“ အပျော့စားသတ္ထု ”

“ အပျော့စားသတ္ထု ”
------------------------------
တစ်နေ့က ကျွန်တော့်ကလေးများကို
စာသင်ပေးနေသည့် ဆရာမ လေး
ယူလီယာ ဗာဆီယက်ဗနာ့ ကို ကျွန်တော့်
စာကြည့်ခန်းအတွင်းသို့ အခေါ်
ခိုင်းလိုက်သည် ။ ။

ပေးစရာ ငွေကြေးကိစ္စများကို
ရှင်းလင်းပေးရန်ဖြစ်သည် ။

“ ထိုင်ပါ ဆရာမ ” ဟု ပြောလိုက်ရင်း . . . ။

“ ပေးစရာရှိတာကလေးတွေကို
ပေးမလို့ အခေါ်ခိုင်းတာပါ ၊ ဆရာမ
လည်း ငွေလိုရော့မယ် ။ ဒါပေမဲ့ ဆရာမက
လည်း မတောင်းဘူး ၊ ကောင်းပြီလေ ။

အခုပေးတာပေါ့ ။ ကလေးတွေကို
စာသင်ပေးဖို့ ဆရာမ တစ်လ ရူဘယ်
သုံး ဆယ်နဲ့ သဘောတူခဲ့တယ်နော် ”
'
 တစ်လ လေးဆယ်ပါ ”

“ မဟုတ်ဘူး ၊ သုံးဆယ် ။
ဒီမှာ စာနဲ့ သေသေချာချာရေးထားတယ် ၊
အိမ်မှာ ကလေးတွေကို စာလာပြပေးတဲ့
ဆရာမမှန်သမျှ တစ်လ ရူဘယ် သုံးဆယ်ပဲ
အမြဲပေးခဲ့တယ် ။ ဆရာမ ဒီမှာ စာသင်
ပေးနေတာ အခုဆို ရင် နှစ်လရှိသွားပြီနော် ”
နှစ်လနဲ့ ငါးရက်ပါ ”

“ မဟုတ်ဘူး ၊ ဒီနေ့ပါ ပေါင်းမှ
နှစ်လတိတိ ၊ အားလုံး ဒီမှာ စာနဲ့ ရေးမှတ်
ထားတယ် ၊ အခု ဆရာမကို ပေးရမှာက
နှစ်လစာဆို တော့ ရူဘယ် ခြောက်ဆယ် ။

အဲဒီအထဲက တနင်္ဂနွေ ကိုးရက်ကို
နှုတ်ရဦးမယ် ။ တနင်္ဂနွေနေ့ တွေမှာ
ဆရာမဟာ ကိုလျာကို စာသင်မပေးခဲ့ဘူး ။
ပြီးတော့ အားလပ်ရက်နဲ့ ပိတ်ရက်က
သုံးရက်ပါသေးတယ် ” ။

ဆရာမလေး ယူလီယာဗာဆီလီ
ယက်ဗနာ့ သည် မျက်နှာကြီး နီရဲ ကာ
စကတ်အနားစွန်းကလေးကို လက်ဖျားနှင့်
စိတ်လှုပ်ရှားစွာ ကိုင်နေသည် ။
စကားတစ်ခွန်းမျှ မပြော ။ ။

“ အားလပ်ရက်က သုံးရက် ၊
သုံးရက်အတွက် တစ်ဆယ့်နှစ်ရူဘယ်
ဖြတ်ရမယ် ။ ကိုလျာ လေးရက်
နေမကောင်းဖြစ်ပြီး စာမသင်ခဲ့ရဘူး ။

ဆရာမ ဟာ ဗာယာနဲ့ပဲ နေခဲ့ရတယ် ။
ဆရာမ သွားလိုက်တာက သုံးရက် ။

အိမ်ရှင်မ က ဆရာမကို ညစာ
စားပြီးချိန်ဆိုရင် အနားပေးတယ် ။
တစ်ဆယ့်နှစ်ရူဘယ် နဲ့ ခုနစ်ရူဘယ်ပေါင်း
တော့ တစ်ဆယ့်ကိုးရူဘယ် ၊ လစာထဲက
တစ်ဆယ့် ကိုးရူဘယ်ကိုနှုတ်တော့
လေးဆယ့်တစ်ရူဘယ်ပဲ ကျန်တော့တယ် ။

“ မှန်တယ် နော် ”
ဆရာမလေး ယူလီယာဗာဆီလီယက်
ဗနာ ၏ ဘယ်ဘက်မျက်လုံး များသည်
နီရဲသွားကာမျက်ရည်များဝိုင်းစို့လာသည် ။
မေးလည်း တဆတ် ဆတ်တုန်လာသည် ။
ဆရာမလေးသည် ချောင်းတစ်ချက်ဆိုး
လိုက်ကာ နှာ ခေါင်းကို ပွတ်သည် ။

