" အောင်ဘာလေ "ထီ"
အောင်ဘာလေ "ထီ "
------
* မိုးကအဆက်မပြတ် ရွာနေသည် ။
ရာသက်ပန် လက်ဖက်ရည်ဆိုင် ရောက်နေ
သူများ မပြန်နိုင် မထွက်နိုင်ဖြစ်နေကြသည် ။
အချိန်ကလည်း နေ့ခင်း ၂ နာရီအချိန်ခန့်မို့
မိုးအေးအေးမှာ ” စကားဝိုင်းဖွဲ့ နေကြသည် ။
• အောင်ဘာလေထီ နောက်ဆုံးဖွင့်ရက်
ဖြစ်၍လည်း ထီ အကြောင်း ပြောကြရာမှ
တစ်ယောက်က -
“ “ ထီဆိုတာလဲ တိုက်မှရတာပါဗျာ ၊ မန္တလေး
က ဆာမိ သိန်းဆုပေါက်တာတောင် မခံစား
လိုက်ရဘူး "
“ ဘာဖြစ်လို့လဲ " တစ်ယောက်က
မေးလိုက်ခြင်းဖြစ်သည် ။ ' အဲဒီအချိန်က
ထီတစ်သိန်းဆိုတာ တိုက်ရော ၊ ကားရော
ရတဲ့အပြင် ငါးသောင်းလောက်ပိုသေးတယ်
ဆိုတော့ ငါလိုလူ ရှိသေး လားကွဆိုပြီး
သူအလုပ်လုပ်နေတဲ့ တိုက်ပေါ်ကနေ
ဂျွမ်းထိုးချလိုက် တာ ကားလမ်းပေါ်ကျပြီး
သေရောတဲ့ "
တချို့က ရယ်ကြသည် ။ တစ်ယောက်
ကတော့ . . .
“ ဒီလူနှယ့် . . . ကံကောင်းလို့ ထီပေါက်ပြီးမှ
ကံဆိုးသွား ရတယ် ” ။
“ ခင်ဗျားပြောသလိုပဲ သိန်းထီပေါက်ပြီး
မခံစားရတဲ့ လူရှိသေးတယ် " !
တခြားတစ်ယောက်က တခြားတစ်ခု တင်ပြ
လာခြင်းဖြစ် သည် ။
" ပြောစမ်းပါဦး ”
တစ်ယောက်က တောင်းဆိုလိုက်သည် ။ “
ဖြစ်တာက ပြည်မြို့မှာ ” . ထီပေါက်တာက
ရေထမ်းသမား ။ ထီထိုးဖို့ နှစ်ကျပ် တောင်
မနည်းစုရတာ ။ ထီလက်မှတ်ကို ရေထမ်းတဲ့
ထမ်းပိုးမှာ အပေါက်ဖောက်ပြီး အဲဒီအပေါက်
ထဲ အလိပ်လေးလုပ် ထည့်ထားတာ ။
ထီလက်မှတ်ရဲ့ အက္ခရာနဲ့ ဂဏန်းကိုတော့
သူ့အိမ်က သစ်သားတန်း မှာ မြေဖြူနဲ့
ရေးထားတယ်တဲ့ ” . ထီပေါက်စဉ်လဲ
ထွက်ရော ခါးပန်းက နံပါတ်နဲ့ တိုက် ကြည့်
တော့ သိန်းဆုပေါက်နေရော ။
' ဝမ်းသာလွန်းလို့ ငါသူဌေးဖြစ်ပြီ
ဒီနေ့စပြီး ရေမထမ်းတော့ဘူးကွဆိုပြီး
ရေထမ်းတဲ့ ထမ်းပိုးကို ဧရာဝတီ မြစ်ထဲ
