ခြောက်ပြစ်ကင်း

ခြောက်ပြစ်ကင်း (ဦးဖိုးကျား) (Unicode)
+++++++++++++++++++++

ရွာတောင်ပိုင်း
************
သမီးသည် ရေအိုးစင်၌ ရေသောက်ပြီး ဖန်ခွက်ကို အစွန်နားတွင် တင်ထားခဲ့၏။ နောက် မောင်ငယ်က ရေသောက်မည်ဟု ဖန်ခွက်ကို ကိုင်လိုက်ရာ အစွန်အနားတွင်ဖြစ်၍ ချွတ်ချော်ကာ ဖန်ခွက်ကျကွဲလေ၏။
သား။ “ဟောဗျာ၊ ဖန်ခွက်ကွဲသွားပြီ၊ ကွဲမှာပေါ့၊ မမကိုယ်က အင်မတန် ပေါ့ပေါ့ဆဆနိုင်တာ၊ ဖန်ခွက်ကို အတွင်းကျကျ နေရာရောက်အောင် မထားခဲ့ဘူး၊ ကြည့်ပါလား၊ ဒီအစွန်အဖျားကလေးမှာမှ တင်ထားခဲ့တယ်။ ဒီက ယူမယ်လို့ လုပ်ရုံရှိသေးတယ်၊ ကျသွားတာပေါ့။ မမရဲ့အပြစ်ပဲ-သိရဲ့လား” (မျက်စောင်းထိုး၍ ပြောသည်။)

သမီး။“သြော်- သြော်၊ ဟုတ်ကလား၊ အဉ်း-တယ်တော်တဲ့ မောင်ကလေးပဲ၊ မင်း- ပျာလောင်ခတ်လုပ်ပြီး မိမိရရ မကိုင်လို့ ကျကွဲတာကို ငါ့ကို အပြစ်ချသလား။ ငါထားခဲ့တာ ဘာမှမဖြစ်ဘူး။ မင်း နန့်ပျာပျာလုပ်လို့ ကွဲရတာ-သိရဲ့လား။”
(ထို့နောက် အလယ်ခန်းတွင်ထိုင်၍ ဆေးလိပ်သောက်ကာ နားထောင်ကြည့်ရှုနေသော အမိဘက်သို့လှည့်၍) “ဒီဖန်ခွက် ကွဲရတာဟာ အမေလည်း အပြစ်မကင်းဘူး။ မနက်က ဦးပဉ္ဇင်းလာလို့ အမေက
ဗီရိုထဲက ဒီဖန်ခွက်ကို ထုတ်ပြီး ရေကပ်တယ်၊ ရေကပ်ပြီး သူ့နေရာကို ပြန်ရောက်အောင် မထားပဲနဲ့၊ ရေအိုးစင်မှားထားလို့ ဖြစ်ရတာ။ ဒီဖန်ခွက်ဟာ ဧည့်သည်များ၊ ဘုန်းကြီးများအတွက်တယ်ဖို့၊ ကပ်ဖို့ သတ်သတ်ထားတာ၊ အဲ့ဒါ အမေက ဘုန်းကြီးကို ကပ်ပြီး၊ သူ့နေရာမှာ ပြန်မထားလို့ ဒီလို ကွဲရတာ၊ အမေလည်းအတော်ခတ်တာပဲ” နှုတ်ခမ်းတစ်လန် ပန်းတစ်လန်နှင့် ပြောသည်။)

