“ နောက် ဆုံး စာမျက်နှာ ”
'' နောက်ဆုံးစာမျက်နှာ ''
<<<<<<<<<<<<<<<>>>>>>>>>>>>>>>>>
ကိုစိုက်ခဲ့တဲ့ မျိုးစေ့
ကို့အတွက် နောက်ကျနေပေမဲ့
နောက်လူ အရိပ်ရရင်ပဲ တော်ပီ . . :-)
နေဝင်ချိန်တွေစောတိုင်း
ကျဆုံးရမယ်ဆိုရင် ဆောင်းတွင်းမှာ
အကြိမ်ကြိမ်သေဆုံးခဲ့ပြီ . .
ကကြိုးကကွက်များတဲ့ ဘဝဇာတ်ခုံပေါ်
စည်းဝါးကိုက်အောင် မကတတ်ပေမဲ့
ရုပ်သေးရုပ်လိုတော့ ကြိုးဆွဲမခံချင်ဘူးးးး
ယုံကြည်မှုကို ခဏခဏချအနင်းခံရလို့
အိမ်ရှေ့က ခြေသုပ်ခုံနေရာမှာ ထားတယ်
တျောက်နဲ့တျောက် ဆက်ဆံရေးတွေမှာ
ရိုးသားပြနေဖို့မလိုဘူး
မျက်နှာဖုံးကောင်းကောင်းရှိရင် လုံလောက်ပီ . .
လူ့လောကဟာ ရွံစရာကောင်းသလို
ကြေကွဲစရာလည်း ကောင်းတယ်
ဘယ်သူ့နောက်ကျောကို ကြည့်ကြည့်
ဓါးဒဏ်ရာတွေချည်းပဲ . .
ကို့ပတ်ဝန်းကျင်ကို သေချာကြည့်ကြပါ .
ယခုခေတ်က လူမိုက်ကို
မကြောက်ရဘူးး စိတ်ညစ်နေတဲ့သူကို
ကြောက်ရမယ်ဆိုရင် မိတ်ဆွေ
ကျနော်နဲ့ ခပ်ဝေးဝေးမှာနေပေးပါ
ဒီက '' ၂၀၁၉ ခုနှစ် ကမ္ဘာမပျက်လို့
စိတ်ညစ်နေတာဗျာ့' 😕😕
Comments