လမ်းလျှောက်ထွက်ရအောင်
လာပါ ...
ခေါင်းငုံ့ပြီး ငိုနေတာထက်စာရင်
မျက်ရည်သုတ်ပြီး
လမ်းလျှောက်ထွက်ရအောင်
ပတ်ဝန်းကျင်ကိုကြည့်ပါ
မင်းထက်ပိုပြီး ခက်ခဲနေတဲ့ လူတွေ
အများကြီး ရှိတယ်။
သူတို့ ဘဝအတွက်
သူတို့ စားဝတ်နေရေး အတွက်
ခက်ခက်ခဲခဲ အသည်းအသန် ရုန်းကန်
နေကြတာကို
မင်း တွေ့ရလိမ့်မယ် ။
မင်းက သူတို့လောက်
ခက်ခဲ နေတာ မဟုတ်ပါဘူး။
အနည်းဆုံးတော့
ထမင်း နပ်မှန်အောင် စားနေရသေးတယ် မဟုတ်လား ...?
လာပါ လမ်းလျှောက်ထွက်ရအောင် ....!
Comments