အမိ။ “အဉ်း- တယ်တော်ကြတယ်။ ညည်းက အစွန်မှာ တင်ခဲ့တယ်၊ မောင်လုပ်တဲ့ လူက နန့်တန့်တန့်သွားလုပ်တော့ ကျကွဲတယ်၊ ငါ့ကို အပြစ်ချသလား၊ ကိုယ်အသုံးမကျတာကို မကြည့်ဘဲနဲ့၊ သူများအပေါ်မှာ တယ်အပြစ်ချတတ်ကြတယ်။ ညည်းတို့အမျိုးကိုက မကောင်းတာ၊ ညည်းတို့မှာ ငါ့သား၊ ငါ့သမီးပေတဲ့၊ ငါ့သွေးတစ်စက်မှမပါဘူး၊ ညည်းအဖေ့သွေးချည်းပဲ-သိရဲ့လား။ ခုဖန်ခွက်ကွဲတာလည်း ညည်းအဖေဟာ တရားခံအစစ်သိရဲ့လား၊ ငါက နှီးခွက်ချောချော ဝယ်ခဲ့ပါလို့ မှာလိုက်တယ်၊ နှီးခွက်ကို မဝယ်ဘဲနဲ့ ဖန်ခွက်ကိုမှ ဗိုလ်ဆန်တယ်ဆိုပြီး ဝယ်ခဲ့တာကလားအေ့၊ ကတဲ-ဗိုလ်ဆန်ချင်လိုက်တာ။ ဗိုလ့် ယောက်ဖလား၊ ဗိုလ့်ယောက္ခမလား မပြောတတ်တော့ပါဘူး”ဆို၍ ဆောင့်ကြောင့်ထိုင်ကာ ဆေးပေါ့လိပ်ကို ခပ်ဆက်ဆက်ဖွာပြီး တဟ်ဖက်သို့ မျက်နာလွှဲနေသည်။

ထိုအခါ ခေါင်းရင်းခန်းတွင် ကွမ်းစားနေသော အဖေက စောင့်ငဲ့ကြည့်၍ “အဉ်း-ခြောက်ဖြစ်ကင်း ရဟန္တာတွေ၊ ရဟန္တာတွေမတွေနဲ့ ငါတွေ့ကြုံရတာဟာ ငါ့ကုသိုလ်ထူးတာပဲ။ တစ်ယောက်က နေရာမှာပြန်မထားဘူး၊ တစ်ယောက်က အစွန်မှာတင်ခဲ့တယ်၊ တစ်ယောက်က ကမြင်းတင်းတင်း သွားလုပ်တယ်၊ ဒါနဲ့ ဖန်ခွက်ကွဲတာကို ငါဝယ်ခဲ့တဲ့လူကို အပြစ်တင်သလား၊ ဒီလိုတင်မယ့်တင်ရင်လည်း ငါ့ကိုချည်း မတင်နဲ့၊ ဟိုရောင်းတဲ့ ကုလားကိုလည်းတင်ဦး။ ပြီးတော့ ဖန်ခွက်လုပ်တဲ့ အဲဟိုဘိလပ်က ဗိုလ်ကိုလည်းတင်ဦး။ ဒါမှ တရားမှာ မခြောက်ပြစ်ကင်းတို့ရဲ့။ ဘယ့်နှယ်ဗျာ၊ ချောချောမွှတ်မွှတ်၊ ကြည်ကြည်လင်လင် သုံးစွဲကြပါစေလို့ ဝယ်ခဲ့တာကပဲ၊ ဟိုဒင်းပြောတာလို နင်တို့လား နင်တို့လေ၊ ဘုန်းကြီးလို့ သက်မရှည်၊ သက်ရှည်လို့ ဘုန်းမကြီးဘူးဟဲ့နော်၊ မှတ်ထား။ နင်တို့ တစ်ယောက်မှမကောင်းဘူး သိရဲ့လား၊ အိတ်သဟာတွေ မြဆလိတွေ၊ များလား များရဲ့။ ဒေါသဏ စေတသိပ်တွေ များလား များရဲ့။ နင်တို့တော့ သံဂရာမှာလေ ဒုတ်စလိုက် ဗလပြစ်နဲ့ မျောနေဦးမှာ၊ ငါမြင်ယောင်လိုက်လှသဟယ်-ထွီ--”