လွှင့်ပစ်လိုက်တယ်တဲ့ ပြီးတော့ သူငယ်ချင်း
တွေ လိုက်ပြော | ဆိုင်တစ်ဆိုင်မှာ
ပျော်ပျော်ပါးပါး စားသောက်ကြတယ်တဲ့ ။
နောက်မှ သူငယ်ချင်းက မင်းထီလက်မှတ်
ကိုရော သေသေချာချာ သိမ်းရဲ့လား
ထီပေါက်ပြီးမှ လက်မှတ်ပျောက်နေဦးမယ်လို့
ပြောတယ်တဲ့ ။ ဒါနဲ့ သူက ဘယ်ပျောက်မလဲ
ကွာ ။ ငါက သေသေချာချာ ထမ်းပိုးထဲ
ထည့်ထားတာလို့ ပြောပြီးမှ အမယ်လေးဗျ ။
သေပါပြီ ။ သွားပါပြီ
` လုပ်ကြပါဦး ထအော်သတဲ့ ။
ထမ်းပိုးကို မြစ်ထဲ လွှင့်ပစ်လိုက်မိတာ
သတိရပြီး သူငယ်ချင်းတွေ ပြောပြတယ် ”
သူနဲ့ သူငယ်ချင်းတွေ ` လှေတွေငှားပြီး
မြစ်ရိုးတစ် လျှောက် ထမ်းပိုးလိုက်ရှာကြတယ် ။
အောက်ဘက်က မြို့ရွာတွေကို
ကုန်းလမ်းက ကြိုသွားပြီးတော့လဲ
မြစ်ပြင်အနှံ့ရှာကြတယ်တဲ့ ။ ဒါပေ မယ့်
ထမ်းပိုးက ရှာမတွေ့တော့ဘူး ။ . . . ။
“ ဖြစ်မှ ဖြစ်ရလေကွာ ဘယ်လောက်များ
မောလိုက် မလဲ " တစ်ယောက်က
ကြားမှ မောနေသည် ။
“ ဆင်းရဲတုန်းက ရေထမ်းစားရတဲ့
ထမ်းပိုးကို အမြတ် တနိုး သိမ်းထားမယ်ဆိုရင်
ဒီလိုဖြစ်မှာ မဟုတ်ဘူး " တစ်ယောက်က
ထမ်းပိုး၏ကျေးဇူးကို မေ့၍ ဤသို့
ဖြစ် ရသည်ဟု အပြစ်တင်လိုသော
သဘောဖြစ်သည် ။ . “ သူရဲ့ အပျော်လွန်ပြီး
မေ့သွားတာနေမှာပေါ့ကွာ . . "
“ မထိုက်လို့ပေါ့ကွာ . . . ”
မှတ်ချက် အမျိုးမျိုး ထွက်ပေါ်လာသည် ။
“ ကျွန်တော့်ဟာက ရယ်စရာလဲ
ကောင်းတယ် . . " - သင်ခန်းစာယူဖို့လည်း
ကောင်းတယ်ဗျ ဖြစ်တာက ဒီမင်္ဂလာဒုံ
ဈေး အပြင်ဘက်တန်းမှာ " . တစ်ယောက်က
ဖြစ်ရပ်အသစ်တစ်ခုကို တင်ပြနေပြန် သည် ။
“ ကျွန်တော်က အဲဒီတုန်းက
မင်္ဂလာဒုံဈေးအပြင်တန်းမှာ ` နာရီပြင်ဆိုင်
လေး ဖွင့်ထားတော့ . . " ကျွန်တော့်ဆိုင်မှာ
ရာသီစာ | အသီးအနှံတွေ ရောင်းတဲ့
