“ ပိုက်ဆံဆိုသည်မှာ ”


ပိုက်ဆံ ဆိုသည်မှာ...

၁။ ပိုက်ဆံ ရှာရာတွင်

ဘယ်တော့မှ ဝင်ငွေတစ်ခုတည်းပေါ်မှာ 
မရပ်တည်ပါနဲ့။
တခြားသော ဒုတိယဝင်ငွေ ဝင်နိုင်အောင် 
ရင်းနှီးထားပါ။
လူတစ်ယောက်က ဝင်ငွေတစ်ခုတည်းကို 
ခြေစုံပစ်ရပ်တည်နေရင် 
အဲ့ဒီဝင်ငွေရပ်တန့်သွားတဲ့နေ့ ခြေမကိုင်မိ 
လက်မကိုင်မိ ဖြစ်ရတက်ပါတယ်။
ဘဝမှာလည်း အားလုံး ဗြောင်းဆန်သွားတက်ပါတယ်။ဒါကြောင့် ဒုတိယ ဝင်ငွေ ရနိုင်မယ့် နည်းလမ်းကို 
အမြဲရှာထားပါ။

၂။ ပိုက်ဆံ သုံးရာတွင်

သင့်မှာ မလိုအပ်တဲ့ ပစ္စည်းတွေဝယ်ပါများနေရင် 
သင့်မှာအမှန်တကယ် လိုအပ်တဲ့ပစ္စည်းတွေကို 
စွန့်လွှတ်ရတက်ပါတယ်။
တချ ု ိ့တွေက လူသာမချ မ်းတာပါ 
ကိုင်ထားတဲ့အသုံးဆောင်တွေက 
အပျံစားတွေချည်းပါပဲ။
ရေရှည်ကိုမကြည့်ပဲ ရေတိုကိုပဲ ကြည့်တဲ့ 
လူမျု ိးတွေပါ။
သူများလုပ်တာ လိုက်လုပ်ချင်ကြတယ်။
ဒါပေမယ့် သူမချ မ်းသာသေးဘူး ဆိုတာကို 
မေ့နေတက်ကြတယ်။
ကိုယ်ကမချမ်းသာသေးချိန်မှာ 
ချမ်းသာတဲ့သူတွေနဲ့ iphone ပြိုင်ကိုင်စတမ်း 
သွားမကစားပါနဲ့။
ကိုယ်ပဲ ရူံးသွားပါလိမ့်မယ်။
မလိုတာတွေ ဝယ်မိနေတဲ့အတွက် တကယ်လိုတဲ့အခါ သုံးစရာမရှိ ဖြစ်တက်ပါတယ်။

၃။ ပိုက်ဆံ စုရာတွင်

သုံးပြီးလို့ ပိုတာကို မစုပါနဲ့။
စုုပြီးလို့ ပိုတာကို သုံးပါ။
သုံးပြီးလို့ ပိုမှစုမယ်ဆိုရင်တော့ 
ဒီတသက်သင့်စုုဖြစ်မယ်လို့ မထင်ပါဘူး။
ပိုက်ဆံ ဝင်လာရင် အရင်ဆုံးသင့်စဉ်းစားရမှာက 
ဘယ်လောက်စုမလဲ ဆိုတာပါပဲ။
ပြီးမှ ပိုတာကို သုံးပါ။
စုတယ်ဆိုတာကလည်း တသက်လုံး စုဗူးထဲမှာ 
အဲ့ဒီပိုက်ဆံကို ထားဖို့ ပြောတာ မဟုတ်ပါဘူး။
သင့်ဘဝအတွက် လိုအပ်တဲ့နေရာတစ်ခုမှာ 
အသုံးချဖို့အတွက်ပါ။
သင့်ရဲ့ တန်ဖိုးမြှင့်ဖို့၊သင့်ရဲ့ 
အရည်အချင်းတွေ မြှင့်တင်ရပါလိိမ့်မယ်။
အဲ့ဒီလိုလုပ်ဖို့ သင်တန်းတွေ တက်ရပါမည်။
စာပေကောင်းတွေ သင်ဖတ်ရလိမ့်မယ်။
အဲ့ဒီအတွက် သင့်မှာ ပိုက်ဆံတွေ လိုအပ်ပါလိမ့်မယ်။စုငွေထဲက သင့်သုံးစွဲနိုင်ပါတယ်။

၄။ စွန့်စား ရာတွင်

ရေ အတိမ်အနက်ကို ခြေနှစ်ချောင်းလုံးချ 
မစမ်းလိုက်ပါနဲ့။
မစွန့်စားနဲ့လို့ ပြောတာမဟုတ်ပါဘူး။
မစွန့်စားပဲနဲ့လည်း ဘယ်အလုပ်မှ 
မအောင်မြင်ပါဘူး။
ဒါပေမယ့် စွန့်စားရာမှာတော့ 
အလွန်ပါးနပ်ဖို့ လိုအပ်ပါတယ်။
အန္တရာယ်ရှိတဲ့ အလုပ်မျု ိးကို ရှိသမျှ ပိုက်ဆံတွေ 
ပုံအောလိုက်တာမျိုး မလုပ်မိပါစေနဲ့။

၅။ ရင်းနှီး မြှပ်နှံရာတွင်

ကြက်ဥတွေ အားလုံးကို 
ဘယ်တော့မှ ခြင်းတောင်းတစ်ခုတည်းကို 
စုပြုံမထည့်ထားပါနဲ့။
အရင်းအနှီးတစ်ခု စတင်မယ်ဆိုရင်လည်း 
ရှိသမျှ ပိုက်ဆံတွေ အားလုံးကို တနေရာထဲမှာ 
စုပြုံအရင်းနှီးပါနဲ။
လုပ်ငန်းဆိုတာ မြတ်နိုင်သလို 
ရူံးလည်း ရူံးနိုင်ပါတယ်။
အားလုံးကို တနေရာတည်းမှာ စုပြုံရင်းနှီးထားရင် 
ရူံးတဲ့အခါ တစ်ပြားမှ အကျန်ဖြစ်သွားတက်ပါတယ်။

၆။ မျော်လင့် ရာတွင်

ရိုးသားခြင်းဆိုတာ ရှားပါးစျေးကြီးတဲ့ 
လက်ဆောင်မွန်ပါ။ဒါကြောင့် ခပ်ပေါပေါ 
လူတွေဆီက သင်မမျော်လင့်ပါနဲ့။
သင် ရိုးသားသလို လူတိုင်းရိုးသားမယ်လို့ 
ဘယ်တော့မှ အသေအချာ အပိုင်မတွက်ထားပါနဲ့။
ရိုးသားမှု့ဆိုတာ ဒီခေတ်ကြီးမှာ 
အတော်ကိုရှားပါးတဲ့အရာတစ်ခုပါ။
ဒါကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုးကြီး 
ပစ္စည်းကို လူတိုင်းဆီက သင်မမျော်လင့်မိပါစေနဲ့။

အေးချမ်းမြှင့်မားတဲ့ ရွှေရောင်အနာဂတ်တွေ 
ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…………

Credit to Original Writer

Comments

Popular Posts