အမိ။“အောင်မယ်-ရှင်က၊ စာသံတွေ ပေသံတွေ လုပ်မနေပါနဲ့၊ ပိဋကတ်အိုးကွဲကြီးရဲ့၊ ကတဲ လူကဖြင့် သူ့သားရဲ့ ငါးတန်း၊ခြောက်တန်း ဖတ်စာကိုတောင်မှ စာလုံးပေါင်းပြီး ဖတ်ရတဲ့လူက လားလား ဟန်ကြီး ပန်ကြီး ပါဠိတွေ,ပါဠက်တွေနဲ့ သူပြောတဲ့ဟာတွေကလည်း တို့ကြားဖူးတာနဲ့ မတူပါဘူး”
သမီး။ ဟုတ်ပါရဲ့ အဖေကလည်း အင်မတန်ဂွကျတယ်၊ ရယ်စရာလည်းကောင်းတယ်၊ စာလည်းမတတ်ဘဲ နဲ့ ပါဠိတွေ သုံးချင် လိုက်တာ၊ ပီလည်း မပီဘူး။ ဣဿာ,မစ္ဆရိယ,ဒေါမနဿ,စေတသိက်,သံသရာ, ဒုစရိုက်လို့ခေါ်မှ မှန်တယ် အဖေရဲ့ သိရဲ့လား”(မျက်နာကို မော့မော့ထား၍ ခပ်ကြွားကြွာ ပြောသည်။)

အဖေ။ “အေးပါလ,ဗျာ၊ ခင်ဗျာလိုတော့ ဟိုရွာဖျားက ရွှေမျက်မှန်နဲ့ ဦးပဉ္ဇင်းကလေး ဆီမှာ ကျုပ်က သင်ဂြိုဟ်မတတ်ရဘဲကိုး ခင်ဗျာ့ လောက်တော့ဘယ်ပီမလဲ” ဟု ငေါ့လိုက်လေ၏။

သား။ “အစစ်ပဲ၊ မမ စာတတ်တဲ့ ဦးပဉ္ဇင်းက စပ်ဖြဲဖြဲနဲ့၊ စာတတ်ရတာကတော်တော်ရယ်၊ နှစ်ယောက်သား ဟားတိုက်နေတာကများတာပဲ၊ ပြီးတော့လည်း မမက စာတတ်သွားတာတဲ့ လိမ်းလို့
ဖီးလို့ကြော့နေတာပဲ”

အမိ။ “နို့-မင်းကကော၊ အရွယ်နဲ့ မလိုက်ဘဲ လူပျို လုပ်ရတာနဲ့ အခုစာမေးပွဲကျတာနှစ်နှစ် ရှိပြီမဟုတ်လား”
သမီး။“ ဟေ့- မင်းတွေ့ကရာတွေ အရမ်းမပြောနဲ့၊ ငါ--”
သား။ “အောင်မယ်၊ ဘာပြုလို့ မဟုတ်ရသလဲ။ ဟိုတစ်နေ့က---ဘာလဲ--”
အမိ။ “အလို မဟိုဒင်း၊ ညည်းက ကျောင်းကြီးဖျက် လုပ်မလို့လား၊ ကဲကဲ ညည်းအလုပ်တွေ ပြတ်တော့ကြာရင်--”

ထိုအခါ အဖေက ဝင်၍ “နင်တို့ဟာတွေ ကြားရတာ ငါနားရှက်လှသဟယ်”ဆို၍ အပြင်သို့ ထွက်သွားလေ၏။
ဤသို့လျှင် သားအမိ သားအဖ လေးယောက်၊ ငေါ့လိုက် စောင်လိုက်နှင့် “ခြောက်ပြစ်ကင်း” ဇာတ်ကို ခင်း၍ နေကြလေသတည်။

----------------------------------------------------------

ရွာမြောက်ပိုင်း
************
အထက်ကကဲ့သို့ ဖန်ခွက်ကွဲသော ဇာတ်ဖြစ်၏။ သို့ရာတွင် ကပြပုံ ပြောဆိုပုံ စာသားတို့မှာ ခြားနား၏။