သစ်သီးဆိုင်လေး ရှိတယ် ၊
ဒေါ်မြတဲ့ အသက်ငါးဆယ်လောက်
သူ့ဆိုင်အမိုးမှာ မနှဲလေးပုခက်လေး ဆွဲထား
တာ ရှိတယ် ၊ အထဲမှာ မနှဲလေးပုံနဲ့ပေါ့ ၊
နေ့တိုင်း ပန်းပွင့် လေးတွေ ပူဇော်တယ် ၊
ဈေးရောင်းကောင်းအောင်လို့ပေါ့ ။
တစ်ခါတစ် | လေ ကြက်ဥပူဇော်တယ် ၊
သူကတော့ ကြက်ဥလို့ မခေါ်ဘူး ။
မမနှဲ | ရွှေမင်းသမီးဆက်ပါတဲ့ "
တစ်နေ့တော့ နှစ်ကျပ်တန် ထီလက်မှတ်
ဝယ်ပြီး မနှဲလေးရဲ့ " ပုခက်လေးထဲ
ထည့်သိမ်းထားတယ် ၊ မမနှဲ ထီ “ ပေါက်
အောင် မနော် … ပေါက်ရင် မမနှဲကို
ရွှေဖရုံသီးတွေ များများ ဆက်မယ် ၊
အင်္ကျီလှလှလေးလဲ ဝယ်ပေးမယ်လို့ ပြောတယ် ။
ဒါနဲ့ ထီဖွင့်တော့ နှစ်သောင်းဆု
ပေါက်တဲ့အကြောင်း ထီထိုး ထားတဲ့ဆိုင်က
လာပြောတယ် ။ အဲဒီတုန်းက နှစ်သောင်းဆု
ဆိုရင် | နည်းတာ မဟုတ်ဘူး ။
ရွှေတစ်ကျပ်သား ငါးရာခေတ်က
နားထောင်သူအချို့ ခေါင်းညိတ်ပြသည် ။
“ ဒေါ်မြလည်း ဝမ်းသာအားရ နဲ့
မမနှဲရေ . . ထီပေါက်ပြီဟေ့ • မမနှဲကို
ပြောထားတဲ့အတိုင်း ဆက်မယ်ဟေ့ • •
ထီလက်မှတ် ပေးပါဦးဆိုပြီး မနှဲလေး
ပုခက်ထဲမှာ ထီလက်မှတ်ရှာတယ်
မရှိတော့ဘူး ပုခက်က လေဒလဟောထဲမှာပဲ ။
ပုခက်လေးလဲ လေတိုးတိုင်းလှုပ်နေတော့
ဘယ်အချိန် လွှင့်ပါသွားလဲ မသိဘူး ”
ဒေါ်မြ မနှဲလေး ပုခတ်ကိုဖြုတ်ပြီး
အမောတကော ကြည့်တယ် ရှာတယ်
မတွေ့တော့ဘူး ၊ စိတ်ဆိုးပြီး
ဟင် . . . ငါကဖြင့် ပန်းဆက်ရ ရွှေဖရုံသီး
ဆက်ရနဲ့ အားကိုးလိုက်တာ . . နင်ကတော့
ထီလက်မှတ် လေး တစ်စောင်တောင်
မပျောက်အောင် ထိန်းမပေးနိုင်ဘူး ၊
သွားရော့ ဆိုပြီး မနှဲလေး နတ်ရုပ်လေးရော ၊
ပုခက်ရော လမ်းပေါ်လွှင့်ပစ်လိုက် တယ် ။
နှစ်သောင်းလဲ မရတော့ဘူး ။
. ` ရယ်သံများ ထွက်ပေါ်လာသည် .
သူကလည်း အသိမ်းမတတ်တာပဲ . . . " " .
