အချိန်ခဏ စောင့်ပါ
“ အချိန်ခဏ စောင့်ပါ ”
ကိုပြည့် - 09/10/2019
တစ်ခါတုန်းက ပညာရှိ အဖိုးအိုတစ်ဦးနဲ့ သူ့တပည့်တွေဟာ ခရီးတစ်ခုကို အတူထွက်လာခဲ့ကြတယ် ။ လမ်းခရီးတစ်ခုမှာ တောနက်ထဲရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ် ။
သောက်စရာရေလည်းကုန်နေပြီဖြစ်တဲ့အတွက် မလှမ်းမကမ်း မှာ ရှိတဲ့အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ် ။ ဒီတော့ တပည့်တွေလည်း ရေကန်ရှိရာကိုသွားကြတယ် ။ အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင် ဒရယ်တွေ ရေသောက်ဆင်းလာကြတဲ့ အတွက် ရေတွေနောက်ပြီး အနည်တွေထနေတာတွေ့လိုက်ရတယ် ။ ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့အဖိုးအိုဆီပြန်လာခဲ့ကြတယ် ။
အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ်နေတယ် ။ နောက် တစ်နာရီလောက်ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်းပြန်တယ် ။ ဒီတစ်ခါတော့ ရေကန်ဟာ အနည်တွေထိုင်ပြီး အပေါ်ကေ ရတွေ ကြည်လင်နေတာကိုတွေ့လိုက်ရတယ် ။ ဒီတော့ ၀မ်းသာအားရနဲ့ တပည့်တွေအားလုံးရေခပ်ပြီး ပြီးပြန်လာကြတယ် ။
ဒီတော့အဖိုးအိုက မေးတယ် ။ “ ရေတွေ အားလုံး ကြည်လင်သွားအောင် ဘာ လုပ်လိုက်ကြသလဲ ” “ ဘာမှမလုပ်ပါဘူး ” တပည့်တွေအားလုံး ဝိုင်းဖြေကြတယ် ။ အဲဒီထဲကမှ တပည့်တစ်ယောက်က ဖြေတယ် ။ “ အချိန်စောင့်လိုက်ရပါတယ် ” အဖိုးအိုကပြုံးပြီး ပြောတယ် ။ “ ဟုတ်တယ် ရေကန်ထဲကရေတွေအားလုံးကြည်လင်ဖို့ ဘာမှမလုပ်ပဲအချိန်တစ်ခုကိုစောင့်ရပါတယ် အဲဒီလိုပဲတစ်စုံတစ်ခုက သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင်ပြုလုပ်ဖို့ သင်တို့ စိတ်တွေနောက်ကျိနေပြီဆိုရင် .. ဘာမှမလုပ်ပဲ ဒီအတိုင်းပဲထားလိုက်ပါ ။ အချိန်ကာလတစ်ခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေမရှိတော့ပဲ စိတ်ဟာ ပြန်လည်ကြည်လင်လာပါလိမ့်မယ် ” =============================
“ သင့်စိတ်ကို တစ်စုံတစ်ယောက်က နာကျင်အောင် ထိခိုက်အောင် ဒေါသထွက်အောင်ပြုလုပ်လို့ သင့်စိတ်နောက်ကျိနေပြီဆိုရင်တော့ .. Let it be .. ထားလိုက်ပါ ဘာမှမလုပ်ဲ ဒီအတိုင်းပဲထားလိုက်ပါ ... အချိန်ပေးလိုက်ပါ အချိန်ကာလတစ်ခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာ ပြန်လည်ကြည်လင် သွားပါလိမ့်မယ် ”
Credit- Original Writer

Comments