သာ။ “အောင်မယ်လေး,မမရေ၊ ဖန်ခွက် ကျွန်တော့်ကြောင့် ကွဲသွားပြီ၊ ကျွန်တော်က မိမိရရ မကိုင်လိုက်မိဘူး။ ကျွန်တော် မဟန်ဘူးဗျာ”
သမီး။ ဟဲ့ဟဲ့-မောင်ကလေးရဲ့၊ မင်းအပြစ် မဟုတ်ဘူးကွဲ့၊ ငါ့အပြစ်။ ငါက အစွန်မှာ ထားခဲ့မိတယ်။ မှန်း မှန်း၊ မင်းဖယ်စမ်း၊ မင်းကို ဖန်ခွက် ကွဲတွေစူးကုန်လိမ့်မယ်။ မမကောက်လိုက်ဦးမယ်။ ငါကိုယ်က ပေါ့ပါသကွယ်”ဆို၍ ဖန်ခွက်တို့ကို ကောက်နေသည်။

မောင်ငယ်က တံမြက်စည်းနှင့်ထည့်စရာတို့ကို ယူပေး၍ အနားက ကူညီရန် စောင့်နေသည်။
အမိက ဝင်တဲ့၍“ဟဲ့ မယ်သင်ရဲ့ ညည့် အပြစ်မဟုတ်ဘူး ငါ့အပြစ်အေ့-ငါ့အပြစ် သိရဲ့လား၊ ဘုန်ကြီးကို ရေကပ်ပြီး ဖန်ခွတ်ဗီရိုထဲ ပြန်မထည့်မိဘူး ငါကလည်း မေ့တတ် လျော့တတ်လိုက်တာ လွန်ရော ဟေ့၊ ကဲကွယ်၊ ကွဲတာ ကွဲတာပေါ့။ ကွဲရင် အသစ်ရတာပေါ့”ပြုံရယ်၍ပြောလိုက်သည်။

ထိုအခါ ခေါင်းရင်၌ စာကြည့်နေသော အဖဖြစ်သူကလည်း စာအုပ်ကိုချ၍ “ဟေ့ ဒီမှာ ငါသားဟာ နမော နမဲ့ မဟုတ်ဘူး၊ ငါ့သမီးလည်း သတိကောင်းတာပဲ၊ ညည်းကလည်း မအားလို့ ပြန်မထားဖြစ်တာ။
အပြစ် မူလက ငါဖြစ်တယ် ထိရင်ကျရင် မခံတဲ့ ဖန်ခွက်ကို ဝယ်ခဲ့မိတာကိုးကွဲ့။ ကိုင်း-ဘာမှ ပြောမနေနဲ့ ငါ့ဆေးလိပ်ဖိုးထဲကစိုက်ပြီး ငါ နှီးခွက်အသစ် ဝယ်ချေမယ်။ ဟို မယ်ညို့ဆိုင်မှာ အသစ်တွေရောက်နေတယ်” ဆို၍ နှီးခွက်ဝယ်ထွက်သွားလေ၏။

(ဖြစ်ရပ်တစ်ခုတည်းပေါ်မှာ တုန့်ပြန်ပုံခြင်း ကွာခြားတဲ့ မိသားစုနှစ်စုကို ယှဉ်ပြထားတဲ့ ဦးဖိုးကျားရဲ့ ၀ထ္ထုတိုလေးပါ )

သရဘလော့မှ

(အရင်တင်ဖူးပါတယ်။ မဖတ်ရသေးတဲ့ မိတ်ဆွေများအတွက် ပြန်တင်ခြင်းပါ)

Thutazone App - http://bit.ly/2okihOC

—— —— —— ——-

ခြောက်ပြစ်ကင်း (ဦးဖိုးကျား) (Zawgyi)

Comments

Popular Posts