နေကြည့်လိုက်ပါ
မိန်းမတစ်ယောက်ဟာအယုံအကြည်လွယ်တယ် ။ခံစားရလွယ်တယ်။ အားနာတတ်တယ် ။အစွဲအလမ်းကြီးနေတတ်တယ် ဆိုရင်အဲဒီ မိန်းမတစ်ယောက်ဟာ နောင်တတွေနဲ့အလိမ်အညာတွေပဲ ခဏခဏ ရနေလိမ့်မယ်။
နေကြည့်ပါ….။မပြတ်သားရင် အကြိမ်ကြိမ် နာကျင်ရမယ်မစွန့်လွှတ်ရင် ဘဝပါ ပေးဆပ်နေရမယ်။ဖတ်တွယ်ထားမိရင် လှည့်စားတာ ခံရမယ်။အဲဒီတော့ ရက်စက်တတ်တဲ့ မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ။
အရမ်းချစ်ပြရင် အထင်သေးတာ ခံရမယ်သူမရှိရင် မနေတတ်ဘူး ခံစားပြနေရင် အမြဲအရှုံးပေးနေရမယ်သစ္စာရှိရှိ ကိုးကွယ်ဖို့ ဆိုတာကလဲ တန်တဲ့သူက ရှားတယ်လေအဲဒီတော့ မာနကြီးတဲ့ မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ။
နုံလွန်းရင် အချိုးအဖဲ့ ခံရမယ်။အားနာတတ်ရင် တတ်နင်းခံရမယ်။သနားစိတ် ဝင်သွားရင် ချောင်ပိတ်ရိုက်ခံထိမယ်။အဲ့ဒီတော့ ထက်မြက်တဲ့ မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ။
စိတ်ရင်းအမှန်နဲ့ ဂရုစိုက်ပြရင် အစော်ကားခံရမယ်။အသည်းအသန်ဖြစ်ပြရင် ပစ်ချခံရမယ်။အချိန်ပြည့် သတိရနေရင် မျက်ရည်မျက်ခွက်ဖြစ်နေရမယ်။အဲဒီတော့ အေးစက်စက် မိန်းမတစ်ယောက်အဖြစ် နေကြည့်ပါ။
credit to original writer
Comments