“ အားကိုးမှားတာပေါ့ဗျာ . . . "
. မှတ်ချက်များ ထွက်ပေါ်လာကြပြန်သည် ။
“ ကျွန်တော်ဟာကတော့ ပိုထူးဆန်းတယ်ဗျ ၊
ကံတရားရဲ့ ဆန်း ကြယ်ပုံပေါ့ "
- တစ်ယောက်က ဖြစ်ရပ်အသစ်ကို
တင်ပြရန် စကားစနေပြန် သည် ။ မှတ်ချက်
ပေးသည်များ ရပ်စဲသွားပြီး အကြောင်းအရာ
သစ်ကို နားထောင်ကြရပြန်သည် ။
မိုးကလည်း သဲသဲမဲမဲရွာနေဆဲ ။
“ “ အဲဒီတုန်းက ကျွန်တော်က စဉ့်ကိုင်မြို့မှာ
နေတာဗျ ။ ပေါက် လဲပေါက်တယ်
ဦးလေးလွင်က သူ့ဆိုင်မှာ ထီထိုးရင်
လိပ်စာအသေ အချာရေးမှတ်တယ် ”
အဲဒီတုန်းက ထီဖွင့်ရင် ညမှာ ရေဒီယိုက
ပေါက်ဂဏန်းတွေ ကြေငြာတယ် ။
ဦးလေးလွင်က သူ့ဆိုင်က လက် မှတ်တွေနဲ့
ရေဒီယိုကြေငြာတာကို ညတိုင်းတိုက်တယ် ။
ပေါက်ရင် နောက်တစ်နေ့ကျ သင်ပုန်းကြီးမှာ
ဆုငွေ ၊ ပေါက်ဂဏန်း ၊ လိပ်စာ
အကုန်ရေးထားတယ် ။ တစ်ခါတော့
စဉ့်ကိုင်အနောက်ပိုင်းရွာတစ်ရွာ က
အဘွားကြီးတစ်ယောက် ငါးသောင်းဆု
ပေါက်တယ် ။ အဲဒီတုန်းက ရွှေဈေးက
ငါးရာတောင် မဟုတ်ဘူး ၊ သုံးရာလောက်က . . "
မြန်မြန်ရှေ့ဆက်ရန် ခေါင်းမြန်မြန်ညိတ်သည် ။
ရွာနာမည်နဲ့ နာမည်နဲ့ ဘောမှာ ကြေငြာထား
တာတွေ့တော့ အဲဒီရွာက လူတစ်ယောက်
တွေ့ပြီး အဘွားကြီးကို သွားပြောတယ် ။
အဘွားကြီးခမျာ ဝမ်းသာလွန်းလို့
နောက်နေ့မနက်မှာ ထီလက်မှတ် လေးယူပြီး
စဉ့်ကိုင်မြို့သွားတာပေါ့ ၊ မြင်းလှည်းနဲ့သွား
တော့ မြို့အ နောက်ဖက်ထိပ် မြင်းလှည်းဂိတ်
ကနေ ဦးလွင်ထီဆိုင်ကို ဆိုက်ကားနဲ့
သွားရတယ် ။
` လမ်းမှာ ဆိုက်ကားသမားနဲ့ စကားပြောရင်း
ထီငါးသောင်း ဆုပေါက်လို့ဆိုတာ
ဆိုက်ကားသမားသိသွားတာပေါ့ . . . မြို့ထဲမှာ
ဈေးနားရောက်တော့ ဆိုက်ကားသမားက
အဘွားထီလက်မှတ် ခဏပြပါ . . .
