" သင်စိတ်ကို သည်လိုထားပါ "
သင်စိတ်ကို သည်လိုထားပါ
၁-တစ်ရက်ရက်တော့ သင့်ရဲ့နာကျင်မှုဟာ သင့်ဘဝရဲ့
ခွန်အားတွေ ဖြစ်လာပါလိမ့်မယ်။ ရင်ဆိုင်ပါ။ ရဲရင့်ပါ။
၂-သင့်ကို မနာလို ဖြစ်နေတဲ့ သူတွေကို ဗွေမယူပါနဲ့။
အနည်းဆုံးတော့ သင်ဟာ သူတို့ထက် တော်တယ်လို့
သူတို့က ထင်ထားတယ်လေ။
၃-သင့်ကို တန်ဖိုးမထားတဲ့သူကို အရူးအမူး စွဲလမ်းမနေ
ပါနဲ့။ ကြာလာရင် သင်ပါ တန်ဖိုးမဲ့သွားလိမ့်မယ်။
၄-သင့်ရဲ့ပျော်ရွှင်မှုဟာ ဘယ်သူကို သင့်ဘဝထဲ လက်ခံ
ရမယ် ဘယ်သူကို သင့်ဘဝထဲ လက်မခံရဘူး ဆိုတာကို
သိခြင်းနဲ့ အများကြီး ဆိုင်ပါတယ်။
၅-သင့်ကို စိတ်ဆင်းရဲစေတဲ့ သူတွေကို သင့်ဘဝထဲက
ထုတ်ပယ်လိုက်ပါ။ သင့်ဘဝရဲ့ ငြိမ်းချမ်းမှုက သင့်လက်ထဲမှာပါ။
၆-သူများတွေက သင့်ကို ဘယ်လို ထင်နေသလဲ ဆိုတာ
အရေးမကြီးပါဘူး။ သင့်ကိုယ်သင် ဘယ်လို မြင်သလဲ
ဆိုတာက ပိုအရေးကြီးပါတယ်။
၇-သင့်ကိုယ်သင် ချစ်ပါ။ ကမ္ဘာတစ်ခုလုံးက သင့်ကို
ချစ်နေရင်လည်း သင့်ကိုယ်သင် မချစ်ရင် သင်ဟာအချစ်
ငတ်နေသူပါ။
၈-လူတိုင်းမှာ ရှူ့ထောင့်ကိုယ်စီ ရှိတာမို့ ငြင်းခုံမှုတိုင်းမှာ
အရှုံး၊ အနိုင်ဆိုတာ မရှိပါဘူး။
၉-သင့်ကိုယ်သင် သူတစ်ပါးနဲ့ ယှဉ်ပြီး အားငယ်မနေပါနဲ့။ လူတိုင်းမှာ မတူညီတဲ့ အစွမ်းအစ ကိုယ်စီ ရှိကြပါတယ်။
၁၀-သင်ကိုယ်တိုင်က ခွင့်မပြုဘဲ ဘယ်သူမှ သင့်ကို စိတ်အားငယ်အောင် ပြုလုပ်လို့ မရပါဘူး။
၁၁-ပျော်ပျော်နေပါ။ ကမ္ဘာပေါ်က ပြဿနာအားလုံးက
သင့်နဲ့ မဆိုင်ပါဘူး။
၁၂ -တတ်နိုင်သလောက် ကူညီပါ။ ကူညီတယ်ဆိုတာက
ပေါလွန်းလို့တော့ မဟုတ်ပါဘူး။ ဘာမှမရှိဘူးဆိုတဲ့
အကူအညီမဲ့နေစဉ် ခံစားချက်ကို အသေအချာ နားလည်
လို့ပါ။
၁၃-သင့်ကို လိုအပ်နေတဲ့သူတွေအတွက် ရှိနေပေးပါ။
ဒါပေမယ့် သင့်ကိုယ်သင်လည်း ပစ်မထားပါနဲ့။
၁၄-စာဖတ်ပါ။ စာဖတ်ခြင်းက သင့်ရဲ့စိတ်ကို ရင့်ကျက်စေပြီးသင့်ရဲ့ဘဝကို ပြောင်းလဲစေနိုင်ပါတယ်။
၁၅-တစ်စုံတစ်ယောက်နဲ့ ပြဿနာဖြစ်တဲ့အခါ အဲ့ဒီပြဿနာကတကယ်အရေးပါသလား စဉ်းစားပါ။ ဘာမှမဟုတ်တာလေးတစ်ခုအတွက်နဲ့ စိတ်ဆိုးဒေါသထွက် နေတာမျိုးတွေကို ရှောင်ပါ။
၁၆-သင်ဟာ နာကျင်မှုအပေါ်မှာ အာရုံစိုက်နေရင်
ဆက်ပြီး နာကျင်လိမ့်မယ်။ သင်ခန်းစာအဖြစ် မြင်နိုင်မှ
သင်ဟာ ရင်ကျက်လာလိမ့်မယ်။
၁၇-အချိန်က အကန့်အသတ်ရှိပါတယ်။ ဒါ့ကြောင့်
တစ်ခြားလူတစ်ယောက်ရဲ့ ဘဝအတွက် ရှင်သန်ရင်း
သင့်အချိန်တွေကို မဖြုန်းတီးလိုက်ပါနဲ့။
Credit to Original Writer
Comments