သို့သော် စကားတစ်ခွန်းမျှ မပြော ။ ။
နှစ်သစ်ကူးပွဲ မတိုင်မီက လက်ဖက်ရည်
အချိုခွက်နဲ့ ပန်းကန်ပြား ဆရာမကြောင့်
ကွဲသွားခဲ့တယ် ။ အဲဒါအတွက် နှစ်ရူဘယ် ၊
လက်ဖက်ရည်ခွက် က အတော်
တန်ဖိုးကြီးပါတယ် ။ မိသားစု
အစဉ်အဆက် ထိန်းသိမ်းဆက်ခံ
လာတဲ့ ပစ္စည်းမို့ အတော်ကလေး
စိတ်မကောင်းဖြစ်ခဲ့ရတယ် ။ ထားပါတော့
လေ ။ ပိုပြီး ဆိုးဆိုးဝါးဝါး ဖြစ်ခဲ့တာ
ရှိသေးတယ် ။ ဆရာမရဲ့ ပေါ့ဆမှုကြောင့်
ကိုလျာဟာ သစ်ပင်ပေါ်တက်လို့
အင်္ကျီတွေ စုတ်ပြဲသွားခဲ့တယ် ။

အဲဒါအတွက် တစ်ဆယ်ရူဘယ် ။
ဆရာမရဲ့ ပေါ့ဆမှုကြောင့် အိမ်ဖော်မက
လေးက ဗာယာရဲ့ ဘွတ်ဖိနပ်ကို
ခိုးယူသွားခဲ့တယ် ၊ ဒါတွေအားလုံးကို
မျက်လုံးဒေါက်ထောက် ကြည့်ရမှာက
ဆရာမအလုပ် ။ ဒါ့အတွက် ဆရာမကို
ပိုက်ဆံပေးပြီး ငှားထား တာကိုး ။

အဲဒီအတွက် ငါးရူဘယ်ဖြတ်မယ် ။
ဇန်နဝါရီလ ၁၀ ရက်နေ့က ဆရာမ
ကျုပ်ဆီက ငွေ ဆယ်ရူဘယ် ချေးခဲ့တယ်

“ ဟင့်အင်း ၊ ကျွန်မ ရှင့်ဆီက
မချေးခဲ့ဖူးပါဘူး ” ဟု ဆရာမလေးက
လေသံသဲ့သဲ့ဖြင့် ပြောသည် ။

“ ဒီမှာ အားလုံးကို စာနဲ့ရေးမှတ်ထား
တယ် ” “ ဒါဆိုလည်း
ကောင်းပါပြီ ၊ နောက်တော့ကော ”

“ လေးဆယ့်တစ်ရူဘယ်ထဲကနေ
နှစ်ဆယ့်ခုနစ်ရူဘယ်ကို နှုတ်တော့
တစ်ဆယ့်လေးရူဘယ် ကျန်တယ် ” ။

ဆရာမလေး၏ မျက်လုံးအစုံသည်
မျက်ရည်များဖြင့် ပြည့်သိပ်နေ ကာ
သွယ်တန်းလှပသော နှာတံစင်းစင်းပေါ်တွင်
ချွေးသီးချွေးပေါက်များ ဝိုင်း စို့လာသည် ။

သနားစရာ အတော်ကောင်းသည့် မိန်းကလေး . . . ။ “ ကျွန်မ တစ်ခါပဲ
ပိုက်ဆံချေးခဲ့ဖူးပါတယ် ၊ ရှင့်ဇနီးဆီက
သုံးရူဘယ် တည်းရယ်ပါ ၊ ဒါ့ထက်
တစ်ပြားမှ မပိုခဲ့ပါဘူး ” ဟု အသံ
တုန်တုန်ဖြင့် ပြောသည် ။

“ အဲဒါကို ထည့်မပြောခဲ့ဘဲကိုး ။
အဲဒါ ကျုပ်စာထဲမှာ မရေးမှတ်ရသေးဘူး ။
တစ်ဆယ့်လေးရူဘယ်ထဲက သုံးရူဘယ်
ထပ်နုတ်တော့ တစ်ဆယ့် တစ်ရူဘယ်ပဲ
ကျန်တော့တယ် ။ ဒီမှာ သုံးရူဘယ် ၊
နောက် သုံးရူဘယ် ၊ နောက် သုံးရူဘယ် ၊
တစ်ရူဘယ် ၊ တစ်ရူဘယ် အားလုံး
တစ်ဆယ့်တစ်ရူဘယ် ၊ အဲဒါ ဆရာမ
ပိုက်ဆံ ”