ဟုတ်မဟုတ် ဈေးမှာ ဝင်တိုက်ပေးမယ်လို့
ပြောတယ် ။ အဘွားကြီးကလဲ
ရိုးရိုးအအနဲ့ ထုတ်ပေးလိုက်တာပေါ့ ။
ဆိုက်ကားသ မားက ဈေးထဲဝင်ပြီး
ခဏကြာတော့ ပြန်လာတယ် ။
သူ့မိတ်ဆွေများ မရှိလို့ ထီပေါက်စဉ်
မတိုက်ခဲ့ရဘူးဆိုပြီး ထီလက်မှတ်ပြန်ပေးတယ် ။
ဦးလွင်ဆိုင်မှာ အဘွားကြီးလာပြီဆိုပြီး
ဝမ်းသာအားရကြိုတာ ပေါ့ ။
အဘွားကြီးက ထီလက်မှတ်ထုတ်ပေးတယ် ။
ဒါပေမယ့် ဘော ပေါ်မှာ ရေးထားတဲ့
ပေါက်ဂဏန်းနဲ့ လွဲနေတယ် ၊ ၊ ၊
ဒီလက်မှတ်က ပေါက်ဂဏန်းမဟုတ်ဘူး
ဆိုတော့ အဘွားကြီးလည်း ဘာမှမသိဘူးပေါ့ ။
နောက်မှ မေးရင်းမြန်းရင်းနဲ့ ဆိုက်ကားသမား
လဲယူလိုက်ပြီး တွက်မိကြပါတယ် ။
ဒါပေမယ့် ဘယ်လိုလုပ် မလဲ ။ လက်မှတ်က
သူ့ဆီ ရောက်သွားပြီးတိုင်ရမယ် ။
ဆိုက်ကား ဂိတ်လိုက်ရှာတော့လဲ
မတွေ့တော့ဘူး ။ ထီ ဥပဒေကလည်း
လက်မှတ် တင်ပြနိုင်သူသာ ငွေထုတ်ခွင့်ရမှာ ။
အဘွားလည်း လက်မှတ်အလဲခံ " ရတာ
သိပြီး ငိုလို့ သူ့ရွာ ပြန်သွားတယ် "ဒါပေမယ့်
အဲဒီနေ့ညမှာ ရေဒီယိုက ပေါက်ဂဏန်းတွေ
ကြေညာတော့ အဘွားကြီးဆီ ရောက်နေတဲ့
ထီလက်မှတ်က သိန်းဆု ထွက်လာတယ် . . . ။ ။
“ ကောင်းတယ် . . ယုတ်မာတဲ့
ဆိုက်ကားသမား သိန်းဆုရ မှာကို
ငါးသောင်းဆုနဲ့ လဲယူသွားတယ် . . . "
“ အဘွားကြီးက ငါးသောင်းအစား
တစ်သိန်းရသွားတာ ဝမ်းသာသော
မှတ်ချက်များ ဖြစ်သည် ။ . . • . “
အင်း . . . ခင်ဗျားတို့
ထီအကြောင်းလေးတွေက စိတ်ဝင်စား စရာ
ကောင်းလို့ ကျွန်တော် ဟိုဘက်စားပွဲက
နားတောင်နေတာ … ကျွန်တော့်မှာလည်း
ပြောစရာတစ်ခုရှိတယ် "
အငြိမ်းစားအရာရှိကြီးကို ဘေးစားပွဲမှ
ဝိုင်းကူးလာသည် ။
“ ကောင်းတယ်ဗျား လုပ်ဖို့ ပြောပါဦး .”
" . . အငြိမ်းစားအရာရှိကြီးကို ခုံတစ်ခုံ
ထိုးပေးရင်း ထီအကြောင်း ပြောနေသော
စားပွဲမှ လူများက ကြိုဆိုလိုက်ကြသည် ။
. “ ကျွန်တော့်ဟာက ခင်ဗျားတို့ပြောသလို
ထီအကြောင်း မကောင်းတာတွေ စိတ်ညစ်
စရာတွေတော့ မဟုတ်ဘူးဗျ ။ ကောင်းတဲ့
အကြောင်း ပြီးတော့ သိန်းထီခေတ်လဲ
