိုတာ ရှိစမြဲပဲ ။ ဘာမှ 
အားငယ်နေဖို့ မလိုဘူး ။ အခိုက်အတန့်မျှ
လို့သာ သဘောထား ။

လင်မယားချင်း စကားမများမိအောင် 
ဂရုစိုက် ကြ ။ ထွန်းအောင်ကိုလဲ 
ငါက မှာလိုက်တယ်လို့ ဒီစကားတွေကို 
သေချာပြန်ပြီး ပြောလိုက် ၊ ကြားလား ” 
လှမြတ်ထွေး ဝမ်းသာခြင်း ၊ ဝမ်းနည်းခြင်း 
၊ အားတက် ခြင်း ၊ အားငယ်ခြင်းတို့ကို 
တစ်ပြိုင်နက်ခံစားပြီး မျက်ရည်က 
ဝေ့ဝေ့ နှုတ်ခမ်းကလေး တုန်တုန်ရီရီနှင့် 
နှုတ်ဆက်သွားပါ သည် ။ ဘသန်းမြင့် 
ပေးလိုက်သော “ ကလေးတွေဖို့ မုန့်ဖိုးမှာ 
သူ့ရည်မှန်းချက်အတိုင်း “ကလေးတွေဖို့ 
မုန့်ဖို့ပဲ ဖြစ်သွားပါလေပြီ ။ 

ဪ . . . ကျောင်းမှာတုန်းက 
သူစားခဲ့တဲ့ မုန့်ဖိုးနဲ့ပဲ တူသေးတော့ ။ 

ဘသန်းမြင့် ပေးခဲ့သော ငွေ 
ကျွန်တော့်မှာ တစ်ပြားမှ မကျန်တော့ပါ ။ 
သို့သော် အများကြီး ကျန်ခဲ့ပါသည် ။ 

အောင်သင်း « တခါတုန်းက တပည့်တွေ » 
စာအုပ်မှ ကူးယူ ဖော်ပြပါသည်။

- ကိုပြည့် | 🙂🙂

Comments

Popular Posts