ကျွန်တော်သည် ဆရာမလေးကို
ငွေတစ်ဆယ့် တစ်ရူဘယ်ကို လှမ်း
ပေးလိုက်သည် ။ ဆရာမလေးသည် ငွေကို
တုန်တုန်ရီရီဖြင့် လှမ်းယူကာ
အင်္ကျီ အိတ်ကပ်ထဲသို့ ထည့်လိုက်သည် ။
“ ကျေးဇူးပါပဲ ” ဟု ခပ်တိုးတိုး
ပြောသည် ။

ကျွန်တော်သည် ဝုန်းခနဲထလိုက်ကာ
အခန်းထဲတွင် လျှောက်နေမိ တော့သည် ။
စိတ်လည်း အတော်ဆိုးသွားသည် ။

“ နေပါဦး ၊ ဆရာမက ကျုပ်ကို
ဘာ့အတွက် ကျေးဇူးတင်ရတာလဲ ” ဟု
ခပ်ဆတ်ဆတ်မေးလိုက်သည် ။
“ ပိုက်ဆံပေးတဲ့အတွက်ပါ ” ။

“ ကျုပ် ခင်ဗျားကို ငွေလိမ်ပေးနေတာ ၊
နေ့ခင်းကြောင်တောင်ကြီး အေးဓားပြတိုက်
နေတာ ၊ ဘာပြုလို့ ခင်ဗျားက
ကျုပ်ကို ကျေးဇူးတင်တာလဲ ”

“ တခြားမှာဆိုရင် တစ်ပြားမှတောင်
မရလို့ပါ ”

“ တစ်ပြားမှ မရဘူး ဟုတ်လား ၊
ဖြစ်မှဖြစ်ရလေ ၊ အေးလေ . . . ။
အံ့သြစရာတော့ မရှိပါဘူး ။ ကျုပ် ခင်ဗျား
ကို ရက်စက်တဲ့ သင်ခန်းစာတစ်ခုကို
ပေးချင်လို့ ပါ ။ ခင်ဗျား လစာ
နှစ်လအတွက် ရူဘယ် ရှစ်ဆယ်လုံးလုံး
အပြည့် ပေးမှာပါ ။ ဟောဟိုက
စာအိတ်ထဲမှာ အပြည့်ထည့်ထားပါတယ် ။
ဆရာမ . . . ဘာပြုလို့ ခင်ဗျား
ဒီလောက် ပျော့ညံ့ရတာလဲ ။ မဟုတ်တာကို
ဘာပြုလို့ ပြန်မပြောရဲရတာလဲ ။

မဟုတ်တာ ကို ပြန်ပြောရဲရမယ် ။
ဒီလိုမှ မဟုတ်ဘူးဆိုရင် ဘဝမှာ
ဘယ်လိုလုပ်ပြီး နေလို့ရတော့မှာပဲ ။
ဒီလို ပျော့ညံ့လို့ ဘယ်ဖြစ်မလဲ ”
ဆရာမလေးမျက်နှာ ပြုံးယောင်သန်းလာသည် ။

ကျွန်တော်သည် ဆရာမလေးအား
ဘဝနေနည်း သင်ခန်းစာတစ်ရပ် ကို
ရက်ရက်စက်စက် ပေးမိလိုက်သည့်
အတွက် ခွင့်လွှတ်ဖို့ တောင်းပန်ရင်း

သူမ၏ လစာ ရူဘယ် ရှစ်ဆယ်ကို
ပေးလိုက်ပါသည် ။ ဆရာမလေးသည်
အံ့အားသင့်၍ နေသည် ။

“ ကျေးဇူးတင်ပါတယ် ” ဟု
ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောရင်း
အခန်းထဲမှ ထွက်သွား သည် ။
သူ ထွက်သွားလေမှပင် သူ၏
ကျောပြင်ကို ငေးကြည့်ရင်း
လောကကြီးမှာ ရက်စက်တယ် ဆိုတာ
အလွန်လွယ်ကူတဲ့ အလုပ်ပါလား ဟု
တွေးနေ လိုက်မိတော့၏ ။

--------------------

ပိတောက်ပွင့်သစ်မဂ္ဂဇင်း ၊
အမှတ် ၉၊ ၁၉၉၅ ၊ အောက်တိုဘာလ ။
ရုရှစာရေးဆရာကြီး Anton Chekhoy ၏
ဝတ္ထုတို Softy ကို ပြန်ဆို ပါသည် ။

By: Ko Pyae



Comments

Popular Posts