မဟုတ်ဘူး ။ အခု မင်္ဂလာစုံ တွဲခေတ်မှာ ဖြစ်တော့ “
“ “ မကြာသေးဘူးပေါ့ . . " တစ်ယောက်က
ခပ်မြန်မြန် ဖြတ်ပြောလိုက်သည် ။
ဖြစ်တာက မြစ်ဝကျွန်းပေါ်မြို့ကြီးတစ်မြို့ဗျ
မြောင်းမြ မြို့လား ၊ ဝါးခယ်မလားတော့
မသေချာဘူး ၊ မြောင်းမြပဲ ဖြစ်မယ်
ထင်တယ် ။ ကျွန်တော်ကလဲ
တစ်ဆင့်ကြားတော့ ပြန်ပြောရတာ “ ဒါပေ
မယ့် အရေးကြီးတဲ့ အကြောင်းတွေကိုတော့
မှတ်မိပါတယ် အငြိမ်းစားအရာရှိကြီးဆိုလို
သည် ကို နားထောင်သူများ
သဘောပေါက်ပါသည် ။
မြို့ပေါ်က ဈေးနားမှာ တိုင်းရင်းဆေးလဲ
ရောင်း ၊ ကုလဲကွတဲ့ ` တိုင်းရင်းဆေးဆရာ
ကြီးရဲ့ အိမ်ရှိတယ် ။ တောက လူတစ်ယောက်
ဆရာကြီးအိမ် ရောက်လာပြီး သူနဲ့ဆရာကြီးနဲ့
ကံစပ်တဲ့အကြောင်း ပြောနေတုန်း
ထီရောင်းတဲ့လူ ရောက်လာပြီး
မင်္ဂလာစုံတွဲ ကံစပ်ဖို့အ ကြောင်း
ပေါက်မှာ သေချာကြောင်း ထုံးစံအတိုင်း
တိုက်တွန်းပြီး အထိုးခိုင်းတယ် ။
ဆေးဆရာကြီးကတော့ စိတ်မဝင်စားပါဘူး ။
ဒါပေ မယ့် ဆေးကုတဲ့လူက
တိုက်တိုက်ဆိုင်ဆိုင် သူရှိတုန်း လာရောင်းတာ
ဆရာကြီးနဲ့ ကံစပ်လို့ပဲလို့ ထင်လိုက်တယ် ။
ဒါနဲ့ ဆရာကြီးနဲ့ ကျွန်တော် ဆေးလည်း
ကံစပ်တယ် ။ ထီလည်း ကံစပ်မယ်ထင်တယ် ။
မင်္ဂလာ စုံတွဲစပ်တူထိုးရအောင်လို့ ပြောတယ် ။
ဆရာကြီးက စိတ်မဝင်စားပါ ဘူး ။
ထုံးစံအတိုင်းပေါ့ ထီရောင်းတဲ့လူကတော့
ကံစပ်မှာ သေချာ ကြောင်း စပ်ထိုးဖို့ကောင်း
ကြောင်း အတင်းပြောတယ် ။
မင်္ဂလာစုံတွဲ က ထောင့်ငါးရာကျတယ် ။
ဆရာကြီးက ငါးရာပဲ ထည့်ပါ ။ ကျွန်တော်
တစ်ထောင်ထည့်ပါမယ် ။ ဆရာကြီးနဲ့
ကံစပ်ချင်လို့ပါ ဆိုပြီး အတင်း ပြောတာနဲ့
ဆရာကြီးလဲ အားနာပြီး ငါးရာထုတ်ပေးလိုက်
တယ် ။ မင်္ဂလာစုံတွဲ ထီလက်မှတ်အိတ်
ကလေးရတော့ ၊ တစ်ထောင် စိုက်တဲ့ လူက
အိတ်ကလေးကို ဆရာကြီးသိမ်းထားပါလို့
ပေးတယ် ။ ဆရာကြီးက ခင်ဗျား
အများကြီးစိုက်ရတာ ခင်ဗျားပဲ ယူထားပါလို့
ပြန်ပေးတယ် ၊ ဟိုလူက မယူဘူး ။
ဆရာကြီးဆီမှာပဲ အပ်ထားခဲ့တယ် ။
သူလိုတဲ့ ဆေးဝယ်ပြီး သူ့ရွာပြန်သွားတယ် ။
ထီဖွင့်တော့ အဲဒီမင်္ဂလာ စုံတွဲက
သိန်းတစ်ရာ့ငါးဆယ် ပေါက်တယ် ။
ထီရောင်းတဲ့လူက ဝမ်း သာအားရ လာပြော
တယ် ။ ဆရာကြီးက ထီလက်မှတ်ထုတ်ပြီး
တိုက် ကြည့်တော့ မှန်နေတယ် ။
မင်္ဂလာစုံတွဲပေါက်ပြီ ၊ ဆရာကြီးရဲ့ မိသားစု
တွေလည်း ပျော်ကြတာပေါ့ ။
ဒါပေမယ့် ဆရာကြီးက မပျော်ဘူး ။
သူနဲ့ စပ်ထိုးတဲ့လူကို နာမည်တောင်
မသိလိုက်ရဘူးတဲ့ ။ အဲဒီလူ | ရသင့်ရထိုက်
တာ ခွဲပေးချင်တယ် "
နားထောင်သူများ ခေါင်းညိတ်ကြသည် ။ ' '
“ အဲဒါနဲ့ ဆရာကြီးက အကြံဉာဏ်ထုတ်ပြီး
စဉ်းစားတာ ပေါ့ ၊ နောက်ဆုံးတော့
သူစိတ်ကူးရတဲ့အတိုင်း ထီရောင်းတဲ့လူကို |
အကူအညီတောင်းပြီးဈေးထဲလူစည်တဲ့
မနက်ပိုင်းမှာ အသံချဲ့စက်နဲ့ | အအော်ခိုင်း
တယ် ၊ မင်္ဂလာစုံတွဲစပ်တူ ပေါက်ထားကြောင်း
ပေါက်တဲ့ လူက အသက်လေးဆယ်လောက်
ဖြစ်ကြောင်း ရွာကနေ တိုင်းရင်း ဆေးဆရာ
ကြီးနဲ့ စပ်တူထိုးခဲ့တာဖြစ်ကြောင်း ၊
နာမည်မသိ ၊ ရွာမသိကြောင်း ၊
သက်ဆိုင်သူက ကြားသိရင် လာရောက်
ဆက်သွယ်ဖို့ အကြောင်း အအော်ခိုင်းတာပေါ့ ။
ရွာတွေက ဈေးဝယ်လာသူများတဲ့
အချိန်မှာ အော်တာဆိုတော့ ရွာတွေကို
ဒီသတင်းရောက်အောင် လုပ်တာပေါ့ ။
နှစ်ရက်အော်ပြီးတဲ့အထိ မလာလို့
ဆရာကြီး စိတ်မကောင်းဖြစ်မိတယ် ။
သုံးရက်ဆက်အော်တယ် ။ လေးရက်မှာ
အဲဒီလူ ဆရာကြီးဆီ ရောက်လာတယ် ။
ဆရာကြီး သိပ်ဝမ်းသာ ` သွားတယ် ။
နားထောင်နေသူများလည်း
ဝမ်းသာသွားကြတယ် ။
“ ဆရာကြီးက အဲဒီလူကို ထီလက်မှတ်တွေ
ပြန်အပ်တယ် ။ ထီဆုငွေထုတ်ပြီးရင်
သူ့အတွက် သိန်းငါးဆယ်ပေးဖို့ ပြောတယ် ။
တောကလူက လက်ကာပြတယ် ။
မဟုတ်တာ ဆရာကြီးရယ် . . | ကျွန်တော်
တစ်ယောက်တည်းထိုးရင် ပေါက်မှာ မဟုတ်ဘူး ။
ဆရာကြီး နဲ့ ကံစပ်လို့ပေါက်တာ
နှစ်ယောက်ညီတူညီမျှ ခွဲယူရမှာပေါ့လို့
ပြော တယ် ။ ဆရာကြီးကလည်း
မယူလိုကြောင်း သူ့အတွက် ကျပ်သိန်း |
ငါးဆယ်ပဲ ယူလိုကြောင်း အကြောက်အကန်
ငြင်းတယ်တဲ့ ” နားထောင်သူများ
စိတ်ကောင်းရှိသူနှစ်ဦး အကြောင်း
ကြားရသည် မှာ နှစ်သက်စရာ ဖြစ်သည် ။
တောကလူကလည်း ဆရာကြီးက
ထိုးချင်တာမဟုတ်ဘူး ၊ | အတင်းထိုးခိုင်းလို့
သူ့ဆန္ဒကို လိုက်ပြီး ထိုးရတာ ဆရာကြီးသာ
စပ်မထိုးရင် သူလည်း - ထိုးဖြစ်မှာမဟုတ်လို့
ပေါက်မှာမဟုတ်ဘူး ၊ ဆရာကြီးနဲ့
ကံစပ်လို့သာ သူလည်း ထိုးဖြစ်တာ
ကံစပ်တယ်ဆိုတာ တစ်ဝက်ဆီခွဲမှ မှန်မှာ
ဖြစ်ကြောင်း အတင်းပြောသည် ။
နောက်ဆုံးထီဆုငွေထုတ်ပြီးတော့ဆရာကြီးက
တစ်ဝက် သာမကဘူး ငွေအားလုံး
လက်ခံယူထားရတယ် ။ လိုသလောက်သာ
သုံးပါလို့ပြောတယ် ။
ဆရာကြီးက မြို့ပေါ်မှာ
အိမ်ဝယ်ပေးမယ်ဆို တော့ သူမြို့ပေါ်မှာ
မနေနိုင်ဘူးတဲ့ ရွာမှာ သူ့ဆရာ ဘုန်းကြီးကို
ပြုစုဖို့ ရှိတယ်တဲ့ ။ သူက လူပျိုကြီးမို့
အိမ်ထောင်ပြုဖို့ ပြောတော့ လည်း
အိမ်ထောင်သားမွေး လုံးဝစိတ်မဝင်စားကြောင်း ရဟန်းဝတ် | ဘဝမှာ
လေနာရောဂါကြောင့် လူထွက်ရတာ
ဖြစ်ကြောင်း ကျန်းမာရေး ကောင်းရင်
ရဟန်းပြန်ဝတ်လိုကြောင်း ပြောတယ်တဲ့ ။
ဒါနဲ့ ဆရာကြီးက သူ့ရွာကို လိုက်သွားပြီး
သူ့အတွက် အိမ် ကောင်းကောင်း
တစ်လုံး ဆောက်ပေးတယ် ။ သူ့ဆရာ
ဘုန်းကြီးကျောင်း ကိုလည်း ပြုပြင်ပေးတယ် ။
လိုအပ်သော စီစဉ်ဆောင်ရွက်ပြီး
ပြည့်စုံ အောင် လှူဒါန်းပေးတယ် ၊
အဲဒီလူအတွက်လဲ မြို့သွားဖို့ လာဖို့လည်း
လွယ်အောင် နေ့စဉ် သုံးရအောင်
စက်တပ်လှေတစ်စင်းဝယ်ပေး လိုက်တယ်တဲ့ "
" , ခုတော့ သူတို့ ဆွေမျိုးသားချင်း
အရင်းအချာတွေလိုဖြစ်ပြီး တစ်ယောက်ကို
တစ်ယောက် ချစ်ခင်အားကိုးနေလိုက်ကြတာတဲ့ ။ ”
အငြိမ်းစားအရာရှိကြီးက
သူ့စကားကို အဆုံးသတ်ပြီး ရေနွေးကြမ်း
တစ်ပန်းကန် ကောက်မော့ပါသည် ။
“ . ပြောသူ၏မျက်နှာ ကြည်လင်ရွှင်လန်း
နေသကဲ့သို့ နားထောင် သူတို့၏ မျက်နှာ
မျက်လုံးများမှာလည်း ပြုံးပျော် အေးချမ်းလျက် . . ။
----------------------
လယ်တွင်းသားစောချစ်
နိုင်ငံဂုဏ်ရည်မဂ္ဂဇင်း
၂၀၀၂ ခုနှစ် စက်တင်ဘာလ
By KO PYAE
Comments